မွန်ဒုက္ခသည်ခလေးများနှင့်အမျိုးသမီးများ ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရ

မွန်ဒုက္ခသည်ခလေးများနှင့်အမျိုးသမီးများ ကျန်းမာရေး ပြဿနာများ ရင်ဆိုင်နေရ
by -
ကိုသိုက်
ထိုင်းမြန်မာနယ်စပ်၌ရှိသည့် ခလော့ဟနီဒုက္ခသည်စခမ်းကို တိမ်းရှောင်လာသော မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ဝန်းကျင်ဒေသမှ မွန်ဒုက္ခသည်များအတွင်း ခလေးငယ် တွေနှင့်အမျိုးသမီးများသည် ကျန်းမာရေး ဆိုင်ရာပြသနာများနှင့် စတင်ရင်ဆိုင်နေရပြီးဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ....

ထိုင်းမြန်မာနယ်စပ်၌ရှိသည့် ခလော့ဟနီဒုက္ခသည်စခမ်းကို တိမ်းရှောင်လာသော မွန်ပြည်သစ်ပါတီ ဗဟိုဌာနချုပ်ဝန်းကျင်ဒေသမှ မွန်ဒုက္ခသည်များအတွင်း ခလေးငယ် တွေနှင့်အမျိုးသမီးများသည် ကျန်းမာရေး ဆိုင်ရာပြသနာများနှင့် စတင်ရင်ဆိုင်နေရပြီးဟု ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ပြောပါသည်။

ခလော့ဟနီ ဒုက္ခသည် စခမ်းကို တိမ်းရှောင်လာသည့် မွန်ဒုက္ခသည်များသည် သောက်သုံးရေ အခက်အခဲ နှင့်ရင်ဆိုင်နေရသလိုဆိုးဝါးသည့် ရာသီဥတု အပူဒါဏ်ကို ခံနေရ သည်ဟု ဒုက္ခသည်များမှပြောပါသည်။

ယခုအချိန် တွင် ခလေးငယ်များနှင့်အမျိုးသမီးများသည် နယ်စပ်ဒေသ၏ ငှက်ဖျားရောဂါဒါဏ် စတင်ခံစားနေရပြီးဟု ကျန်းမာရေးမှူး တစ်ဦးဖြစ်သူ မွန်အမျိုးသမီး အဖွဲ့အအတွင်းရေးမှူးမိဧကရီနွန်ကိုမေးမြန်းခဲ့ရာတွင်ယခုလိုပြောသည်။

“ကျွန်မတို့ခလော့ဟနီစခမ်းမှာ (၅)နှစ်အောက်ခလေးငယ်(၁၄)ဦးလောက်ဟာ အပူအဖျားတက် နေတယ်ပေါ့နော်။ အဖျားတက်ပြီးချောင်းဆိုးနေပါတယ်။ ပြီးတော့ အမျိုးသမီး(၁၁)ဦး လောက်ကတော့ အဖျားတက်နေတယ်။ အဲဒီအထဲမှာ ကိုယ်ဝန် (၅)လလောက်ရှိတဲ့ အမျိုးသမီးတစ်ဦးကလဲပါဝင်နေပါတယ်။”

တိမ်းရှောင်လာသည့်ဒုက္ခသည်အမျိုးသမီးများထဲတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး(၉)ယောက်လောက် ရှိသည်ဟုမိဧကရီနွန်မှပြောပါသည်။ အဆိုပါဒုက္ခသည်များကို ခလော့ဟနီစာသင်ကျောင်းတွင် နေရာချထား ပေးခဲ့သောလည်း ရောက်ရှိလာသည့်လူဦးရေနှင့် အိမ်သာလုံလောက်မှုမရှိသောကြောင့် ရေရှည်တွင် ဝမ်းရောဂါအပြင် အခြားကူးစက်ရောဂါဖြစ်ပွါးနိုင်မည်ဟု မိဧကရီနွန်မှ ပြောပါသည်။

မွန်ပြည်သစ်ပါတီနှင့်စစ်အစိုးရတို့အကြား စစ်ရေးအရတင်းမာမှုမရှိသေးသော်လည်း ဒေသခံကျေးရွာ သားများသည် ၄င်းတို့အတွက်ဘေးရန်လုံခြံုမည့် နယ်စပ်ဘက်သို့ ဧပြီလ(၂၂)ရက်နေ့မှ အခုအထိ တိမ်းရှောင် ရောက်ရှိနေဆဲဟုစခမ်းကော်မီတီတစ်ဦးမှပြောပါသည်။ ရောက်ရှိလာသောဒုက္ခသည်ရွာသားများကို မွန်ကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေး ကော်မီတီနှင့် နယ်မြေခံNGO အဖွဲ့များမှ လိုအပ်သောအစားအစာ ဆေးဝါးများကို ကူညီပံ့ပိုး နေသော်လည်း လုံလောက်မှုမရှိသေးဟု ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးမှပြောပါသည်။ ယခုလို ရာသီဥတု ကူးပြောင်းသည့်ကာလတွင် အမျိုးသမီးများနှင့့်ခလေးများအတွက် ရေရှည်တွင် ကူးစက်ရောဂါဒါဏ်တွေကို ဆိုးရွားစွာ ခံနေရအုံးမည်ဟု ကျန်းမာရေးမှူးတစ်ဦးဖြစ်သူ မွန်အမျိုးသမီးအဖွဲ့၏ အတွင်းရေးမှူး မိဧကရီနွန်မှ ပြောပါသည်။

Most read this week