လာမည့်အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံမည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ သည် ဧပြီလ(ရ)ရက်နေ့ မော်လမြိုင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မကြာမီ နိုင်ငံရေးပါတီမှတ်ပုံတင်ပြုလုပ်တော့မည်ဟု အဖွဲ့ခေါင်းဆောင်တစ်ဦးမှ ပြောပါသည်။
“ ကျွန်တော်တို့က ဧပြီလ(၇)ရက်နေ့မှာ အစည်းအဝေးကျင်းပခဲ့ပြီး ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ခဲ့ပါ ပြီး။ လောလောဆယ်ဆယ်တော့ ကော်မီတီဝင်(၂၅)ဦး ပဏာမ ရွေးချယ်ပြီးပါပြီး။ ရွေးကောက်ပွဲကော်မရှင်မှာ စာရင်း တင်ဖို့ ကော်မီတီ(၁၅)ဦးကိုတော့ သင်္ကြန်လွန်မှ အစည်းအဝေးမှာ ဆန်ကာတင်ရွေးချယ်မှာဖြစ်ပါတယ်။”
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမရှိဟုဆုံးဖြတ်ထားသော မွန်ဒီမိုက ရက်တစ်ပါတီမှ အမြင်မတူသူများအပါအဝင် အခြားသော တတ်သိ ပညာရှင်များ နိုင်ငံရေးသမားများနှင့် အသစ် တဖန်စုဖွဲ့ခဲ့သည်ဟုအဆိုပါအဖွဲ့ခေါင်းဆောင်မှဆိုပါသည်။
အသစ်ဖွဲ့စည်းထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတွင် ယခုလောလောဆယ်ဆယ်၌ အငြိမ်း စားပြည်နယ် ပညာရေးမှူး နိုင်ငွေသိန်း(နိုင်ဂျနူမွန်)မှ အဖွဲ့ ခေါင်းဆောင် အဖြစ်တာဝန်ယူထားပြီး ဒုခေါင်းဆောင် မှာ ဒေါက်တာမင်းလှအောင် (တိ၊မွေး၊ကု)ဖြစ်သည်ဟုဆိုသည်။
မွန်တမျိုးသားလုံးကိုကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတစ်ရပ်ရှိဖို့လိုတယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ အဲဒီ လိုအပ်ချက်တွေကိုအစားထိုးဖြည့်စွက်နိုင်ဖို့ နိုင်ငံရေးပါတီသစ် တခုကို ဖွဲ့ရတာပါ ဟု ပါတီကော်မီတီဝင်တစ်ဦးမှ ကောင်းဝါသတင်းဌာနကိုပြောပါသည်။
ယမန်နှစ် ဇွန်လ(၂၉)ရက်နေ့တွင်ဖွဲ့စည်းခဲ့သော မွန်ဒီမိုကရက်တစ်ပါတီမှာ ရွေးကောက်ပွဲကိုဆန့်ကျင် သွားပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းမပြုတော့ဟု ပြီးခဲ့သည့်ပါတီ အစည်းဝေးတွင် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ယခုအသစ်ဖွဲ့စည်းထားသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှာ ခြားနားသောအမြင်ရှိသူများနှင့် စုဖွဲ့ထားပြီး နိုင်ငံရေး ပါတီမှတ်ပုံတင်ကာ ရွေးကောက်ပွဲတွင်ဝင်ရောက်မည်ဟု ပါတီကော်မီတီဝင်တစ်ဦးမှ ပြောပါသည်။