အဖမ်းဆီးခံ မွန်ရဟန်းပျို ရန်ကုန်ဘက်သို့ ပို့လိုက်ပြီ

အဖမ်းဆီးခံ မွန်ရဟန်းပျို ရန်ကုန်ဘက်သို့ ပို့လိုက်ပြီ
by -
မင်းထက်အောင်
မွန်ရဟန်းပျိုတစ်ပါးဖြစ်သည့် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်အား လွန်ခဲ့ သည့် ဇန်နဝါရီလ (၇)ရက်နေ့တွင် မြန်မာစစ်ထောက်လှမ်းရေးနှင့်ရဲများ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ စစ်ကြောရေးစခန်းတစ်ခုခုသို့ ရောက်ရှိနေသည်ဟု ယူဆရကြောင်း...

မွန်ရဟန်းပျိုတစ်ပါးဖြစ်သည့် အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်အား လွန်ခဲ့ သည့် ဇန်နဝါရီလ (၇)ရက်နေ့တွင် မြန်မာစစ်ထောက်လှမ်းရေးနှင့်ရဲများ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ယမန်နေ့က ရန်ကုန်မြို့အနီးတစ်ဝိုက်ရှိ စစ်ကြောရေးစခန်းတစ်ခုခုသို့ ရောက်ရှိနေသည်ဟု ယူဆရကြောင်း ထိုင်းနယ်စပ်သို့ ရောက်ရှိလာသော မွန်ရဟန်းပျို တစ်ပါးက ပြောပါသည်။

“မနေ့က မော်လမြိုင်ကနေ ရန်ကုန်ကို ခေါ်သွားတယ်၊ လူဝတ်လဲလိုက်ပြီလို့ သိရတယ်၊ ကျန်းမာရေးအခြေအနေ ကြောင့်တော့ မဖြစ်နိုင်ပါဘူး၊ စစ်ထောက်လှမ်းရေးတွေလက်ထဲ ရောက်နေတဲ့ သူ့ကွန်ပျူတာမှာလည်း အရေးကြီး တဲ့မှတ်တမ်းတွေ ရှိနေတယ်”

အဆိုပါမွန်ရဟန်းတော်၏ အဆိုအရ ဦးဇင်းဇော်လတ်သည် လွန်ခဲ့သည့် နှစ်သစ်ကူးညတွင် မွန်ပြည်နယ်ဒေသ အချို့၌ ဖြစ်ပေါ်ခဲ့သော၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်နိုင်ဖွယ်ရှိသည်ဟု ယူဆပြောဆိုပါသည်။

လွန်ခဲ့သည့် နှစ်သစ်ကူးညတွင် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက္ခမီစသည့်မြို့များရှိ မော်တော်ကားလမ်းမ များပေါ်တွင် နေရာ (၉)ခုထက်မနည်း No 2010 ကြက်ခြေခတ် အမှတ်အသား စပရေးဆေးဗူးများဖြင့် ရေးသားလှုပ် ရှားခဲ့မှုကို ပြည်ပအခြေစိုက် သတင်းဌာနများ၌ ဓါတ်ပုံနှင့်တကွ ဖေါ်ပြခဲ့သည်ကို တွေ့ရှိနိုင်သည်။

သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ကျုံ ကရုတ်ရွာအထွက်လမ်းမတွင် ရဲနှင့်ထောက်လှမ်းရေးများ စောင့်ဆိုင်းဖမ်း ဆီးနေစဉ် လိုက်ပါစီးနင်းလာသော မော်တော် ဆိုင်ကယ်မှ ဦးဇင်းဇော်လတ် ပြေးဆင်းကာ အသိအိမ်တစ်အိမ်သို့ တက်ရောက်ခိုလှုံစဉ် ဖမ်းဆီးမိခဲ့သည်ဟု ဆိုပါသည်။

ဖမ်းဆီးခံရစဉ်တွင် ဒစ်ဂျစ်တယ်ဗီဒီယို၊ ဓါတ်ပုံကင်မရာတွေအပြင် ခရီးဆောင်ကွန်ပျူတာတစ်လုံးလည်း ပါဝင်ခဲ့ သည်ဟု ဆိုပါသည်။ ထို့အပြင် နောက်တစ်နေ့တွင် ဦးဇင်းဇော်လတ် သီတင်းသုံးရာ မုဒုံမြို့နယ်၊ နိုင်လှုံရွာရှိ အောင်ဇေယျကျောင်းတိုက်၌ ကွန်ပျူတာဆက်စပ်အပိုပစ္စည်းများကိုလည်း အာဏာပိုင်တို့ လာရောက်သိမ်းဆည်း ခဲ့ပြန်သည်။ သူသည် အဆိုပါမွန်ပရိယတ္တိစာသင်တိုက်တွင် စာချဆရာတော်ငယ် တစ်ပါးဟု သိရသည်။

ဖမ်းဆီးခံနေရစဉ် ပထမနေ့၌ သံဖြူဇရပ်မြို့ စရဖရုံးမှစစ်ကြောရေးများပြုလုပ်ခဲ့ရာ နောက်တစ်ရက်တွင် ဦးဇင်း ဇော်လတ်သည် မေ့မျောဝေဒနာခံစားရပြီး မော်လမြိုင် ဆေးရုံ၌ အတွင်းလူနာအဖြစ် သီးသန့်ဆောင်တစ်ခုတွင် ကုသခံခဲ့ရသည်။

ဦးဇင်းဇော်လတ်သည် မွန်စာပေနှင့်ယဉ်ကျေးမှုလှုပ်ရှားရေးများတွင် ဗီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်သူတစ်ဦး ဖြစ်ကာ မွန်လူငယ်အသိုင်းအဝိုင်းတွင် လူသိ များသူဖြစ်သည်။ အသက် (၂၈) နှစ်ခန့်ရှိ အသျှင်အဇ္ဇခေါ် ဦးဇင်းဇော်လတ်ဇာတိမှာ မွန်ပြည်နယ်၊ ဘီလူးကျွန်းချောင်းဆုံမြို့နယ်၊ မုဒွန်းရွာဖြစ်သည်။ မွေးချင်းမောင်နှမများအနက် သားအကြီးဆုံးဖြစ်၍ မိခင်မှာလည်းကွယ်လွန်ခဲ့ပြီး ဖခင်မှာ စိတ်ဝေဒနာသည် တစ်ဦးဖြစ်နေသည်။

စုံစမ်းမေးမြန်းချက်များအရ ဆွေမျိုးညာတိများနှင့် ကင်းကွာနေသည့်အတွက် ဦးဇင်းဇော်လတ် အမှုကိစ္စကို နောက် မှလိုက်လံဆောင်ရွက်ပေးနေသူ ရှိမရှိကိုမည်သူမှမသိ ဖြစ်နေကြရသည်။