မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီး

မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ပြီး
by -
စန္ဒာမွန်
ထိုင်းနိုင်ငံရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား(၄ဝဝ)ကျော်ခန့်သည် နိုဝင်ဘာ(၂)ရက်နေ့တွင် ယာယီ နိုင်ငံကူးလက်မှတ်များ လုပ်ဆောင်နေကြသည်ဟု ဒေသခံတစ်ဦးက ပြော ...

ကောင်းဝါ(ဒီဇင်ဘာ- ၂)။    ။ ထိုင်းနိုင်ငံရနောင်းမြို့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား(၄ဝဝ)ကျော်ခန့်သည် နိုဝင်ဘာ (၂) ရက်နေ့တွင် ယာယီ နိုင်ငံကူးလက်မှတ်များ လုပ်ဆောင်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အဆိုပါ နိုင်ငံကူးလက်မှတ်များကို ရနောင်းမြို့အလုပ်သမား နိုင်ငံကူး ထုတ်ပေးရေးရုံးမှပြုလုပ်ပေးခြင်းဖြစ်ပြီး တစ်ယောက်လျှင် ဘတ်ငွေ (၉ဝဝဝ) ကျသင့်သည်ဟု ဆိုပါသည်။

မြန်မာနဲ့ထိုင်းအစိုးရတို့ နှစ်နိုင်ငံသဘောတူညီချက်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ထိုင်းနိုင်ငံအတွင်းတရား ဝင်အလုပ်လုပ်နိုင်ရန်အတွက် မြဝတီ၊ တာချီလိတ၊် ကော့သောင်း အစရှိသောနယ်စပ်မြို့များတွင် ယာယီနိုင်ငံကူး လက်မှတ်များ လုပ်ဆောင်ပေးနေသည်ဟု ဆိုပါသည်။  

ထိုင်းအစိုးရအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြရန်နှင့် အလုပ်သမားတွေကို လက်ခံထားသည့်အလုပ်ရှင်တွေကိုလည်း မိမိရဲ့အလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်မလုပ်လျှင် ဒါဏ်ငွေ တပ်ပြီးအရေးယူမည်ဟု ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်ပါသည်။ ရနောင်းမြို ့အတွင်းအလုပ်လုပ်နေသည့် အလုပ်သမားများကို ထိုင်းလုပ်ငန်းရှင်များက နိုင်ငံကူးလက်မှတ် လုပ်ခိုင်းသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။ အချို့အလုပ်သမားများမှာ အလုပ်သမားကာဒ် မလုပ်ရဲကြသဖြင့်နေရပ်ကို ခိုးပြန်ခဲ့သူများလည်း ရှိသည်ဟုဆို၏။

မွန်ပြည်နယ် ရေးမြီု့နေအလုပ်သမားတစ်ဦး ပြောတာကတော့ “အစကကြားတာကတော့ ဒီထိုင်းနိုင်ငံမှာ လုပ်ခိ်ုင်း တာ၊ ဒါဆိုသူတို့ မပြန်ဘူး နိုင်ငံကူးလက်မှတ်ရိုက်မယ်လို့ စဉ်းစားထားတယ်။ သူဌေးကလည်း စာရင်းသွင်းထားပေး တယ်။ ငွေထုတ်ထားပေးတယ်။အခုကျတော့ ထိုင်းမှာမလုပ်ပဲ ရနောင်း၊ ကော့သောင်း၊ မှာလုပ်ခိုင်းတယ်ကြားလို့ သူတို့မလုပ်ရဲဘူး" ဟုဆို၏။

ထိုင်းနိုင်ငံကိုရောက်လာကြသော မြန်မာရွေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူး လက်မှတ်တွေလုပ် ဆောင်မှုနှင့်ပက်သက်ပြီး ထိုင်းအခြေစိုက်ရွေ့ပြောင်းအလုပ်သမားများ ဖွံဖြိုးတိုးတက်ရေး အစီအစဉ်တာဝန်ခံ ကိုမိုးဝေက အခုလိုပြောပါသည်။

ကျွန်တော်တို့အလုပ်သမား အနေနဲ့တော်တော်များများစိတ်ဝင်စားပြီး မေးလာတာလဲရှိတယ်။ ဒီအလုပ်သမားလက် မှတ်လေးလုပ်ခြင်းအားဖြင့် တချို့သေသေချာချာသိသွားတဲ့လူတွေဆိုရင် တကယ်ဘဲ သွားလုပ်တာ(၂၈၇၂)ဦးရှိ သွားပြီး။ အခုအဲဒီလိုလုပ်တာ အကျိုးကျေးဇူးကတော့ ကျွန်တော်တို့ထိုင်းနိုင်ငံမှာ တရားမဝင်တဲ့နေရာကနေ ကျွန်တော် တို့တရားဝင်ဖြစ်သွားမယ်။ လူကုန်ကူးမှုတွေကျသွားမယ်။ နောက်တခုက မူးယစ်ဆေးဝါးနဲ့ပက်သက်ပြီးတော့အများ အပြား နည်းသွားမှာပေါ့။  

ထိုင်းအစိုးရအနေနှင့် ရွှေ့ပြောင်းအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြဘို့ ကြေညာချက် ထုတ်ပြန် ထားတာရှိသလို အလုပ်သမားတွေကိုလက်ခံထားတဲ့ အလုပ်ရှင်တွေကိုလည်း မိမိရဲ့အလုပ်သမားတွေ ယာယီနိုင်ငံ ကူးလက်မှတ်မလုပ်လျှင် ဒါဏ်ငွေတပ်ပြီးအရေးယူမည်ဟု ထုတ်ပြန်ထားပါသည်။

ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံအစိုးရတို့ သဘောတူညီထားသော ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်မည့် အစီအစဉ်သည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေကြားတွင် လတ်တလောအခြေအနေအရ မယုံကြည်မှုတွေ စိုးရိမ် ကြောင့်ကျမှု အခြေအနေတွေ ရှိနေဆဲဖြစ်နေတယ်လို့ ဆိုပါသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေအတွက် နှစ်သန်းလောက်ရှိတယ်လို့ ဆိုထားသောကြောင့် လက်ရှိနိုင်ငံကူးလက်မှတ် လုပ်ပြီးတဲ့အရေအတွက်နဲ့စာလျှင် နည်းပါးနေသေးသည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများမှ ဆိုပါသည်။