ကောင်းဝါ(နိုင်ဝင်ဘာ- ၃၀)။ ။ ထိုင်းနိုင်ငံ မြန်မာနယ်စပ် ရနောင်းဒေသရှိ ပြည့်တန်ဆာရုံ (၂) ရုံမှ မွန်တိုင်းရင်း သူအမျိုးသမီးငယ် ၃၂ ယောက်အား နိုဝင်ဘာလ ၂၈ ရက်ညပိုင်းတွင် ထပ်မံကယ်တင်နိုင်ခဲ့ကြောင်း စေတနာဝန် ထမ်းကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှ ပါဝင်လှုပ်ရှားနေသူ မွန်ဆရာတော်တစ်ပါးက မြွက်ကြားပြောဆိုခဲ့သည်။
“အဲဒီပြည်တန်ဆာရုံရှင်နဲ့ အပေးအယူလုပ်ပြီး ၂၈ ယောက်ကိုရခဲ့တယ်၊ အခြားရုံက ၄ ယောက်ကိုတော့ ခိုးထုတ်ခဲ့ ရတယ်” ဟု မွန်ဆရာတော်နှင့် ကောင်းဝါသတင်းဌာနတို့ တွေ့ဆုံစဉ် ရှင်းလင်းမြွက်ကြားခဲ့သည်။
အဆိုပါ စေတနာဝန်ထမ်းကယ်ဆယ်ရေးအဖွဲ့သည် ပြန်လည်လွတ်မြောက်လာသော မိန်းခလေးများအား သက်ဆိုင် ရာမိဘဆွေမျိုးများထံ အဆက်အသွယ်ပြုလုပ်ပေးခဲ့ပြီး ကာယကံရှင်များဆန္ဒအရ သွားလိုသည့်နေရာများသို့ လုံခြုံမှု ရှိစေရန် လိုက်လံပို့ဆောင်ပေးခဲ့ကြပြီးဖြစ်သည်။
အရောင်းစားခံ မိန်းခလေးများစုမှာ မွန်ပြည်နယ်တောင်ပိုင်း မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်မှဖြစ်ကြပြီး ယခုလဆန်း ပိုင်း၌ ရနောင်းဖက်ရှိ လူပို့သည့် ထိုင်းလူမျိုးပွဲစားများက ပြည့်တန်ဆာရုံကို ရောင်းချခဲ့သည်ဟု မေးမြန်းချက်အရ သိရသည်။
ယခုကဲ့သို့အစုလိုက်အပြုံလိုက် အရောင်းစားခံနေခဲ့ရသည်ကို မွန်ပြည်နယ်ရှိ မိဘဆွေမျိုးများ မသိခဲ့ကြဟု ဆိုပါသည်။ အလားတူ မွန်ပြည်နယ်ရှိ ဒေသခံပွဲစားများလည်း သိရှိနိုင်မည်မဟုတ်ဟု ယူဆရသည်။
၄င်းကယ်တင်ရေးအဖွဲ့သည် လွန်ခဲ့တဲ့နိုင်ဝင်ဘာလ (၂၄) ရက်နေ့တွင်လည်း မွန်အမျိုးသမီးငယ်(၅၈) ယောက် အား ကယ်တင်နိုင်ခဲ့ရာ (၁၂) ယောက်မှာ AIDS ရောဂါ အပြင်းအထန်ဝေဒနာခံစားနေကြရသူများ ဖြစ်နေသည်။
AIDS ရောဂါ အပြင်းအထန် ဝေဒနာခံစားနေကြရသူများအနက် ၅ ယောက်မှာ ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင် ဆေးရုံတစ်ရုံ၌ ဆေးကုသပေးနေစဉ် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။ ၄ ယောက်မှာ ဝေဒနာသက်သာသဖြင့် နယ်စပ်တစ်နေရာသို့ ပြောင်းရွေ့သွားပြီး ၃ ဦးမှာဆေးရုံတွင် ကုသခံနေရဆဲဟု ကယ်တင်ရေးအဖွဲ့ဝင် ကိုမင်းပိုင်က ကောင်းဝါသတင်းသို့ ပြောကြားခဲ့သည်။
အရောင်းစားခံ မိန်းခလေးငယ်များအား ကယ်တင်နေသော စေတနာ့ဝန်ထမ်းလူမှုရေးအဖွဲ့သည် ဗန်ကောက်မြို့ အနီးတဝိုက် မဟာချိုင်၊ ရနောင်း၊ ဟတ်ယိုင်ဒေသများတွင် လှုပ်ရှားနေကြပြီး ထိုင်းနိုင်ငံသားများက ဦးဆောင်နေ သည်ဟု သိရသည်။ ထို့အပြင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ မွန်ဘုန်းတော်ကြီးများလည်းပါဝင်သည်ဟု ၄င်းတို့ပြောပြချက်အရ သိရသည်။