KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်း ပေါက်ကြား

KNU နှင့် DKBA လှို့ဝှက်ဆွေးနွေးသတင်း ပေါက်ကြား
KNU ကရင်အမျိုးသားအစည်းအရုံးနှင့် DKBA တိုးတက်သောကရင်ဗုဒ္ဓဘာ သာအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ထိုင်းနိုင်ငံတစ်နေရာ၌ လှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်နေ ...

ကောင်းဝါ(အောက်တိုဘာ-၂၀)။     ။ KNU ကရင်အမျိုးသားအစည်းအရုံးနှင့် DKBA တိုးတက်သောကရင်ဗုဒ္ဓဘာ သာအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်များ ထိုင်းနိုင်ငံတစ်နေရာ၌ လှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သတင်းတစ် ရပ်ပေါက်ကြားခဲ့သည်။

အောက်တိုဘာ ၁၉ ရက်နေ့ ဒီဗွီဘီသတင်းထုတ်လွှင့်ချက်၌ ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့ပြန်လည်ပေါင်းစည်း ရေးခေါင်းစဉ်ဖြင့် သတင်းဖေါ်ပြခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

ဒီကေဘီအေမှ မြိုင်ကြီးငူဆရာတော် ဦးသုဇန၊ ကေအဲန်ယူဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူးတူးဆေးဖိုးတို့ကိုယ်တိုင် ဆွေးနွေးကြသည်ဟု ယင်းသတင်း၌ ဖေါ်ပြထားသည်။

အဆိုပါလှို့ဝှက်ဆွေးနွေးနေမှုကို သတင်းမရေးသားရန် DKBA မှအမည်မဖေါ်လိုသူ အဆင့်မြင့်အရာရှိတစ်ဦက ကောင်းဝါသတင်းဌာနသို့ ပန်ကြားချက်နှင့်အတူ ယမန်နေ့တွင် သတိပေးစကားတစ်ရပ် ဆက်သွယ်ပြောကြားလာ ခဲ့သည်။

“ KNU ရော DKBA ပါ ဒီသတင်းမပေါက်ကြားဖို့ကတိပြုထားကြတယ်၊ အခုလိုသတင်းပေါက်ကြားသွား တော့တစ်ဖက်နဲ့တစ်ဖက် သံသယရှိလာကြတယ်၊ လူကြီးတွေကတိစကား ပျက်နေသလိုဖြစ်သွားတယ် ” အဆိုပါ ဒီကေအရာရှိက ပြောကြားခဲ့သည်။

ထို့နောက် “ ကျနော်တို့က စစ်အစိုးရလက်အောက်မှာ နေနေရတယ်၊ သတင်းကိုကြိုက်သလို ဖေါ်ပြလို့ မရဖူး၊ ဒီကေဘီအေမှာ ဆက်ဆံရေးမှူးတွေ၊ ဆက်ဆံရေးရုံးတွေ အဖျက်ခံထားရတယ်၊ သတင်းကိုပြန် ကြားလို့ မရဘူး ” ဟုလည်း ပြောကြားပြန်သည်။

နှစ်ဖက်အဖွဲ့အစည်းအတွင်း စတင်ဆွေးနွေးမှုဖြစ်သဖြင့် ချက်ချင်းအဖြေထုတ်နိုင်မည် မဟုတ်သေးဟု မိမိထင်မြင် ယူဆကြောင်း အဆိုပါဒီကေဘီအေအရာရှိက ဆက်လက်ပြောကြားပါသည်။
“ ကွဲသွားတာကလွယ်ပေမယ့် ပြန်ပေါင်းနိုင်ဖို့က အတော်လေးစကားပြောကြရမယ် ” ဟုလည်း ၄င်းက သုံးသပ်ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၂၉ ရက်၌ မြိုင်ကြီးငူအထူးဒေသမှ ဆရာတော်ဦးသုဇန၏ ကေအဲန်ယူ၊ ဒီကေဘီအေ နှစ်ဖက်တပ်ဖွဲ့များ လာမည့်ကရင်နှစ်သစ်ကူးနေ့ (ပြာသိုလဆန်း ၁ ရက်) မတိုင်မှီတွင် အပစ်အခတ်ရပ်စဲကြရန် ပန်ကြားစာတစ်စောင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက် အောက်တိုဘာ ၃ ရက်နေ့၌ ကေအဲန်ယူတပ်မဟာ ၆ ဥက္ကဌ စောရွှေမောင်းကလည်း နှစ်ဖက်တပ်ဖွဲ့များ အပစ်အခတ်ရပ်စဲနိုင်ရန် ဆရာတော်ဦးသုဇနက ဦးဆောင် ကမကထ ပြုပေးပါရန် မေတ္တာရပ်ခံစာတစ်စောင်ရေး သားပေးပို့ခဲ့ပြီး ဖြစ်ပေါ်လာသော ရလာဒ်များပင် ဖြစ်သည်။

ဒီကေဘီအေ အသက်ကြီးထိပ်ပိုင်းခေါင်းဆောင်အချို့သည် စစ်အစိုးရအား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းပေး မည်ဟု ကတိပေးထားပြီးဖြစ်သည်။ ထို့ကြောင့် မကြာမီတွင် ပင်စင်နှင့်ထောက်ပံ့မျိုးမျိုးဖြင့် အနားယူကြရတော့မည် ဖြစ်သည်။

ဒီကေဘီအေတပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ အကယ်၍ပြောင်းလဲဖြစ်မည်ဆိုလျှင် မူလတိုင်းရင်းသားတပ်ဖွဲ့အမည် ပျောက်ပျက်သွားပြီး စစ်အစိုးရ၏ကြေးစားတပ်ဖွဲ့များဖြစ်သွားရပါမည်။ ထို့အတူ စစ်အစိုးရတပ်ဖွဲ့များ အမိန့်ပေးမှုကို မလွဲမသွေနာခံသွားရမည်ဖြစ်ပြီး  ဝေးလံခေါင်ဖျားသော အခြားတိုင်းရင်းသားအရပ်ဒေသများသို့ ပို့ဆောင်ခြင်းခံရ မည်ကို တပ်ဖွဲ့ဝင်များအတွင်း စိုးရိမ်စိတ်များဖြစ်ပေါ်နေသည်ကို ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့နှင့် ဆွေးနွေးချက်များ အရ သိရှိနေရသည်။