ဘုရားသုံးဆူဒေသရှိ ဒီကေဘီအေ ဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ ထုတ်ပြချက်ကို လက်ခံ

ဘုရားသုံးဆူဒေသရှိ ဒီကေဘီအေ ဗိုလ်မှူးက ဆရာတော်ဦးသုဇန၏ ထုတ်ပြချက်ကို လက်ခံ
စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သော မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တ သုဇန၏ KNU, DKBA နှစ်ဖက်တပ်ဖွဲ့ထံ ပန်ကြားချက်ကို ဘုရားသုံးဆူမြို့ရှိ ဒီကေဘီအေ ဗိုလ်မှူး စိုးမိုးက လက်ခံ ...

စံခလပူရီ(စက်တင်ဘာ-၁)။     ။ စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့သော မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တ သုဇန၏ KNU, DKBA နှစ်ဖက်တပ်ဖွဲ့ထံ ပန်ကြားချက်ကို ဘုရားသုံးဆူမြို့ရှိ ဒီကေဘီအေ ဗိုလ်မှူး စိုးမိုးက လက်ခံကြောင်း ယနေ့ ဆက်သွယ် မေးမြန်းမှုတွင် ပြောကြားခဲ့သည်။

ဗိုလ်မှူးစိုးမိုးက “ဆရာတော်ပြောတဲ့အတိုင်း တစ်ဖက်နဲ့တစ်ဖက် မပစ်ခတ်ကြဖို့ ဆိုတာ ကောင်းတောပေါ့” ထည့်သွင်း ပြောကြားခဲ့ပါသည်။

“ကိုယ်အမျိုးသား အချင်းချင်ပဲ၊ အခုပစ်ခတ်နေကြတာ ဘာရည်ရွယ်ချက်လည်း ရှိတာမဟုတ်ပါဘူး၊ ကျနော်တို့ ကရင်အချင်းချင်းက ပါဝါပြပွဲနဲ့ အာဏာလုပွဲဘဲ လုပ်နေကြတယ်၊ ညီညွတ်မှု မရှိကြလို့ ဖြစ်ရတာပါ” ဟု ဆက်လက် ပြောကြားပါသည်။

ဒီကေဘီအေပေါ်ပေါက်လာရခြင်းမှာ ဖြစ်ချိန်ပျက်ချိန်တန်၍ သမိုး၏တောင်းဆိုချက်အရဖြစ်ပေါ်ခဲ့ရသည်ဟု ဆရာတော်၏ အဆိုပါပန်ကြားစာတွင် ဖေါ်ပြခဲ့သည်ကို ဖတ်ရှုခဲ့ရသည်။

ဆရာတော်၏နောက်ဆုံးတိုက်တွန်းချက်တစ်ရပ်မှာ နှစ်ဖက်တပ်ဖွဲ့တို့သည် ဖြစ်ပေါ်ခဲ့သောအတိတ်မှ ဆိုးကျိုးများကို သင်ခန်းစာယူကြ၍ သင်ပုန်းချေကြကာ လာမည့်ကရင်နှစ်သစ်ကူးမတိုင်မီ နှစ်ဖက်ပြေလည်သည်အထိ ညှိနှိုင်းဖြေရှင်းသွားကြရန် ဖေါ်ပြထားသည်။

KNU အရာရှိများထံ ဆက်သွယ်ရန်ကြိုးစားခဲ့သောလည်း ဖုန်းများပိတ်ထားကြသည်။

တပ်မဟာ ၆ ပြန်ကြားရေးအရာရှိ ဗဒိုစောထဲနေအဆိုအရ “တပ်မဟာ ၆ နဲ့ဒီကေဘီအေ ဘာပစ်ခတ်မှုမှလည်းမရှိခဲ့ကြဘူး၊ ကျနော်တို့အောက်ခြေအချင်းချင်းနားလည်မှုရှိကြတယ်” ဟုဆိုပါသည်။

၁၉၉၅ ခုနှစ်ခန့်၌  KNU အဖွဲ့အစည်းအတွင်း ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို အခြေခံပြီး ဒီကေဘီအေတပ်ဖွဲ့အဖြစ် ကွဲထွက်လာကာ မြန်မာစစ်အစိုးရနှင့်ပူးပေါင်းခဲ့သည်။

Monk-letter-to-DKBA