ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များ စုဆောင်း

ကျိုက်မရောမြို့နယ်တွင် ရဲတပ်သားသစ်များ စုဆောင်း
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ လူငယ်များကို ရဲတပ်ဖွဲ့သို့ဝင် ရောက်ရန် သက်ဆိုင်ရာစခန်းမှူးများက လိုက်လံစည်းရုံးနေကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းမှုအရသိ ရ ...

မော်လမြိုင်(စက်တင်ဘာ၊၂၁)။    ။ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ လူငယ်များကို ရဲတပ်ဖွဲ့သို့ဝင် ရောက်ရန် သက်ဆိုင်ရာစခန်းမှူးများက လိုက်လံစည်းရုံးနေကြောင်း ဒေသခံများနှင့် ဆက်သွယ်မေးမြန်းမှုအရသိ ရသည်။

ကျေးရွာတရွာလျှင် အနည်းဆုံးရဲတပ်သားသစ် တယောက်ကျနှုန်း စုဆောင်းပေးရန် ယခုစက်တင်ဘာလ ဒုတိယ အပါတ်ခန့်က မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ညွှန်ကြားထားသည်ဟု ဆိုကြပါသည်။ အဆိုပါ ရဲတပ်သားသစ် အရည်အချင်းမှာ အသက်(၁၆) နှစ်ပြည့်သူဖြစ်ပြီး ပညာအရည်အချင်း အလယ်တန်းအဆင့် အောင်မြင်သူဖြစ်ရ မည်။ အရပ် အမောင်း(၅)ပေကျော်ပြည့်မီရပြီး (၁၅)ရက်ခန့် သင်တန်းတက်ရမည်ဟု ကျိုက်မရောမြို့နယ်၊ မသီယို ကျေးရွာရယက အဖွဲ့ဝင်တစ်ဦးကပြောကြားခဲ့သည်။

ရဲတပ်သားသစ်များ စည်းရုံးနိုင်ရေးအတွက် စကားပြောစက်များကိုင်ခွင့်ပေးထားသော သတင်းပေးများက ချဲဒိုင်၊ ဘော်လုံးပွဲဒိုင်၊ လူကုန်ကူးသူပွဲစားများထံမှ ရဲရံပုံငွေကောက်ခံရန် တာဝန်ပေးထားကြသည်ဟု တရနာကျေးရွာနေ ရွာသားတစ်ဦးက ကောင်းဝါသတင်းဌာနကို ပြောဆိုခဲ့သည်။

အဆိုပါရဲများမှာ အမှုထမ်းသက်တန်း(၅)နှစ်ပြည့်လျှင် မိမိကျေးရွာရှိ ရဲစခန်းတွင် ပြန်လည်တာဝန်ပေးမည်ဟု လေ သံဖြင့်လမ်းကြောင်းပေးထားသောကြောင့် အလုပ်လက်မဲ့လူငယ်အချို့ ရဲတပ်ဖွဲ့သို့ ဆက်သွယ်စာရင်းပေးဝင်ရောက် လာသည်ဟု ဒေသခံများပြောကြားခဲ့သည်။

နအဖသည် စစ်တပ်အတွက် တပ်သားသစ်များ အတင်းအကြပ်စုဆောင်းနေသည်သာမက ယခုအခါ ရဲတပ်သား သစ်များကိုလည်း လိုက်လံအင်အားဖြည့်တင်းနေသည်။

အထူးသဖြင့် ဒေသခံမွန်လူမျိုးအများစုမှာ လစာအလွန်နည်းပါးသည့် စစ်သားနှင့် အကျင့်ပျက်ရဲသားများဘဝတို့ကို မနှစ်သက်ကြသဖြင့် ဝင်ရောက်မလုပ်ကိုင်ကြပေ။ နောက်ပိုင်း၌ အခြားတိုင်းနှင့် ပြည်နယ်များမှ ဝင်ရောက်နေထိုင် အလုပ်လုပ်ကိုင်လာကြသူများက ဒေသခံများအပေါ် အာဏာအထိုက်အလျှောက်လွှမ်းမိုးလာနိုင်ရန် မီးသတ်၊ ကြံ့ဖွတ်၊ ဆယ်အိမ်ခေါင်း၊ အရန်ရဲ စသဖြင့် မွန်ဒေသအနှံ့အပြားတွင် ဝင်ရောက်နေရာယူလာနေသည်ကို တွေ့ရှိ နေရ၏။

Most read this week