စံခလပူရီ(စက်တင်ဘာ-၄)i။ - ။ ဒီကေဘီအေ စောနော်တယာ စစ်ကြောင်း ဘုရားသုံးဆူဒေသအနီးရှိ မဲကသာရွာ သို့ ဝင်ရောက်လာပြီးနောက် ယမန်နေ့တွင် နအဖစစ်ကြောင်းတစ်ကြောင်း ၄င်းရွာအနီးသို့ ထပ်မံရောက်ရှိလာရာ ရွာသားအချို့ အခြားနေရာများသို့ မသိမသာပြောင်းရွေ့ထွက်ခွာနေကြကြောင်း ဆက်သွယ်မေးမြန်မှုများအရ သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နအဖစစ်ကြောင်းမှာ ဘုရားသုံးဆူမြို့၌ အခြေပြုလျှက်ရှိသော ခမရ ၂၈၃ မှ ဗိုလ်ကြီး အောင်သန်းဝင်း ဦးစီးအင်အား ၃၀ ခန့်တပ်ခွဲတစ်ခွဲဟု ယူဆရကြောင်း၊ မဲကသာချောင်းတစ်ဝိုက်၌ လှုပ်ရှားနေကြ ကြောင်း KNU တပ်မဟာ ၆ ပြောခွင့်ရ အရာရှိတစ်ဦးက ဆိုပါသည်။
KNU တပ်မဟာ၆ တပ်ဖွဲ့သည် DKBA တပ်ဖွဲ့ဝင်ရောက်လာမှုကို တစ်စုံတစ်ရာ အနှောက်အယှက် မပြုသေးသော် လည်း မြန်မာစစ်အစိုးရတပ်ဖွဲ့များ ယခုကဲ့သို့ဝင်ရောက်လာမှုအပေါ် အဆိုပါတပ်ဖွဲ့များ အကြား မကြာမီတွင် တိုက်ပွဲစတင်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဒေသခံများ ယူဆနေကြသည်။
မဲကသာသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာသော DKBA အမှတ် ၉၀၇ တပ်ရင်းမှူး စောနော်တယာနှင့် အမှတ် ၉၀၁ မှ ဗိုလ်ကြီးစောအေဝမ်းတို့တပ်ဖွဲ့အင်အားမှာ ရ၀ ခန့်သာရှိသည်ဟု နယ်စပ်စစ်ရေး လေ့လာနေသူများ ခန့်မှန်း တွက်ချက်နေကြသည်။
ထို့အတူ DKBA တပ်ဖွဲ့များ မြန်မာစစ်အစိုးရတပ်များ အကူအညီဖြင့် KNU တပ်မဟာ ၅၊ တပ်မဟာ ရ ဧရိယာများ တွင်လည်း ဝင်ရောက်တိုက်ခိုက်နေကြဆဲဖြစ်သည်။
မြန်မာစစ်အစိုးရကမူ ကရင်လူမျိုးအချင်းချင်း ပစ်ခတ်မှုများသာဖြစ်ကြောင်း၊ မြန်မာအစိုးရတပ်များ ပါဝင်ပတ်သက် မှုမရှိကြောင်း လွန်ခဲ့သည့်ဇွန်လထုတ် စစ်အစိုးရသတင်းစာများ၌ ထုတ်ပြန်ဖေါ်ပြခဲ့သည်။
မဲကသာဒေသသည် KNU တပ်မဟာ ၆ အဓိကခြေကုတ်စခန်းတစ်ခုဖြစ်ပြီး ယခုကဲ့သို့ DKBA ကိုအလွယ်တကူ ဝင်ရောက်ခွင့်ပေးခဲ့ခြင်းမှာ တစ်ဖက်နှင့်တစ်ဖက် အပေးအယူများရှိကြသည်ဟု နယ်စပ်စစ်ရေးလေ့လာသူများ လက်ခံရရှိသော သတင်းအချက်အလက်များအရ သုံးသပ်ပြောဆိုနေကြသည်။
သို့သော် KNU အရာရှိက ၄င်းအပေးအယူကိစ္စကို အတည်မပြုခဲ့သော်လည်း တစ်ဖက်နှင့်တစ်ဖက် စကားပြောစက် ဖြင့် တစ်ခါတစ်ရံ ဆက်သွယ်ပြောကြားမှုရှိကြသည်ဟု ဆိုပါသည်။
အဆိုပါ မဲကသာရွာ၌ ဒီကေဘီအေ စခန်းသစ်တည်ဆောက်မည်ဟု ပြောဆိုနေကြသည်။ ဒေသခံရွာသား များအား ရွာပြင်ထွက်ခွင့်ကိုလည်း DKBA မှ ပိတ်ပင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။ ဆိုပါ မဲကသာရွာ၌ ဒီကေဘီအေ စခန်းသစ်တည်ဆောက်မည်ဟု ပြောဆိုနေကြသည်။ ဒေသခံရွာသားများ ရွာပြင်ထွက်ခွင့်ကိုလည်း DKBA မှ ပိတ်ပင်ထားသည်ဟု သတင်းများထွက်ပေါ်နေသည်။
အဆိုပါ စောနော်တယာ ဒီကေဘီအေစစ်ကြောင်းမှာ ဘုရားသုံးဆူမြို့တွင် စခန်းချနေစဉ် ရိက္ခာပြဿနာများ ဖြစ်ပေါ်ခဲ့ပြီး သစ်ကုန်သည်များအပေါ် သယ်ဆောင်ခွင့်အကောက် တိုးမြင့်ကောက်ခံခဲ့ရ သည်ဟု သတင်းများတွင် ဖေါ်ပြကြသည်။
KNU တပ်မဟာ ၆ အနေဖြင့် ကရင်အမျိုးသားအချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုကို မပြုလုပ်လိုဟု သတင်းများတွင် ထုတ်ဖေါ်ပြောကြား ခဲ့ပြီးဖြစ်သည်။ သို့သော် မြန်မာစစ်အစိုးရတပ်ဖွဲ့တို့ ယခုကဲ့သို့ ဝင်ရောက်လာမှုအပေါ် KNLA တပ်ရင်း ၁၆ ကလက်မခံနိုင်ကြောင်း KNU အရာရှိက ဆိုပါသည်။