မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်

မော်လမြိုင်မြို့ရှိ တယ်လီဖုန်းလိုင်းဟောင်းများ ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲမည်
မွန်ပြည်နယ် မော်လမြိုင်မြို့တွွင် တပ်ဆင်ထားသည့် ANALOGVE ဖုန်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသွားမည်ဟု မော်လမြိုင်မြို့တွင် ပြောဆိုနေကြပါသည်။ မော်လမြိုင်မြို့တွင် တပ်ဆင်ထားသော ၀၅၇-၂၁၊ ၂၂၊ ၂၃ အစ ...

 
မော်လမြိုင် (ဇူလိုင်-၂၁)။    ။ မွန်ပြည်နယ် မော်လမြိုင်မြို့တွွင် တပ်ဆင်ထားသည့် ANALOGVE ဖုန်းများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသွားမည်ဟု မော်လမြိုင်မြို့တွင် ပြောဆိုနေကြပါသည်။ မော်လမြိုင်မြို့တွင် တပ်ဆင်ထားသော ၀၅၇-၂၁၊ ၂၂၊ ၂၃ အစထိပ်စည်းနှစ်လုံးနံပါတ်ပါ လိုင်းများမှာဆက်သွယ်မှု နှောင့်နှေးသဖြင့် အစားထိုးပြောင်းလဲမည်ဟု ဆို၏။ ဤဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲရန်အတွက် ဝန်ဆောင်ခအဖြစ် ငွေကျပ် လေးသိန်းငါးသောင်း ပေးဆောင်ရပြီး ဇူလိုင်လကုန်အထိ နောက်ဆုံးပေးသွင်းရမည်ဖြစ်သည်။
      
ယ္ခင်က မော်လမြိုင်မြို့တွင်းရှိ ဖုန်းများမှာ နှောင့်နှေးခြင်း လိုင်းများကျခြင်း လိုင်းပြတ်တောက်ခြင်းကြောင့် ဆက်သွယ်ရေးတွင် အခက်ခဲရှိသည်ဟု ကုန်သည်တစ်ဦး မှဆိုသည်။
      
‘’ကျွန်တော်တို့ အိမ်ဖုန်းဆိုယင် လိုင်းခဏခဏ ပြတ််နေတယ် အဲဒါကို အိတ်ချိန်း ကလူတွေ ခေါ်ပြီး ပြန်စစ် ခိုင်းရတယ်။ တစ်လမှာ ၂ ခါ ၊ ၃ ခါ၊ လောက် ပြတ်နေတော့ ကျွန်တော်တို့လိုကုန်သည်တွေ အခက်တွေ့ နေတယ်ပေါ့။ အိတ်ချိန်းကို တစ်ခါခေါ်ရင် နှစ်ထောင်လောက်ပေးရတယ်။ အိမ်တိုင်းလိုလိုပြတ်နေတော့ အိတ်ချိန်းကလူတွေ အကြိုက်တွေ့တယ်ပေါ့။ ကျွန်တော်က ဒါကိုတမင်လုပ်တာလား သံသယ ဖြစ်နေတယ် ဟု ပြောဆိုခဲ့တယ်။
      
ထို့အပြင် ဖုန်းခပေးသွင်းသောစနစ်မှာလည်း နှောင့်နှေးမှုရှိပြီး အဆင်ပြေမှုမရှိကြောင်း ဌါနဆိုင်ရာ ရုံးအဖွဲ့ တစ်ဦးက ဤသို့ပြောပြခဲ့သည်။
      
“အဲဒီဖုန်းခပေးဘို့စနစ်ကျတော့ တမျိုးဘဲဗျာ။ နှစ်လကျော်တဲ့တိုင်အောင် ဖုန်းဘီ လ် မရောက်သေးဘူး။ အဲဒီဖုန်းဘီလ်ရမှ စာတိုက်နဲ့ ကြေးနန်းရုံးမှာ ဖုန်းဘိုးပေးသွင်း နိုင်မှာ အခု နှစ်လ၊ သုံးလ၊နောက်ကျတော့ တခါတလေ ဖုန်းဖြတ်လိုက်တာကလည်း ရှိတယ်။ တခါတလေ၊ ၃ လစာဖုန်းဘီလ်တွေ ရောက်လာတော့ ဒါတွေအားလုံး တခါ တည်း ပေါင်းပေးရမှာဆိုတော ့အခက်တွေ့တဲ့အပိုင်းလည်း ရှိတယ်။ လကုန်ယင်တခါ သွင်းလို့ရရင် ပိုပြီးအဆင်ပြေမယ်” ဟု ပြောဆိုခဲ့သည်။
      
မော်လမြိုင်မြို့တွင် ဒစ်ဂျစ်တယ်ဖုန်းများ ပြောင်းလဲတပ်ဆင်သည့်အတွက် ဆက် သွယ်မှုစနစ် ပိုကောင်း လာမည်ဟု ထင်မြင်သူများရှိသော်လည်း ဝန်ဆောင်ခ ၅ သိန်း နီးပါး ပေးဆောင်ရန်ကိစ္စကိုမူ အဆင်ပြေသော သူများအဖို့ မထောင်းသာသော်လည်း အဆင်မပြေသောသူများအဘို့ အခက်ခဲဖြစ်နေကြောင်း သိရပါသည်။