DKBA အဖဲဲွ့ဝင်အမည်ခံသူများ မဖြစ်မနေရှေ့တန်းသို့သွားခိုင်း

DKBA အဖဲဲွ့ဝင်အမည်ခံသူများ မဖြစ်မနေရှေ့တန်းသို့သွားခိုင်း
ကရင်ပြည်နယ်၊ ဖါးအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ မွန်ကျေးရွာတို့၌ DKBA တပ်ဖွဲ့ဝင် အမည်ခံထား၏ကသူ မွန်လူငယ်အချို့ရှိကြရာ KNU တပ်ဖွဲ့များအား သွားရောက်တိုက်ခိုက် နိုင်ရန် သတ်မှတ်ရာစုရပ်သို့ ရယကမှများတာဝန်ယူပို့ဆောင်ပေးခဲ့ ...

 
စံခလပူရီ(ဇူလိုင်-၂၀)။    ။ ကရင်ပြည်နယ်၊ ဖါးအံမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များရှိ မွန်ကျေးရွာတို့၌ DKBA တပ်ဖွဲ့ဝင် အမည်ခံထား၏ကသူ မွန်လူငယ်အချို့ရှိကြရာ KNU တပ်ဖွဲ့များအား သွားရောက်တိုက်ခိုက် နိုင်ရန် သတ်မှတ်ရာစုရပ်သို့ ရယကမှများတာဝန်ယူပို့ဆောင်ပေးခဲ့ရကြောင်း ကော့မိတ်ရွာသား မွန်လူငယ်တစ်ဦးကပြောပြခဲ့သည်။
 
အကယ်၍ အခြားတစ်နေရာသို့ ထွက်ပြေးရှောင်တိမ်းရှောင်သွားပါက မိသားစုဝင်များကို ခြိမ်းခြောက်ပြီး အတင်း ပြန်ခေါ်ခိုင်းပါသည်။ အကယ်၍ မြဝတီမြို့ စုရပ်သို့ ရောက်သောအခါ ဘတ်ငွေသုံးသောင်းမှ ငါးသောင်းအထိပေးနိူင်သူများ ရှေ့တန်းသို့မသွားရတော့ပဲ အခြားသို့ ထွက်ခွာသွားရောက်ခွင့်ရှိသည်ဟု ဆိုသည်။ အများအားဖြင့်ထိုင်းနိုင်ငံသို့ ဝင်ရောက်သွားကြသည်။
 
ယခင်က ဖါးအံမြို့အခြေစိုက် ကရင်စာပေယဉ်ကျေးမှုအဖွဲ့တွင် တစ်လကျပ်ငွေနှစ်သောင်းပေးသွင်းပြီး DKBA အဖွဲ့ဝင်အသိအမှတ်ပြုကဒ်ပြား ရရှိကာလူမှောင်ခိုကူးခြင်း၊ ဆိုင်ကယ်အရောင်းအဝယ်ပြုခြင်း စသည့်စီးပွါးရေး လုပ်ငန်းများကို အာဏာပိုင်များ အနှောင့်အယှက်မှ လွတ်ကင်းသောကြောင့် ဖါးအံမြို့နယ်နှင့်ကော့ကရိတ်မြို့
နယ်ရှိ မွန်စီးပွါးရေးသမား အများအပြား DKBA သို့အမည်ခံဝင်ရောက်ခဲ့ကြသည်။
 
ဇွန်လဆန်းမှစ၍ KNU တပ်မဟာ(၇)ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာတွင် DKBA တပ်ဖွဲ့ဝင် တစ်ရာ ကျော်မက သေကြေထိခိုက် ဒါဏ်ရာရရှိခဲ့သည်ဟု သတင်းဌာနများ၌ ဖေါ်ပြခဲ့သည်။
 
ဒါဏ်ရာရရှိသော DKBA တပ်ဖွဲ့ဝင်များကို မဲဆောက် ၊ မြဝတီ၊ ရွှေကိုက္ကိုနှင့် ဖါအံမြို့နယ်ဆေးရုံများတွင် ဆေးဝါးကုသကြရ၏။
 
ဖါအံမြို့ဆေးရုံ၌ ဆေးကုသခြင်းခံနေရသော ကော့ကရိတ်မြို့နယ်-ကော့မိကျေး ရွာနေ DKBA တပ်ဖွဲ့ဝင် မွန်အမျိုးသား တစ်ဦး၏ ဆွေမျိုးသားချင်းတစ်ဦးကို ဆက်သွယ်ခဲ့ရာ၌ “ကျွန်တော်တို့ကော့မိ ရွာသား နှစ်ယောက်နဲ့ မင်းရွာသားတစ်ယောက် ဒါဏ်ရာရထားတယ်။ စစ်သား မဟုတ်တဲ့သူတို့တတွေ ရှေ့တန်း တိုက်ပွဲမှာ ထိခိုက်ခံတာ တော်တော်များတယ်”ဟု ပြောဆိုခဲ့ပါသည်။
 
အဆိုပါ DKBA အဖွဲ့ဝင်အမည်ခံ စီးပွါးရှာစားသူများမှာ အစားချောင်မည်ထင်၍ အဖွဲ့ဝင်အဖြစ် ခံယူခဲ့သော်လည်း ယ္ခုကဲ့သို့ရှေ့တန်း၌ တိုက်ပွဲဝင်လာရသောကြောင့် အမည်ခံအဖွဲ့ဝင်အများအပြား စိတ်ဓါတ်ကျ ဆင်းနေကျကြောင်း မြဝတီမြို့ခံအချို့ ပြောဆိုချက်အရ သိရပါသည်။