၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲမှု အထိမ်းအမှတ် အခမ်းအနား

၁၄ နှစ်မြောက် မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲမှု အထိမ်းအမှတ် အခမ်းအနား
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ရွှေကျင် စာကြည့်တိုက်၌ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲမှု ၁၄ နှစ်မြောက် ပြည့်မြောက်သည့် အထိန်းအမှတ် အခမ်းအနား တစ်ရပ်ကို ယနေ့နံနက် ၉ နာရီခန့်တွင် စတင် ကျင်းပ ...

 
မော်လမြိုင်(ဇွန်-၂၉)။    ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်ရှိ ကွယ်လွန်သူ မွန်ပြည်သစ်ပါတီ ဥက္ကဌကြီး နိုင်ရွှေကျင် စာကြည့်တိုက်၌ မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်အခတ်ရပ်စဲမှု ၁၄ နှစ်မြောက် ပြည့်မြောက်သည့် အထိန်းအမှတ် အခမ်းအနား တစ်ရပ်ကို ယနေ့နံနက် ၉ နာရီခန့်တွင် စတင် ကျင်းပခဲ့သည်ကို တွေ့ရှိရသည်။
 
အခမ်းအနားကို အထင်ကရ မွန်ဘုန်းတော်ကြီး ဘဒ္ဒန္တပါလိတမဟာထေရ် ကိုအမှူးထား၍ သံဃာတော် ၆ ပါးအား ပင့်ဖိတ်အလှူဒါနပြုကြကာ အကျဉ်းချုံး၍ ကျင်းပခဲ့ခြင်း ဖြစ်သည်။
 
မော်လမြိုင်မြို့ပေါ်ရှိ မွန်စာပေယဉ်ကျေးမှုအဖွဲ့ဝင်အချို့နှင့် တက္ကသိုလ်ကျောင်းသားအချို့လည်းပါဝင်တက်ရောက် ခဲ့ကြရာ တက်ရောက်သူဦးရေတစ်ရာခန့် ရှိမည်ဟုခန့်မှန်းရသည်။
 
မွန်ပြည်သစ်ပါတီမှဗဟိုအလုပ်အမှုဆောင် နိုင်တလညီ၊ဗဟိုကော်မတီဝင်များဖြစ်ကြသည့် မော်လမြိုင်ဆက်ဆံရေး
တာဝန်ခံ ဗိုလ်မှူးဗညားချမ်းနွန်၊ စည်းရုံရေးဌာန(မော်လမြိုင်)တာဝန်ခံ နိုင်ဃောသိုက်၊ ကျန်းမာရေးဌာနတာဝန်ခံ နိုင်တင်လှ နှင့်မွန်ပြည်သစ်ပါတီဝင်အချို့တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
 
လွန်ခဲ့သောနှစ်များတွင် ကျင်းပခဲ့သောအခမ်းအနားများ၌ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကို တွေ့ရသော်လည်း ယခုအခမ်းအနားကို ပြင်ပဧည့်သည်များအား ဖိတ်ကြားခြင်းမရှိသဖြင့် တက်ရောက်ခဲ့ခြင်းမရှိဟု သိရသည်။
 
မွန်ပြည်သစ်ပါတီ ဥက္ကဌကြီးနိုင်ရွှေကျင် သက်ရှိထင်ရှားစဉ်ကာလများနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့် အာဏာရှိစဉ်နှစ်များ တွင် မော်လမြိုင်မြို့ရှိ ဟိုတယ်ကြီးများ၌ ရန်ကုန်မှစစ်အစိုးရ ထိပ်ပိုင်းအရာရှိများ၊ ရတခတိုင်းမှူးနှင့် အချို့သော ငြိမ်းအဖွဲ့အစည်းများကို ဖိတ်ကြား၍ ဤအပစ်အခတ်ရပ်စဲသည့်အခမ်းအနားများကို နှစ်စဉ်နှစ်တိုင်း မွန်အဆိုအက များဖြင့် ကျင်းပခဲ့ကြပါသည်။