စံခလပူရီ(ဧပြီ-၂၈)။ ။ မက္ကဆီကိုနိုင်ငံတွင် လွန်ခဲ့သည့် ဧပြီလ ၁၃ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့သော Swine Flu ဝက် တုတ်ကွေးရောဂါပိုးတစ်မျိုးကို ဘန်ကောက်မြို့ ချူလာလောင်ကွန်း Chulalonkorn ဆေးရုံတွင် တက်ရောက်ကုသ ခံနေရသော အသက် (၄၂) အရွယ် အမျိုးသမီး လူနာတစ်ဦးထံတွင် တွေ့ရှိခဲ့ရကြောင်း Ginger Asia အင်တာနက် သတင်းဌာနမှ ယနေ့ပေးပို့သော သတင်းအရ သိရသည်။
အဆိုပါအမျိုးသမီးသည် ယခုလဆန်းပိုင်း၌ မက္ကဆီကိုနိုင်ငံမှ ပြန်လာခဲ့ရာ ဖျားနာ၍ ဆေးရုံတွင် တက်ရောက် ကုသခံ နေရခြင်း ဖြစ်သည်။ အခြားသူများနှင့်အတူ နေထိုင်ခဲ့ဘူးသူများထံတွင်လည်း ဤရောဂါပိုး ကူးစက်ခံရခြင်း ရှိမရှိကို မသိရသေးပေ။
ယ္ခုရက်ပိုင်းများ၌ ဝက်များတွင်တွေ့ရတတ်သည့် ဗိုင်းရပ်ပိုးမှတဆင့် Swine Flu တုတ်ကွေးရောဂါများ ဖြစ်ပွားခဲ့ရာ မက္ကဆီကိုနိုင်ငံတွင် လူ (၁၄၉) ဦး အသက်သေဆုံးခဲ့ရပြီး (၁၆၀၀) ကျော်ခန့်မှာ ဆေးရုံများတွင် တက်ရောက်ကုသ ခံနေရဆဲဖြစ်သည်ဟု သတင်းဌာနများတွင်ဖေါ်ပြကြသည်။
အမေရိကန်သမ္မတအိုးဘားမားက ပြည်နယ်(၅) ခုတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြေငြာချက် ထုတ်ပြန်ထား သည်။
ဤရောဂါသည် အများပြည်သူကျန်းမာရေးအတွက် နိုင်ငံတကာအတိုင်းအတာအရ စိုးရိမ်နေရသည့် အခြေအနေဖြစ်နေ သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကဆိုသည်။