မွန်ပြည်နယ် ရေးမြို့နယ်ရှိ စကခ (၁၉) လက်အောက်ခံ ခမရ (၅၈၆) တပ်ရင်းမှူးမှ ပတ်ဝန်းကျင်ကျေးရွာ လူကြီးများကို ဆင့်ခေါ်၍ တပ်ရင်းပိုင်အုတ်ဖုတ်လုပ်ငန်းများအတွက် ထင်းများပို့ဆောင်ပေးရန် အမိန့်ပေးစေခိုင်းခဲ့သည်။
(၅၈၆) တပ်ရင်းဝန်းကျင်ကျေးရွာဖြစ်သော အပလိုင်၊ ကျုံပေါ၊ ပေါ့ထော် ၊ ပလစ်၊ စုံနံသာနှင့် တူးမြောင်းကျေးရွာ များမှ တပ်ရင်းအုတ်ဖုတ်လုပ်ငန်းတွင် အသုံးပြုရန်ထင်းများကို ပို့ဆောင်ပေးရသည်။ ထိုဖြစ်စဉ်နှင့် ပက်သက်၍ ကျေးရွာလူ ကြီးတဦးကို ဆက်သွယ်မေးမြန်းရာတွင် “တပ်ရင်းမှူးက ကျွန်တော်တို့ကို တပ်သက်သာ ချောင်ချိရေး အုတ်ဖုတ်လုပ် ငန်းသုံးဖို့ ခိုင်းပါတယ်။ ကျွန်တော်တို့ကတစ်အိမ်ကို ထင်းနှစ်ချောင်းနှုန်းစုပြီး ပို့ပေးခဲ့တယ်။ တခြား ရွာတွေလည်း ကျွန်တော်တို့ကိုပဲ ပေးနေရတယ်။ လိုအပ်ရင် အုတ်ဖုတ်လုပ်ငန်းမှာ အကူအညီပေးပို့ ပြောဆိုထား တာရှိသေးတယ်” ဟု မိမိတို့ သတင်းဌါနကို ပြောဆိုခဲ့ပါသည်။
အဆိုပါစစ်တပ်ပိုင်အုတ်ဖုတ်လုပ်ငန်းမှ ထွက်ရှိသောအုတ်များကို ရွာသားများရောင်းချရန် အစီအစဉ်ရှိကြောင်း သိရ သည်။ ရေးမြို့နယ်အတွင်းရှိ စကခ (၁၉) လက်အောက်ခံတပ်ရင်းများမှာ ကျေးရွာပြည်သူများ၏ခြံမြေများကို မတရား သိမ်းဆည်းပြီး ဆောက်လုပ်ထားခြင်းဖြစ်၍ ခြံပိုင်ရှင်များ ပမဏများစွာ ဆုံးရှုံးနစ်နာခဲ့သည်။
ထို့အပြင်တပ်ရင်းအသစ်ဆောက်လုပ်ရာ၌ ဒေသခံပြည်သူများ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်းခံခဲ့ရသည်။ စစ် ဆင်ရေးအကြောင်းပြ၍ခြံထွက်ခွင့်ကိုလည်း အခါအားလျှော်စွာ ပိတ်ပင်ခြင်းခံခဲ့ရသည်။ ခြံထွက်သီးနှံများကို စစ်တပ် မိသားစုများကသာ ဆွတ်ခူးပြီးရောင်းချနေကြကြောင်း ဒေသခံတဦးမှ ပြောဆိုခဲ့ပါသည်။