မြန်မာ ရွေ့ပြောင်းအလုပ်သမားများ ထိုင်းမှ တဖွဲဖွဲပြန်ကြ

မြန်မာ ရွေ့ပြောင်းအလုပ်သမားများ ထိုင်းမှ တဖွဲဖွဲပြန်ကြ
လတ်တလော ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံ စီးပွားရေး အကြပ်အတည်းများကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ထားရခြင်း၊ လုပ်အားခ လျော့လာခြင်း၊ ရာဘာနှင့် ပီလောပီနံ စိုက်ပျိုးရေး အသီးနှံများ စျေးကျသောကြောင့် ဝင်ငွေနဲ လာခြင်း၊ ထိုင်းရဲများမှလည်း အလုပ်သမား မှတ်ပုံတင် အစစ်အဆေး များ ...

လတ်တလော ဖြစ်ပေါ်နေသော ထိုင်းနိုင်ငံ စီးပွားရေး အကြပ်အတည်းများကြောင့် စက်ရုံအလုပ်ရုံများ ပိတ်ထားရခြင်း၊ လုပ်အားခ လျော့လာခြင်း၊ ရာဘာနှင့် ပီလောပီနံ စိုက်ပျိုးရေး အသီးနှံများ စျေးကျသောကြောင့် ဝင်ငွေနဲ လာခြင်း၊ ထိုင်းရဲများမှလည်း အလုပ်သမား မှတ်ပုံတင် အစစ်အဆေး များလာခြင်း ဝင်ငွေနှင့် ထွက်ငွေမလုံလောက် ခြင်းကြောင့် အလုပ်သမား အများအပြား နေရပ်ဌာနေသို့ ပြန်သွားကြရသည်။ အထူးသဖြင့် ဘုရားသုံးဆူလမ်းမှ တနေ့လျှင် အနည်းဆုံး ၅၀ မှ ၁၀၀ နီးပါးခန့် ပြန်နေကြသည်ဟု ဒေသခံထိုင်းရဲအရာ ရှိတစ်ဦးမှ ပြောပါသည်။

ထိုင်းနိုင်ငံတွင် စီးပွားရေးအကြပ်အတည်း ရင်ဆိုင်နေရသဖြင့် လုပ်ငန်းပိုင်ရှင်များနှင့် ရွေ့ပြောင်းအလုပ်သမား အများစုမှာ ၎င်း၏ဒါဏ်ကိုု အကြီးအကျယ် ခံခဲ့ရသည်။ ထုတ်လုပ်သမျှသောကုန်ပစ္စည်းများမှာ နိုင်ငံခြားဝယ်လို အားကျဆင်းမှုကြောင့် ထုတ်လုပ်မှုအပိုင်းကို ထိခိုက်စေခဲ့သည်။ ၎င်းအလုပ်များကို မှီတည်လုပ်ကိုင်နေသော အလုပ်သမားအများစုမှာ လုပ်ငန်းလည်ပတ်မှု မရှိသည့်အတွက် အလုပ်လက်မဲ့ဘဝသို့ ရောက်ရှိလာခဲ့သည်။ တချို့မှာ လုပ်အားခ အနည်းငယ်သာရရှိကြသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းနိုင်ရန် ထိုင်းဝန်ကြီးချုပ်သစ် အဘိဆစ်ဝစ်ချာချီဝါဒ််် က စီမံကိန်းချ၍ ထောက်ပံ့ ရေးအစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သည်။ ကားခကို လျှော့ချခြင်း၊ ရေ၊မီးအခွန်များ လျှော့ချခြင်း၊  ကျန်းမာရေး ပညာရေး ထောက်ပံ့မှုများ ပြုလုပ်ခဲ့သော်လည်း ဆင့်ပါးစပ်ထဲနှမ်းပက်သည့်ပမာ  ထိရောက်မှု အားနည်းနေသေး သည်ကို တွေ့ရသည်။ ဤစီးပွားရေးကျဆင်းမှုဒါဏ်ကို အများအားဖြင့် ရွှေ့ပြောင်းအလုပ်သမားများက ခံစားနေ ရသည်။ မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမားများအပြားမှာ ထိုင်းနိုင်ငံ၌ ဆောက်လုပ်ရေးလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများတွင် အများအပြားလုပ်ကိုင်နေကြသည်။

ထိုင်းနှင့်မလေးရှားနယ်စပ်တွင် အလုပ်လုပ်နေသော သံဖြူဇရပ်မြို့နယ် ဖေါင်စိန်ကျေးရွာဇာတိ နိုင်အဂုန်၏  ပြော ဆိုချက်မှာ- ၎င်းတို့အလုပ်လုပ်ရာ နယ်စပ်ဒေသတွင် အခက်အခဲများစွာရှိကြောင်း ယ္ခင်လုပ်စားခများ စုဆောင်း ထားသော ငွေများရှိပါက ထိုင်းမူဆလင်များမှ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ လုယက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြ သည်။ လက်ရဲဇက်ရဲသတ်ဖြတ်မှုများ ရှိနေသည်။ ထိုင်းအလယ်ပိုင်းများမှလည်း အာဏာစစ်ထိရောက်မှု အားနည်း သည်ကို တွေ့ရကြောင်း စူရတ်ဒါနီတွင် ရော်ဘာအများအပြား စိုက်ပျိုးသောဒေသဖြစ်ပြီး ယ္ခင်ရော်ဘာ စျေးမှာ တပေါင်လျှင် ၉၀ ရှိသော်လည်း ယ္ခုအခါ ၄၀ သာ ကျဆင်းခဲ့သဖြင့် ရော်ဘာခြစ်သမားများမှာ ဝင်ငွေမလုံလောက် သဖြင့် အများအပြား အလုပ်ရပ်နားခဲ့ကြောင်း၊ ရွှေ့ပြောင်းလုပ်သမား အများအပြားလုပ်ကိုင်သည့် ဆောက်လုပ် ်ရေးလုပ်ငန်း (ကော်ဆန်) ၌လည်း ယခင် ဆောက်လုပ်ပြီးသော အဆောက်အဦးများ ဝယ်ယူမှုမရှိသလောက် ဖြစ် ်နေပြီး၊ အလုပ်အပ်နှံသူများ မရှိ သောကြောင့် လုပ်ငန်းရပ်ဆိုင်းရသည်ဟု  ဆောက်လုပ်ရေးလုပ်ငန်း ကုမ္မဏီတခုမှ ကြီးကြပ်ရေးမှူး သံလှယ်ရွာသား နိုင်ဝမ်းမှ ပြောပါသည်။ ၎င်းလုပ်ငန်းကို တည်မှီရပ်တည်နေရသော အလုပ်သမား အများအပြားလည်း အလုပ်လက်မဲ့ ဖြစ်နေရပြီး ကြုံရာကျအလုပ်ဖြင့်လုပ်နေသူရှိသလို၊ နေရပ်သို့ ပြန်သွားကြသည့် သူများလည်း ရှိသည်ဟု ဆက်လက်ပြောဆိုခဲ့သည်။

အဆိုပါ ဌာနေပြန် အလုပ်သမားများကို  ထိုင်းလူဝင်မှု (လဝက) များမှတဆင့်သော်၎င်း၊ အလုပ်ရှင်သူဌေးများမှ နိုင်ငံထွက်လက်မှတ်  ပြုလုပ်ပေး၍၎င်း၊ အများအားဖြင့်  လူကုန်ကူးသူ ပွဲစားများမှ ဌာနေအရောက်ပို့ပေးခဲ့သည်။ ထိုင်း၊ မလေးရှားဒေသမှ ပြန်သူများတစ်ဦးလျှင် ဘတ်ငွေ ၄၅၀၀၊ စူရတ်ဌာနီမှ ပြန်သူများမှာ ဘတ်ငွေ ၃၅၀၀ ကျပ်၊ ဘန်ကောက်၊ သမုဒ်သခေါမ် (မဟာချိုင်) ဒေသ ပြန်သူများမှာ ဘတ် ၃၀၀၀  ပေးဆောင်ရသည်။ အလုပ်လက်မဲ့ ဖြစ်နေ၍ ဌာနေပြန်သူရှိသလို ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများ နေ့စဉ်လိုလို ရှိနေကြောင်းလည်း သိရှိရ သည်။ မြန်မာနိုင်ငံအတွင်း၌လည်း အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လူအခွင့်အရေး ချိုးဖောက်မှုများ ပြားလာခြင်းကြောင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း၊ ခလောက်ခနီဒုက္ခသည်စခမ်းနေ ရွာသားတစ်ဦးမှ ပြောဆိုခဲ့ပါသည်။

ယ္ခုအခါ ထိုင်းအစိုးရအနေနှင့် နယ်စပ်ဒေသများတွင်း စီမံချက်ချ၍ လုံခြံုရေးကို တိုးမြင့်ထားသည်။ အဓိကလုပ်ငန်း စဉ်မှာ ထိုင်းနိုင်ငံအတွင်းသို့ ယာဘခေါ်စိတ်ကြွဆေးများ အများအပြားဝင်လာခြင်းကို တားဆီးရန်၊ တရားမဝင် လူကုန်ကူးခြင်းနှင့် ဝင်ရောက်ခြင်းကို တားဆီးရန်၊ တရားမဝင်ကုန်ပစ္စည်းများကို တားဆီးရန်အတွက် စီမံချက်ချ လုပ်ဆောင်နေသည့်အတွက် အဖမ်းအဆီးများပြားနေခဲ့သည်။ မည်သို့ပင်အဖမ်းအဆီးများပြားစေကာမူ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံထက်စာလျှင် ထိုင်း နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက အခွင့်အလမ်းပိုမိုရှိသည်ဟု  ယူဆနေကြသည်။ ဤဖြစ်စဉ်များက မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်ကိုင်ရှားပါးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုရှိနေကြောင်း မီးမောင်းထိုးပြနေသလို ဖြစ်နေပေသည်။

Most read this week