မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ ဆင်ကူးကျေးရွာတွင် ပြည်သူ့စစ်ဖွဲ့ရန် စကခ(၁၉)မှ စီစဉ်နေပြီး ခေါင်းဆောင် တစ်ဦးအပါအဝင် စုစုပေါင်းပြည်သူ့စစ်(၁၁)ဦးကို လက်နက်ကိုယ်စီ တပ်ဆင်နိုင်ရေး ကျေးရွာသားများ ထထံမှ အိမ်တိုင်းစေ့ကို ငွေကောက်ခံနေပါသည်။
အနိုမ့်ဆုံး အိမ်ထောင်တစုလျှင် ကျပ််ငါးထောင်မှ အမြင့်ဆုံးကျပ်တစ်သိန်းအထိ မထပေးမနေရ ကောက်ခံနေဆဲ ဖြစ်ကြောင်း ရွာသားများကပြောဆိုနေသည်။ စုစုပေါင်းငွေမည်မျှ ကောက်ခံရရှိသည်ကို ရွာသားများသိခွင့်မရှိပေ။ ယခုလမကုန်မီပေးဆောင်ရပါမည်။
တပ်ဆင်မည့်လက်နက်များမှာ M-16(၆)လက်၊ AK-47(၆)လက်နှင့် ပြည်သူ့စစ်ခေါင််းဆောင်အတွက် 45mm ပစ္စတို တစ်လက်ဖြစ်သည်။ ယင်းလက်နက်တို့ကို စစ်အစိုးရထံမှ ဝယ်ယူကြရမည်ဟုဆိုသည်။
ဆင်ကူးကျေးရွာသည် ရေးမြို့-ခေါဇာမြို့နယ်ခွဲ(ခလရ ၃၁ တပ်ရင်းရုံးတည်ရှိ)သို့သွားရာ မြေနီကားလမ်း ဖြတ်သန်း သွားသည့် အိမ်မြေ(၃၀၀)ခန့်ရှိသည့်မွန်ကျေးရွာဖြစ်သည်။ မွန်ပြည်သစ်ပါတီနှင့် နဝတ တို့အပစ်မရပ်မီ ကာလတွင် မွန်ပြည်သစ်ပါတီ သြဇာခံနယ်မြေဖြစ်ခဲ့သည်။ အပစ်ရပ်သည့် နောက်ပိုင်းတွင် နှစ်ဖက်သဘောတူညီချက်အတိုင်း မွန်ပြည်သစ်ပါတီတပ််ဖွဲ့များ တပ်ဖွဲ့အသွင်ရုံးစိုက်၊ တပ်စွဲခွင့်မရှိတော့ပေ။
ထို့ကြောင့် မွန်ပြည််သစ်ပါတီမှ ခွဲထွက်လာခဲ့သည််ဟုဆိုသော စစ်အစိုးရတပ်ဖွဲ့ကို တိုက်ခိုက်နေသည့် နိုင်ချမ်းတိန်း လက်နက််ကိုင်အဖွဲ့က ဤဒေသတွင် လှုပ်ရှားနေသဖြင့်် ဆက်ကြေးတောင်ခံခြင်း၊ ရွာလူကြီးအချို့ကို သတ်ဖြတ်ခြင်း တို့ ရှိခဲ့ရာ စစ်အစိုးရတပ်ဖွဲ့များလည်း နိုင်နုုင်းစွာ လုံခြံုမှုမပေးနိုင်ခဲ့ပါ။ စစ်အစိုးရတပ်ဖွဲ့မှ အရာရှိအပါ အဝင်တပ် သားစစ်သည့်အချို့ မကြခဏ ချောင်းမြောင်း ပစ်ခတ်ခံခဲ့ရသဖြင့် အကျအဆုံးများရှိခဲ့ပါသည်။
စစ်အစိုးရတပ်ဖွဲ့သည်လည်း ဤကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသတဝိုက်ကျေးရွာများ ၁၀ ရွာခန့်တွင် တရွာလျှင်် စစ်သား(၃)ဦးစီခန့် လုံခြံုရေးချထားခဲ့သော်လည်း အဆိုပါ နိုင်ချမ်းတိန်းလက်နက် ကိုင်အဖွဲ့ဝင်ရောက် ပစ်သတ် မည်ကို စိုးရိမ်ရသဖြင့် ရွာများကဆက်ကြေးများ ပေးကမ်းထားခြင်း၊ စစ်အစိုးရစစ်သားများ ချောင်းမြောင်းအပစ် မခံရလေအောင် ညပိုင်းများတွင် ရွာသားများ ကင်းစောင့််ပေးခြင်း တို့ပြုလုပ်ပေးနေရပါသည်၊။ တကယ်၍ စစ်အစိုးရတပ်ဖွဲ့ဝင်များ အပစ်အခတ်ခံရလျှင် သက်ဆိုင်ရာကျေးရွာနှင့် အကြီးအကဲများ အရေးယူခံကြရမည်ဖြစ် သည်။
ဤဒေသခံများမှာ ရာဘာခြံ၊ ကွမ်းသီးခြံ၊ ဒူးရင်းသီးခြံများနှင့်ပင်လယ်ကမ်းစပ်နီးကျေးရွာများတွင် တံငါလုပ်ငန်းများ လုပ်ကိုင်ကြသည်။ အနက်ရောင်နယ်မြေအဖြစ် စစ်တပ်က သတ်မှတ်ထားပြီး ခြံထွက်လျှင် ရွာအပြင်ထွတ်လက် မှတ်၊ တနေ့စာ ဆန်ရိက္ခာတို့ကိုသာ ယူဆောင်ခွင့်ရှိ၍ ည(၆)နာရီတွင် ရွာပြန်အိပ်ရပါသည်။ လုံခြုံရေး အခြေအနေ များ ဆုံးဝါးနေသော်လည်း ခြံမြေလယ်ယာများ ရှိနေ၍ မူရင်းဇာတိဒေသကို မစွန့်ခွာနိုင်သဖြင့် ဒုက္ခအမျိုးမျိုးကို ခါးစည်းခံနေရပင် ဖြစ်သည်။
ယခင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ယ္ခုခေါဇာမြို့နယ်ခွဲရှိကျေးရွာ အာလုံးတွင် မဲထည့်ပိုင်ခွင့်ရှိသူများ လုံးဝမဲပေး ပိုင်ခွင့်မရခဲ့ကြချေ။ အမဲရောင် နယ်မြေအဖြစ်သတ်မှတ်ခံခဲ့ရပြီး စစ်အစိုးရတပ်ဖွဲ့များ ထင်သလို ပြုမူနေထိုင်နိုင် သောကျေးရွာများလည်း ဖြစ်နေပေသည်။