ဌာနေပြန်မည့် တရားဝင် မွန်အလုပ်သမားတို့ကို ထိုင်းရဲက ဖမ်း၍ ရွှေငွေများကို သိမ်းယူ

ဌာနေပြန်မည့် တရားဝင် မွန်အလုပ်သမားတို့ကို ထိုင်းရဲက ဖမ်း၍ ရွှေငွေများကို သိမ်းယူ
ဖေဖေါ်ဝါရီလ(၁၃)ရက် ညနေ(၆)နာရီခန့်တွင် ထိုင်းနိုင်ငံ၊ စူရပ်ဌာနီခရိုင်၊ ပလာစင်းမြို့နယ်ရှိ ရာဘာခြံတစ်ခြံတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအစီအစဉ်ဖြင့် တရားဝင်လမ်းကြောင်းမှ ဌာနေကိုပြန်မည့် မွန်ပြည်နယ်မှ ရာဘာခြံ အလုပ်သမား(၇၀)ဦးကျော်ခန့်ကို မော်တော်ကားစောင့်ဆိုင်းနေစဉ် ...

ဖေဖေါ်ဝါရီလ(၁၃)ရက် ညနေ(၆)နာရီခန့်တွင် ထိုင်းနိုင်ငံ၊ စူရပ်ဌာနီခရိုင်၊ ပလာစင်းမြို့နယ်ရှိ ရာဘာခြံတစ်ခြံတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးအစီအစဉ်ဖြင့် တရားဝင်လမ်းကြောင်းမှ ဌာနေကိုပြန်မည့် မွန်ပြည်နယ်မှ ရာဘာခြံ အလုပ်သမား(၇၀)ဦးကျော်ခန့်ကို မော်တော်ကားစောင့်ဆိုင်းနေစဉ် ထိုင်းရဲ(၂၀)ဦးခန့် ဝင်ရောက်ဖမ်းဆီးပြီးရွှေ၊ ငွေအားလုံးနီးပါး တန်ဖိုးအားဖြင့် စုစုပေါင်းရွှေ(၁၀၀)ကျပ်သားခန့်၊ ထိုင်းဘတ်ငွေ(၇)သိန်ခန့်တို့ကို သိမ်းယူလိုက် ကြောင်း ပြန်လွတ်လာသူ မုဒုံမြိုနယ်၊ ကွမ်လှာရွာသား နိုင်ဝေ့က Kaowao Newsgroup ကို ယ္ခုလိုပြောပြပါသည်။

“ရာဘာဈေ းနူံးလည်းကျ၊ ထိုင်းငွေလဲနှုံးလည်းကျနေလို့ ဝင်ငွေတွက်ခြေမကိုက်တော့ဘူး၊ ဒါကြောင့်ကျွန်တော်တို့ ရာဘာခြံအလုပ်သမားတွေဟာ ပွဲစားတွေကတဆင့် တရားဝင်လမ်းကြောင်းနဲ့ပြန်ဖို့ ထိုင်းလဝကဆီမှာ ခွင့်ပြု လက်မှတ် လူတစ်ယောက်ကို ဘတ်(၄၀၀၀)ပေးပြီး ဘုရားသုံးဆူကိုသွားဖို့ လဝကမော်တော်ကားကို စောင့်နေတုံး ညနေ(၆)နာရီလောက်မှာ ထိုင်းရဲတွေကရောက်လာပြီး ဖမ်းတော့တာပဲ၊ ပြီးတော့တယောက်စီကိုရှာဖွေတော့ ပါတယ်၊ ယောက်ကျား၊ မိန်းမတွေအားလုံး အတွင်းခံဘောင်းဘီပါမကျန် ရှာတယ်၊ တွေ့သမျှရွှေငွေတွေကိုထိုင်းရဲ တွေက ယူလိုက်ပြီး လူအားလုံးကို အချုပ်ခန်းပို့တယ်”

အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ် လုပ်ကိုင်ခွင့်ကတ်ပြား ရှိသူများဖြစ်၍ တရားဝင်လမ်း ကြောင်းမှ နေရပ်သို့ချောမောစွာ ပြန်နိုင်ရန်အတွက် ပွဲစားမျာကှတဆင့် ထိုင်းလဝကထံ စာရင်းပေးသွင်းကာ အတည်ပြုချက်ကိုရယူထားပြီးဖြစ်သည်။ အခင်းမဖြစ်ပွားမီ နာရီပိုင်းအလိုတွင် ထိုင်းလဝကတို့က ပြန်မည့်သူများ အားလုံးကိုခရီးသွားလက်မှတ် ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။

ညနေ(၈)နာရီခန့်၌ ပလာစင်းမြို့နယ် ရဲအချုပ်စခန်းတွင် အဆိုပါဌာနေပြန်မည့်သူအားလုံး ချုပ်ထားလိုက်ပြီး ပွဲစားများဘတ်ငွေနှစ်သိန်းခန့် ရဲများကိုပေး၍ ညှိနိုင်းကာ ဖေဖေါ်ဝါရီ(၁၄)ရက်၊ နံနက်(၃) နာရီခန့်တွင် အားလုံး ပြန်လွတ်လာခဲ့သည်။ ထို့နောက် နံနက်(၆)နာရီခန့်တွင် ခရီးသွားလာခွင့် လက်မှတ်အသစ်တဖန် ပြန်လည်ပြုလုပ် ကာ ထိုင်းလဝကအစီအစဉ်ဖြင့် ဘုရားသုံးဆူ(ထိုင်းနိုင်ငံဘက်ခြမ်း)သို့ ည(၁၀)နာရီခန့်တွင် ချောမောစွာရောက်ရှိ လာခဲ့ကြသည်။ ထိုမှတဆင့် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်သွားကြပြီဖြစ်သည်။ ဘုရားသုံးဆူရှိ မြန်မာ လဝကများက ဤကိစ္စကိုစစ်ဆေး မေးမြန်းခဲ့သော်လည်း တစ်ဦးကိုဘတ်တစ်ရာစီပေး၍ အဆင်ပြေခဲ့ရကြောင်း ဘတ်ငွေ(၅၀၀၀)တိတိ ထိုင်းရဲကိုပေးလိုက်ရသူ သံဖြူဇရပ်မြို့ဇာတိ နိုင်မောင်ဝန်းက ပြောပါသည်။

ယ္ခု ရာဘာခြံအလုပ်သမားအများစုမှာ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်မှ မွန်တိုင်းရင်းသား အများစု ပါဝင်သည်။ ယခင်ရာဘာစျေးမြင့်နေချိန်တွင် ထိုင်းရာဘာစျေးနှုန်းမှာ တစ်ကီလိုဂရမ်ကို ဘတ်ငွေတရာ စျေးပေါက် ခဲ့ပြီး ထိုင်းမြန်မာငွေလဲနှုံးးမှာလည်း ထိုင်းငွေ(၁)ဘတ်တွင ်မြန်မာ(၃၅)ကျပ် အထက်ရှိခဲ့သည်။ ယ္ခုရာဘာစျေးမှာ တကီလိုဂရမ်တွင်(၄၀)ဘတ် ပတ်ဝန်းကျင်ခန့်သာရှိပြီး ထိုင်းမြန်မာငွေလဲနှံုးမှာ ထိုင်းငွေ(၁)ဘတ်၊ မြန်မာငွေ(၃၀) ကျပ် အောက်ဖြစ်နေ၍ ကျန်ရှိနေသော မိသားစုအတွက် လုံလောက်စွာ ငွေမပ့ံပိုးနိုင်တော့ချေ။
         
ထိုင်းနိုင်ငံစူရပ်ဌာနီခရိုင်တွင် လက်ရှိအလုပ် လုပ်ကိုင်နေသော ရာဘာခြံအလုပ်သမား မိစန်းထွေးက ယမန်နေ့က Kaowao Newsgroup သို့ဖုန်းဖြင့်ပြောပြရာမှာ “မကြာခင်မှာ ကျွန်မတိုလည်း အခြားအလုပ်ပြောင်းရတော့မယ်၊ ကုမ္ပဏီသူဌေးက ရာဘာစျေးကို အတိအကျ မသတ်မှတ်ပေးတော့ဘူး၊ အရင်က(၁၅)ရက် တကြိမ်စျေးနှုံးအတိ အကျနဲ့ ငွေရှင်းပေးတယ်၊ အခုမှာတော့(၁၅)ရက်တကြိမ်မှာ အားလုံးဘယ်လောက်ရတယ်ဆိုတာ အတိအကျရှင်းမ ပေးတော့ဘူး၊ တစ်လတခါ စားစရိတ်တွေနှုတ်လိုက်တော့ လူတယောက်ဟာ ဘတ်ငွေ(၁၅၀၀)လောက်အကြွေး တင်နေခဲ့ကြတယ်၊ အလုပ်လုပ်လို့ ရတဲ့ဝင်ငွေနဲ့ သူဌေးဆီကအကြွေး ယူထားရတဲ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်သီး၊ ကြက်သွန် ကုန်ခြောက်တွေ၊ ကြက်ဥ၊ ဘဲဥ၊ ငါးးသေတ္တာစရိတ်တွေကို မကာမိတော့ဘူး၊ အသားငါးတွေကို တခြား ကိုယ့်ဟာကိုယ်ဝယ်ယူတာတွေ မပါသေးဘူး”

အဆိုပါဒေသများတွင် ရာဘာခြံလုပ်ကိုင်နိုင်ရန်ခြံမြေဌားရမ်းခ ဘတ်ငွေနှစ်သောင်း(၂၀၀၀၀) ခန့်ပေးကြရသည်ဟု သူမကဆိုသည်။ မလုပ်နိုင်ပါက တခြားသူများကို လက်လွဲငှားရမ်းခွင့်မရှိပါ။ မိမိမလုပ်နိုင်ပါလျှင် ကုမ္မဏီပိုင်ရှင်များ က တခြားသူများကို ထပ်မံငှားရမ်းပေးပါသည်။ တခါတရံမြေငှားရမ်းစရိတ်မကြေသေးခင်မှာပင် သေနတ်နှင့်ခြိမ်း ခြောက်ခံရကာ ထွက်ပြေးကြရပြီး မိမိငှားရမ်းထားသည့်မြေကို အခြားတစ်ဦးဦးထံသို့ ထပ်မံငှားရမ်းလိုက်သည့် ဖြစ်ရပ်များ မကြာခဏဖြစ်ပွားတတ်ပါသည်။

ယင်းကဲ့သို့ တွက်ခြေမကိုက်သောကြောင့် မိစန်းထွေးတို့စုဖွဲနေထိုင်ကြသည့် မိသားစု(၁၅)စုခန့်တွင် ခြံလုပ်သား (၅၀)ဦးခန့်ရှိ ရာဘာခြံအလုပ်သမားများ အလုပ်မဆင်းပဲ သပိတ်မှောက်ကြရန် တိုင်ပင်ကြသည်ကို ထိုင်းအမျိုးသား ခြံမန်နေဂျာက သိရှိသွားသဖြင့် သူမတို့ကို ရန်ရှာလာမည်ကို အလွန်စိုးရိမ်နေရကြောင်း သူမက kaowao Newsgroup ကိုပြောကြားခဲ့သည်။