မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရပ်တည်ချက်များတူညီ

မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရပ်တည်ချက်များတူညီ
by -
Kaowao Newsgroup, IMNA
မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပယ်ချပြီး  ၂၀၁၀ ရွွေးကောက်ပွဲကို ဝင်ရောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အပေါ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ၏ လက်ရှိရပ်တည်ချက်နှင့်တူညီကြောင်း ဒုဥက္ကဌ နိုင်ငွေသိမ်းက ပြော ...

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပယ်ချပြီး  ၂၀၁၀ ရွွေးကောက်ပွဲကို ဝင်ရောက်မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်အပေါ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF) ၏ လက်ရှိရပ်တည်ချက်နှင့်တူညီကြောင်း ဒုဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ၁၇ ရက်နေ့အထိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် ပါတီဗဟိုညီလာခံ၏ ဆုံးဖြတ်ချက်မှာ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေကို လက်မခံပယ်ချ၍ မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မွန်ပြည်သစ်ပါတီနေအဖြင့် တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်း  မွန်ပြည်သစ်ပါတီက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (မွန်ဒီမို) MNDF ဒုဥက္ကဌ နိုင်ငွေသိမ်း အဆိုအရ “မွန်ပြည်သစ်ပါတီနဲ့ ကျနော်တို့ပါတီက လက်ရှိမှာရပ်တည်ချက်တူညီနေကြတယ်”  ဟုပြောသည်။

မွန်ဒီမိုအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ နည်းဥပဒေများ မထုတ်ပြန်သေးသဖြင့်် မိမိတို့ပါတီပြန် လည်မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကို တရားဝင်မထုတ်ပြန်သေးကြောင်း၊ သို့သော် မိမိတို့တိုင်းရင်သားပါတီများ ဆုံးဖြတ်ထားသည့်အတိုင်း ယခုစစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံ အတိုင်းဆိုလျှင် မိမိတိုု့ပါတီသည်လည်း ဝင်ရောက်မည်မဟုတ်ကြောင်း၊ အကယ်၍ သုံးပွင့် ဆိုင်ဆွေးနွေးမှုများ ပြုလုပ်ပြီး အများသဘောတူညီလက်ခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအ သစ်တစ်ရပ်ပြင်ဆင်ရေးဆွဲမည်ဆိုလျှင် မိမိတို့ပါတီသည်လည်း ရွေးကောက်ပွဲအသစ်တွင် ဆက် လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) MNDF (LA)  အထွေထွေအတွင်းရေးမှူး နိုင််ဥဿာကို မေးမြန်ရာတွင် “၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့  မွန်ပြည်သစ်ပါတီရဲ့ သတ္တမအကြိမ်ညီလာခံ ဆုံးဖြတ်ချက်ကို ကျနော်တို့အထူးကြိုဆိုပါတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာ နဝတ စစ်အုပ်စု၏ ၁၉၉၃ ခု အမျိုးသားညီလာခံမှ အခြေခံခဲ့ကြောင်း၊ တိုင်းရင်သားကိုယ်စားလှယ်များ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အများ စုပါဝင်ခွင့်မရှိခဲ့သော အတုအယောင်ညီလာခံရလာဒ်မှ ပေါ်ထွက်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လိမ်ညာခဲ့ သည့်  ၂၀၀၈ ဖွဲ့စည်းုအုပ်ချုပ်ပုံ  အခြေခံဥပဒေ၏ နောက်ဆက်တွဲ ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ပါ အနေဖြင့် လက်မခံနိုင်ကြောင်း၊ မွန်အမျိုးသား အကျိုးအတွက်ကြွေးကြော်ပြီး  မွန်အမည်တပ် နိုင်ငံရေးပါတီအသစ်တစ်ရောက်ပေါ်ထွက်လာလျှင်လည်း ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် မွွန်လူထုတစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းမှုတစုံတရာမပါရှိသဖြင့် စစ်အစိုးရအလိုကျ နောက် လိုက်သော ကိုယ်ကျိုးရှာသမားများသာပါဝင်ကြမှာဖြစ်ကြောင်း၊ မွန်ပြည်သူများအနေဖြင့် ဒီမိုကရေစီ နည်းအရ မိမိတို့ဆန္ဒသဘောထားအတိုင်း ရပ်တည်သွားနိုင်သည်လည်းဟု နိုင်ဥဿာက ပြောဆို သွားပါသည်။

မွန်အမျိုးသားဒီမိုကရေးစီအဖွဲ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ် ၁၉ နေရာဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ အမတ်နေရာ ၅ နေရာရရှိခဲ့ သည်။ ၁၉၉၂ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် နဝတက တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ ခေါင်းဆောင်များသည်လည်း ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရသည်။ မွန်လွှတ်တော်အမတ် နိုင်သောင်းရှိန်တစ်ဦးတည်းသာ ပြည်ပနိုင်ငံသို့  ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပရောက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်ဟောင်းများကို ပြန်လည်စုစည်းကာ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ကိုဖွဲ့စည်းခဲ့သည်။ MNDF သည် ၁၉၉၀ ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သည့် တိုင်ရင်းသားပါတီ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွှတ်သောတိုင်ရင်းသား လူမျိုးစုများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်လည်းဖြစ်သည်။

အထင်ကရ မွန်သံဃာတော်တစ်ပါးအား လျှောက်ထားမေးမြန်းရာတွင် ဆရာတော်မှ “မွန်ပြည် သစ်ပါတီနဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လက်ရှိရပ်တည်ချက်ကို မွန်သံဃာအများစုက လက်ခံပါ တယ်၊ ဒါပေမယ့် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အမတ် အစစ်အမှန်များ  လိုအပ််နေပါတယ်၊ အဲဒါမှ မွန်စာပေယဉ်ကျေးမှုရေးရာနဲ့ပတ်သက်လို့ လွှတ်တော်မှာ တင်ပြ ခွင့်ရှိနိုင်မယ်”။

ယခင် နိုင်ငံတော်မဟာသံဃာ နာယကအဖွဲ့တွင် နှီးပဒေါဆရာတော်တစ်ပါး ပါဝင်ခဲ့သဖြင့် မွန်သံဃာတော်များ ပထမပြန်စားမေပွဲ ဖြေဆိုရာတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရရှိအောင်် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကမာဝက်ဆရာတော် ဘဒ္ဒန္တပါလိတ၊  ဘဒ္ဒန္တအိန္ဒက၊ သံဖြုုဇရပ်မြို့ စူကကျောင်းဆရာတော်၊ မြို့လယ်ကျောင်းဆရာတော်နှင့် မွန်သံဃာတော်အများစု အမြင်များမှာ ဤသို့ပင်ဖြစ်ကြောင်း မိန့်ကြားသွားပါသည်။

ပြည်တွင်းရှိမွန်ပြည်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသောအကျိုးဆက်များမှာ မွန်အမျိုးသားတို့အတွက် ရလာဒ်ကောင်းများ တစုံတစ် ရာပါရှိမည်မဟုတ်သောကြောင့် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်အမတ်လောင်းများ ပါဝင်ယှဉ်ပြိုင်ဖို့ မသင့်ကြောင်း၊ ဖြစ်ပေါ်လာမည့် လွှတ်တော်အသစ်တွင်လည်း မိမိအင်အား ရှိမည်မဟုတ်သောကြောင့် စစ်အစိုးရအလိုကျသာ  လိုက်လံဆောင်ရွက်ရမည်ဖြစ်ပြီး မည်သို့မျှ အကျိုးရှိနိုင်မည်မဟုတ်ကြောင်းကို မိမိတို့ မွန်စာပေယဉ်ကျေးမှု အသိုင်းအဝိုင်းကြားတွင် ဆွေးနွေးသုံးသပ်နေကြကြောင်း စသဖြင့် ပြောဆိုသွားပါသည်။

ထိုင်းနိုင်စပ်ရှိ မွန်ပြည်သူတစ်ဦးက မွန်ပြည်သစ်ပါတီအနေဖြင့် ၁၃ နှစ်ကျော်ကြာ အပစ်ရပ်ခဲ့ရာတွင် မွန်အမျိုးသားတို့၏အကျိုးကို အကာအကွယ်မပြုနိုင်ခဲ့ကြောင်း၊ ပညာရေး၊ ကျန်မားရေးနှင့် ဒေသ ဖွံဖြိုးရေး ကိစ္စအနည်းငယ်မျှလောက်သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး မှုများလည်း မပြုလုပ်နိုင်ခဲ့ကြောင်း၊ မွန်ပြည်သစ်အနေဖြင့် ရွေးကောက်ပွဲဝင်လည်မထူး၊ မဝင်လည်း မထူး  အပစ်ခတ်ရပ်စဲ ထားနိုင်ယုံမျှသာရှိသည်ဟု ထုတ်ဖော်ပြောကြားသွားပါသည်။

၁၉၄၈ တွင် မွန်ပြည်သူ့တပ်ဦး လက်နက်ကိုင် တိုက်ပွဲစတင်ခဲ့ရာ ၁၉၅၈ ၌ မြန်မာအစိုးရနှင့် ငြိမ်းချမ်း ရေးသဘောတူညီမှုပြုခဲ့ပြီး အကြွင်းမဲ့လက်နက်အပ်နှင်းကာ တရားဝင်ပါတီအဖြစ် ဥပဒေဘောင်အ တွင်း ရပ်တည်ဝင်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရောက်ခဲ့ရာ အမတ် (၅) နေရာရှိခဲ့ဘူးသည်။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်းစစ်အာဏာသိမ်းပွဲတွင် ထိုထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ကြရပြီး နှစ်ရှည် ထောင်ဒဏ်များ ကျခံခဲ့ရသည်။ မွန်ပြည်သူ့တပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီ လဲလှယ်သည့်မူကို လက်မခံနိုင်၍ ဗဟိုကော်မတီဝင် နိုင်ရွှေကျင်က ဥက္ကဌအဖြစ် ခေါင်းဆောင်ကာ မွန်ပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကို ယနေ့တိုင် အနှစ် ၅၀ ကျော်ကိုင်စွဲရပ်တည်ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် နဝတစစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။