ကယားပြည်နယ် ရဲတပ်ဖွဲ့များအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာနှင့် လုံခြံုရေးသင်တန်းများကို ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် စတင်ပို့ချပေးလျက်ရှိ်သည်ဟု ကယားပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ဦးစိုးဝင်းက ပြောသည်။
“တပ်ဖွဲ့ဝင်အဆင့်အတန်းအားလုံးအနေနဲ့ လုံခြံုရေးဆိုင်ရာ အသိအမြင်တွေ ရရှိဖို့ဆောင်ရွက်တပ်ဆင်ဖို့ အတွက် ရည်ရွယ်ချက်ထားပြီး သင်တန်းပို့ရခြင်းပဲဖြစ်ပါတယ်” ဟု ဦးစိုးဝင်းက ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် လုံခြံုရေး ချိုးဖောက်မှု မဖြစ်စေရန် ရည်ရွယ်ပြီး တပ်ဖွဲ့ဝင်အဆင့်အတန်းအလိုက် သင်တန်းပို့ချသွားမည်ဖြစ်သည်။ ပထမအဆင့်အနေဖြင့် ခရိုင်တပ်ဖွဲ့မှူး၊ ဒုတိယရဲမှူး၊ ရေး/ထောက်၊ ဒုတိယရဲမှူး မြို့နယ်မှုခင်းမှတ်တမ်းအဖွဲ့များကို ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အထိ ပို့ချပေးလျက်ရှိသည်ဟု သိရသည်။
ရွေးကောက်ပွဲတွင် လုံခြံုရေးနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့များက အဓိက တာဝန်ယူဆောင်ရွက်သွား မည်ဖြစ်သည့် အတွက် လုံခြံုရေးသင်တန်းများကို ပထမအဆင့် ၊ ဒုတိယအဆင့် ၊ တတိယအဆင့်ဖြင့် ပို့ချပေးသွားခြင်းဖြစ် သည်ဟု ဆိုသည်။
ဒုတိယအဆင့်တွင် လွိုင်ကော်ခရိုင်နှင့် ဘော်လခဲခရိုင်၊ တတိယအဆင့်တွင် မြို့နယ် ရမြို့နယ်တွင် သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး အောက်ခြေရဲတပ်ဖွဲ့များကိုလည်း ရွေးကောက်ပွဲဆိုင်ရာ အသိအမြင်များကို ပို့ချပေးသွားမည်ဟုသိရသည်။
ဒုတိယအဆင့်နှင့် တတိယအဆင့်ကို လာမည့် မတ်လအတွင်းတွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရသည်။