လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွင် ၁၈ နှစ်အောက် အမျိုးသမီးငယ်များ ပိုများဟု ဆို

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွင် ၁၈ နှစ်အောက် အမျိုးသမီးငယ်များ ပိုများဟု ဆို
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ်၌် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် ၁၈ နှစ်အောက် အမျိုးသမီးငယ်များ မှာ ပိုများကြောင်း ကရင်နီအမျိုးသမီး အစည်းအရုံး (KNWO) မှ ဆရာမ မီးမီးက ပြောသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ ဒီမောဆိုမြို့နယ် ရူးဖယ်ခူရပ်ကွင်းတွင်းရှိ မော့ဒူကလားမေး ခန်းမဆောင်တွင် ပြု လုပ်သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ အဲဒီအကြမ်းဖက်မှုမှာ (၁၈)နှစ်အောက်ကလေးတွေ အကြမ်းဖက်တာ က တော်တော်များတယ်။ ရိုးရာဓလေ့ထုံးတမ်းအရ၊ ဒါမှမဟုတ် တရားမျှတမှု တရားဥပဒေ စိုးမိုးမှုမရှိလို့လား ဒီအမှုတွေက တိတိကျကျ မပေါ်ထွက်လာသေးတာဖြစ်တယ်ပေ့ါနော်။ တော်တော်လေးတော့ များနေပြီေပေ့ါနော်” ဟု ဆရာမ မီးမီးကပြောသည်။

ရိုးရာဓလေ့ထုံးတမ်းအရ မိရိုးဖလာပုံစံခွက်သွပ်သွင်း ခြင်း ၊မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့် အလုပ်လက်မဲ့ဖြစ်ခြင်း စသည့်အကြောင်းအရာများမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပိုပြီးဖြစ်စေကြောင်း ဆရာမမီးမီးက ဆက်ပြောသည်။

“အဲဒါလည်းရိုးရာဓလေ့နဲ့ဆက်စပ်နေတယ်။ မူးယစ်ဆေးဝါးတွေကြောင့်ဖြစ်တယ်။ နောက်တစ်ခုကတစ်နိုင် ငံလုံး ဒီပြည်နယ်အတိုင်းအတာအရ လူထုတော်တော်များများက အလုပ်လက်မဲ့ဖြစ်နေတာပေ့ါ။ အဲလိုအလုပ် လက်မဲ့ဖြစ်နေတဲ့အခါမှာ အလုပ်လက်မဲ့တော့ အလုပ်မရှိ ၊၀င်ငွေမရှိ စိတ်ညစ်တယ်ဆိုပြီးအရက်သောက်တယ် အဲလိုကနေပြီးတော ့ အကြမ်းဖက်မှုတွေ ချိတ်ဆက်သွားတယ်ပေ့ါနော်။” ဟု ဆရာမ မီးမီးကဆက်ပြောသည်။

လက်ရှိကယားပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ အချက်အလက် Data များကိုအတိအကျ စုဆောင်းထားခြင်းမရှိသေးသော်လည်း တလအတွင်း အကြမ်းဖက်မှု ၃၊၄ ခုခန့်ဖြစ်ပေါ်လျှက်ရှိကြောင်းဆက်ဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရပ်တန့်နိုင်ဖို့ အကြမ်းဖက်ခံနေရသော အမျိုးသမီးများကိုယ်၌က လည်း ရေငုံနုတ်ပိတ် မနေသင့်ပဲ နောက်ဆက်တွဲဆိုးကျိုးများ လိုက်ပါမလာအောင် သတ္တိရှိရှိဖွင့်ဟပြောဆိုနိုင်ဖို့ အရေးကြီးနေ ကြောင်း လည်းဆိုသည်။

Women’s Galaxy မှ မအယ်ဝါးက “ဒီအကြမ်းဖက်ပပျောက်ဖို့ဆိုတာက အများကြီးလုပ်ဖို့လိုအပ်ပါသေး တယ်။ အမျိုးသမီးအပေါ်အကြမ်းဖက်မှုဖြစ်ပါတယ် ဆိုတဲ့ဟာကိုလူအများသိရှိအောင် လုပ်ဖို့ လည်းလိုအပ် သလိုအကြမ်းဖက်မှုဖြစ်ပျက်နေတဲ့ ပတ်ဝန်းကျင်ကနေ အကြမ်းဖက်မှုဖြစ်တယ်ဆိုပြီးသိရှိတဲ့အခါမှာဒီ အကြမ်းဖက်မှုုကို ၀ိုင်းဝန်းရပ်တန့်ဖို့လည်းလိုအပ်တာပေ့ါ။”ဟုပြောသည်။

လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေချိန်ကာလတွင် လည်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု များဆက်လက်တည်ရှိနေပြီး ယခုလိုဒီမိုကရေစီလမ်းကြောင်းပေါ်လျောက်လှမ်းနေစဉ် ကာလတွင် ယခုလို အကြမ်းဖက်မှုများရှိမနေသင့်တော့ကြောင်းဆက်ပြောသည်။

လက်ရှိတွင် KNWO အဖွဲ့အနေဖြင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် လုံခြံုရေးတွင် ၀န်ဆောင် မှုပေးနေပြီး ကျေရွာများသို့ အမျိုးသမီးများ အကြမ်းဖက်မှု ဆိုင်ရာ အသိပညာပေးသင်တန်း များ ပြုလုပ်နေကြောင်းသိရသည်။

ဒီးမောဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် မော့ဒူကလားမေး ခန်းမဆောင်အတွင်း ပြုလုပ်သော အကြမ်းဖက်မှု ဆန့်ကျင်ရေး(၁၆)ရက်သာလုပ်ရှားမှုကို နို၀င်ဘာ(၂၅)ရက်နေ့မှ ဒီဇင်ဘာ (၁၀)နေ့အထိ “တရားမျှတမှု အတွက် မျော်လင့်ချက်သာပေးပါ” ခေါင်းစဉ်ဖြင့် Women’s Center, Women’s Safe House, Women’s Galaxy , Karenni National Women Organization တို့က ဦးဆောင်ပြုလုပ်ခဲ့သည်။

Most read this week