ပြည်သူပိုင်ဂေါက်ကွင်း အစိုးရမှ ကုမ္ပဏီအားငှားရမ်းခြင်းသည် ဒေသခံများဆန္ဒမပါဟုဆို

ပြည်သူပိုင်ဂေါက်ကွင်း အစိုးရမှ ကုမ္ပဏီအားငှားရမ်းခြင်းသည် ဒေသခံများဆန္ဒမပါဟုဆို
by -
ကန္တာရဝတီတိုင်းမ်

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်သူပိုင် ကန္ဒာရဝတီ ဂေါက်ကွင်းအား အစိုးရမှ ကုမ္ပဏီအားငှားရန်ခြင်းသည် ဒေသခံများ၏ ဆန္ဒသဘေားထား မပါကြောင်း ဂေါက်သီးကစားသမား အဖွဲ့ဝင် ဖြစ်သည့် ကိုအောင်ဖြိုးကျော်က အောက်တိုဘာလ ၁ ရက်နေ့တွင်ပြောကြားသွားသည်။

၎င်းက “ အစည်းအဝေးနဲ့လည်း ဖိတ်စာနဲ့သေချာမဖိတ်ဘူး သူတို့ဖိတ်တယ်လို့သာပြောတယ် လာတော့ ငါးယောက်လောက်နဲ့ပြီးသွာတယ် ကုမ္ပဏီနဲ့ စာချုပ်ချုပ်တာတောင် ကျနော်တို့ မသိလိုက်ဘူး ပြီးမှသိရတာပေါ့နော် ”ဟုပြောသည်။

golf-roks

ပြည်သူပိုင် ကွင်းဖြစ်သောကြောင့် အများပြည်သူ၏ သဘေားထားဆန္ဒများ ဂေါက်ကစားကြသည့် ဒေသခံ ကစားသမား များ ၏ဆန္ဒသဘောထား များကို ရယူသင့်ကာ ပွင့်လင်းစွာ ချပြဆွေးနွေးသင့် ဟု ဆိုသည်။

၎င်းကုမ္ပဏီသည် ရုပ်ရှင်သရုပ်ဆောင်လွင်မိုးပိုင် ဝမင်းကုမ္ပဏီဖြစ်ပြီး ဒေသဖွံ့ဖြိုးရေး အတွက်အဓိကထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဂေါက်ကွင်းအား အဆင့်မြင့် ပြင်ဆင်မှုများ စာသောက်ဆိုင်ခန်းများ လည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဝမင်းကုမ္ပဏီကယားပြည်နယ် ဒုမန်နေဂျာ မဆုမွန် ကပြောသည်။

“ကန္ဒရဝတီဂေါက်ကွင်းက အစိုးရအဖွဲ့ပိုင်တာမဟုတ်ဘူး လို့သိထားတယ်။ ကျမသိတာ သူကကော်မတီဝင်တွေ နဲ့ဖွဲ့ပြီးအများပိုင်ကွင်းပေါ့ အဲ့ဒါမျိုးကိုမှ အမတို့ကသူတို့ဆီက ငှားလိုက်တာပေါ့ ပြင်တာကတော့ ဂေါက်ကွင်းက တစ်လနှစ်လ နဲ့မပြီးဘူးလေ အမအနည်းဆုံး သုံးနှစ်လောက်တော့ပြင်ရမယ် ငှားခကိုတော့ သူအဖွဲ့ကိုပေးရတာပေါ့ ”ပြောသည်။

မြန်မာနိုင်ငံတွင် ဂေါက်ကွင်းပေါင်းများစွာ ရှိသည့်ထဲတွင် ပြည်သူပိုင်ကွင်းမှာ တောင်ကြီးနှင့် လွိုင်ကော်မြို့ရှိ ယခုကန္ဒရဝတီ ဂေါက်သီးကစားကွင်း နှစ်ကွင်းသာရှိကြောင်းသိရသည်။

ပြည်သူပိုင်ကွင်း ဖြစ်သေားကြောင့် ဒေသခံများ ကျောင်းသားများ လွတ်လပ်စွာ လာရောက်အပန်းဖြေခြင်း ၊ စာကျက်ခြင်း ပြုလုပ်ကြပြီး ယခုလိုကုမ္ပဏီ ငှားလိုက်ပါက လွတ်လပ်စွာသွား လာနိုင်ခွင့် လာရောက်အပန်းဖြေခွင့် ဒေသခံများ၏ အခွင့်ရေးများ ဆုံးရှုံးသွားနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပြည်နယ်အစိုးရမှ ယခုလိုကုမ္ပဏီ အားငှားရမ်းလိုက်ခြင်းသည် ဂေါက်ကစားကွင်း တစ်ခုအနေနှင့် ပိုမိုကောင်းမွန် ဖွံ့ဖြိုးလာနိုင်ပြီး တစ်ဖက်တွင်လည်း ဒေသခံများ သာမန် ဂေါက်သီရိုက် ကစားသမားများ ၏လက်ရှိအခွင့်ရေးများ လွတ်လပ်မှုမရှိတော့ခြင်းကြောင့် ကန့်သက်မှုများဖြစ်လာနိုင်သောကြောင့် ဒေသခံများ၏ ဆန္ဒ သဘောထားများ ရယူသင့်ကြောင်း ကရင်နီပြည်လူငယ်များ သမ္မဂ္ဂ (UKSY) ဗဟိုကော်မတီဝင် ကိုကော်ရီရို ကပြောသည်။

၎င်းက “ အစိုးရအနေနဲ့ ပြည်သူတွေနဲ့ သင့်မြက်ချင်ရင် တိုင်ပင် သင့်တယ် တိုင်ပင်ညှိနှိုင်းမှု မရှိဘဲ ကုမ္ပဏီ တွေနဲ့ စာချုပ်ချုပ်တာ ပြည်သူတွေကို လှစ်လှူရှု့တဲ့ သဘေားမျိုး သက်ရောက်တယ် ”ဟုပြောသည်။

၎င်းဂေါက်သီးကစားကွင်းအား ဂေါက်ကွင်းပိုင်းဆိုင်ရာ များကိုအဆင့်မြင့်ခြင်း၊ လက်ရှိ ရှိနေသည့် ဂေါက်ကလပ်များ ၊ ခုံများ ၊နားနေဆောင်များ အားပြုပြင်ခြင်း အဆင့်မြင့်စာသောက်ဆိုင် များ ဖွင့်လှစ်ခြင်း ကယ်ရီသမား အတွက် ကမ်တင်း များ ဝန်ထမ်းအဆောက်ဦးများ တည်ဆောက်ပေးခြင်းများ ၊ဂေါက်လေ့ကျင့်ကွင်းများ ၊ အလှပြင်ဇိမ်ခံ (SPAR) များပါ အဆင့်မြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လာမည့် ဒီဇင်ဘာလတွင် ဖွင့်ပွဲလုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ဝမင်း ကုမ္ပဏီဒုမန်နေဂျာ မဆုမွန်က ပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ဝမင်း ကုမ္ပဏီ နှင့်ပြည်နယ်အစိုးရအဖွဲ့ တို့ ကန္ဒရဝတီဂေါက်ကစားကွင်း အားငှားရမ်းရန် (၁၅) နှစ် စာချုပ်ချုပ်ခဲ့ပြီး ငါးနှစ်တစ်ကြိမ် သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဝမင်းကုမ္ပဏီ မှာကယားပြည်နယ်တွင် လက်ရှိကန္ဒရဝတီ ဂေါက်ကစားကွင်း အားငှားရမ်းထားပြီ ဂေါက်ကွင်း ဘေးတွင် ဟိုတယ်တစ်ခုတည်ဆောက်လျှက်ရှိ သည်ဟုသိရသည်။

Most read this week