ထွန်တုံးတိုက်ပွဲတွင် ပါ၀င်ခဲ့သူ (၅) ဦးအား အမှုဖွင့် စစ်ဆေးမည်

ထွန်တုံးတိုက်ပွဲတွင် ပါ၀င်ခဲ့သူ (၅) ဦးအား အမှုဖွင့် စစ်ဆေးမည်
by -
ကန္တာရဝတီတိုင်း(မ်)

ဆိုလျားကူးထွန်တုံးတိုက်ပွဲတွင် ပါ၀င်ခဲ့သူ (၅) ဦးအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် ဖရူဆိုမြို့နယ် တရားရုံးတွင် အမှုစစ်ဆေးမေးမြန်းရန်အတွက် ဖရူဆိုမြို့နယ် ရဲစခန်းမှ အကြောင်းကြားထားသည်ဟု သိရသည်။

ခမရ (၅၃၁) တပ်မှဒေသခံတောင်သူများအပေါ်အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍ စက်တင်ဘာလ ၁၈ နေ့တွင် ရဲ့စခန်းမှ ထွန်တုံးတိုက်ပွဲတွင်ပါဝင်သူ ကိုတူရယ်အား ရဲ့စခန်းသို့ခေါ်ပြီး တရားရုံးတွင် လာရောက်စစ်ဆေးခံရန် နုတ်ဖြင့် ပြောဆိုသွားသည်ဟု ကိုတူရယ်က ပြောသည်။

pruso-policestation

ထွန်တုံးတိုက်ပွဲတွင် ပါ၀င်ခဲ့သည့် ယခု ဆင့်ခေါ်ခံထားရသူ (၅) ဦးအား မဖြစ်မနေတရားစွဲဆိုတော့ မည်ဖြစ် ကြောင်း ဦးအန်တောညို(တူရယ်)၏ ပြောပြချက်အရသိရသည်။

မိမိတို့ဘက်မှလည်း မပျက်မကွက် သွားရောက်အစစ်အဆေးခံမည်ဖြစ်ပြီး ဆင့်ခေါ်ခံရသူ (၅) ဦး တည်းသာ သွားမည်မဟုတ်ဘဲ တရွာလုံးသွားရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

တပ်သိမ်းလယ်ယာမြေကိစ္စတွင် ဒေသခံတောင်သူများ၏ လယ်ယာမြေများ ဆုံးရှုံးနစ်နာမှုမရှိစေရန် အခမဲ့ လိုက်လံဆောင်ရွက်ပေးနေသည့် ဥပဒေပညာရှင်လူငယ်များစုစည်းထားသည့် (Law Home) အဖွဲ့မှလည်း ရှေ့နေအဖြစ်လိုက်လံဆောင်ရွက်ပေးသွားမည်ဟု ၎င်းအဖွဲ့မှ တာဝန်ရှိသူ ကိုကျော်ဝဏ္ဏအောင်က ပြောသည်။

"အဲဒီနေ့ရုံးချိန်းသွားကြည့်ပြီးမှသိနိုင်မယ်။ အရင်ဆုံးပါ ပိုဒ်မှနဲ့ဆိုတာ မသိသေးဘူး။ အာမခံလာလုပ်ဖို့ သူတို့ပြောလိမ့်မယ်။ လိုအပ်တာရှိရင်အမှု ဘာပိုဒ်မနဲ့ဆွဲမယ်မှန်း မသိသေးဘူးနော်။ ကျနော်တို့အဖွဲ့က သွားကြည့်မယ် လိုအပ်တာရှိရင် အမှုလိုက်ပါဆောင်ရွက်ပေးမယ်"ဟု ကိုကျော်ဝဏ္ဏအောင်က ပြောသည်။

ဆင့်ခေါ်ခံရသူ ငါးဦးမှာ ဆရာသဲရယ်၊ ဦးအန်တောညို(တူရယ်)၊ ဦးဆူရယ်၊ ဦးရှားရယ် နှင့် ဦးမီရယ်တို့ဖြစ်ကြသည်။ ယခင်ကရဲ့စခန်းမှခေါ်ယူစစ်ရာတွင်(၄) ဦးသာ စစ်ဆေးလျက်ရှိပြီး ယခုအခါ (၅) ဦး စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဲစခန်းမှ ဆိုလျားကူးရွာသားများအား ယခင်က မကြာခဏဆိုသလို ခေါ်ယူစစ်ဆေးလျက်ရှိပြီး ရွာသားများမပျက်မကွက် သွားရောက်စစ်ဆေးခံလျက်ရှိသည်ဟု သိရသည်။

Most read this week