မိုးပွင့်စီမံချက် အဆင့် ၆ ဆင့်ဖြင့် ကယားပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးနေ

မိုးပွင့်စီမံချက် အဆင့် ၆ ဆင့်ဖြင့် ကယားပြည်နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ဆောင်ရွက်ပေးနေ
by -
ကန္တာရဝတီတိုင်း(မ်)

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနက အသက်ပြည့်သူများအတွက် နိုင်ငံသား စိစစ်ရေးကဒ်ပြားများကို NRC နှင့်ပူးပေါင်းပြီး ကျေးရွာအုပ်စု၊ မြို့နယ်အလိုက်ကွင်းဆင်း ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

လွိုင်ကော်ခရိုင်ဦးစီးဌါနမှူး ဒု-ညွန်ကြားရေးမှူး ဦးသိန်းမင်းက “ကျနော်တို့ တိုင်းရင်းသားတွေ၊ မြန်မာနိုင်ငံသားတွေ အားလုံးကို ဒါ ကျနော်တို့ အိမ်တိုင်ရာရောက်ပေါ့နော်၊ NRC နဲ့ပူူးပေါင်းပြီးတော့ ကျနော်တို့ ပြည်သူလူထုကို လာပြီးတော့မှ အချိန်ရော ငွေရော အားလုံး သက်သာစေချင်တဲ့ အစီအမံနဲ့ကျနော်တို့ လာပြီးတော့ One stop service လို Free Issue NRC နဲ့ပေါင်းပြီးတော့မှ လုပ်ပေးတာဖြစ်ပါတယ်” ဟု ကန္တရဝတီတိုင်းသို့ပြောသည်။

sha-roks

ကျောင်းသူကျောင်းသားများကို ဦးစားပေး ပြုလုပ်ပေးလျက်ရှိရာ ကယားပြည်နယ်အတွင်း မိုးပွင့်စီမံကိန်း၏ အဆင့် ၁ မှ အဆင့် ၆ အထိ စတင်ဆောင်ရွက်လျက်ပေးနေတာဖြစ်ကြောင်းသိရသည်။

လိုအပ်သည့် အချက်အလက်များမှာ မိဘနှစ်ပါး၏ နိုင်ငံရေးစိစစ်ရေးကဒ်ပြား၊ အိမ်ထောင်စုစာရင်း၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးထောက်ခံချက်၊ သွေးစစ်ဆေးထားသည့် လက်မှတ်များ ဖြစ်သည်ဟု ပြောသည်။

အိမ်ထောင်စုစာရင်းမရှိသူများအတွက် ရပ်ကွက်ထောက်ခံချက်များ လိုအပ်ပြီး ရပ်ကွက်အတွင်း နေထိုင်သူဖြစ်ကြောင်း အနည်းဆုံး ၆လ အတွင်း အိမ်ထောင်စုစားရင်း ထုတ်ပေးကြောင်း ဦးသိန်းမင်းက ပြောသည်။

နိုင်ငံသားစိစစ်ရေးကဒ်ပြား အခမဲ့ဆောင်ရွက်ရာတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့တွင် ဒီးမောဆိုမြို့နယ်ရှိ ငွေတောင်ကျေးရွာအုပ်စုတွင် NRC နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မှတ်ပုံတင် အခမဲ့ဆောင်ရွက်ပေး ခဲ့ရာမှာ လူဦးရေပေါင်း ၂၃၀ လာရောက် လုပ်ဆောင်ကြကြောင်း သိရသည်။