ကယားပြည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ဖိုုရမ်မှ ကြေညာချက်ထုုတ်ပြန်

ကယားပြည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေး ဖိုုရမ်မှ ကြေညာချက်ထုုတ်ပြန်
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် လွိုင်ကော်မြို့ နာနတ်တော ရပ်ကွက်ရှိ ကက်သလစ်ဘုရား ကျောင်းတိုက် တွင် ဇူလိုင်လ ၂၁ ရက်နေ့မှစ ၍ ၂၃ ရက်နေ့ထိ ကျင်းပခဲ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအရပ်ဖက်လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ဆွေးနွေးခြင်း ဖိုရမ်အား ကယားပြည်နယ်ရှိ CSO (လူထုအခြေပြု အဖွဲ့အစည်း) စုစုပေါင်း ၅၂ ဖွဲ့မှသုံးရက်တာဆွေးနွေးခဲ့ကြပြီး ထုတ်ပြန်ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

၎င်းထုတ်ပြန်ကြေညာချက်တွင် ၂၀၁၀ ခုနှစ်ကတည်းက စတင်ခဲ့သည့် အစိုးရနှင့် လူထုတို့ ကြိုးပမ်းဆောင်ရွက် နေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များမှာ နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်း ဆောင်ရွက်ခွင့်များ တိုးတတ်လာခဲ့ပြီး လက်ရှိအချိန်တွင် ပြည်တွင်းစစ်နှင့် ဖိနှိပ်မှုကင်းအောင် အစိုးရနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက် ရန်သင့်လျော်သောအချိန် ဖြစ်သည်ဟုုဆိုုသည်။

လူထုထဲတွင် ပြဿနာပေါင်းများစွာရှိနေကြပြီး ပထမဦးစွာ အပစ်ခက်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ချက် များ အတွက်ပွင့်လင်းမြင်သာမှု များစွာလိုအပ် နေဆဲရှိပြီး ပြည်နယ်အစိုးရ သည်အသွင်ကူးပြောင်းရေးတွင် ထိရောက်စွာပါဝင် နိုုင်ရန် အခွင့်အာဏာ ပေးရန်လိုအပ်ဆဲ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

̏ ဒီဖိုရမ်က ထွက်ပေါ်လာတဲ့ ရလဒ်တွေကို ကြည့်တော့ အင်မတန်မှအားရ ကျေနပ်မိပါတယ်။ ငြိမ်းချမ်းရေး ဆိုတာဘာလဲ ဆိုတာကို အဓိပ္ပာယ် ဖော်ဆောင်တာ ၊ငြိမ်းချမ်းရေးအတွက် အတားဆီးဖြစ်နေတာတွေကို ရှာဖွေတာ ငြိမ်းချမ်းရေး အတွက်အထောက်ကူပြုစေနိုင်တဲ့ ကိစ္စတွေကို ရှာဖွေတာက ပြည့်စုံမှန်ကန်မှု ရှိတာကို တွေ့ရတဲ့အတွက် အင်မတန်မှ အားရကျေနပ်မိပါတယ် ״ ဟုု ဆွေးနွေးပွဲသို့ တတ်ရောက်ဆွေးနွေးခဲ့သည့် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး-၁ ဗိုလ်မှူးစေားလွင်ကပြောသည်။

ဖိုရမ်မှ ထုတ်ပြန်ကြေညာချက်တွင် အချက်(၃)ချက်ကို တိုက်တွန်းထားသည်။

၎င်း အချက်များမှာ- (၁) မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရ နှင့် ပြည်နယ်အစိုးရတို့သည် အာဏာ ခွဲဝေရေးနှင့် ဗဟိုအာဏာ ချုပ်ကိုင်မှု လျော့ချရေးကို အမြန်ဆုံးဆွေးနွေးကြပါရန် နှင့်ပြည်နယ်အစိုးရများသို့ သဘာဝ သယံဇာတများအား ပြည်သူလူထုဆန္ဒဖြင့် အသုံးပြုနိုင်ရေး ကိစ္စရပ်များ ကိုအမြန်ဆုံးဆောင်ရွက်ပေးရန်။

(၂) ပြည်ထောင်စုအစိုးရနှင့် ကရင်နီပြည်(ကယားပြည်နယ်) ရှိလက်နက်ကိုင် အဖွဲ့စည်းများသည် ခိုင်မာသော အပစ်ခက်ရပ်စဲရေး နှင့်စစ်မှန်သော ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် အစွမ်းကုန်ကြိုးစား၍ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု အဆင့် ကိုအမြန်ရောက်အောင်ပြုလုပ်ကြရန်။

(၃) အစိုးရ၊ လက်နက်ကိုင်အဖွဲ့စည်းများ နှင့်နိုင်ငံရေးပါတီတို့သည် လူထုအခြေပြုအဖွဲ့စည်းများ၏ ငြိမ်းချမ်းရေး ၊ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများချမှတ်ခြင်း ၊အကောင်ထည်ဖော်ခြင်း စသည့်အဆင့်တိုင်းတွင် ပါဝင်နိုင်ရန် ဝိုင်းဝန်းကြိုးစားပေးကြပါရန်။ တို့ ဖြစ်သည်။

ဆွေးနွေးပွဲသို့ တတ်ရောက်လာသည့် ကယားပြည်နယ် ကျောင်းသားသမဂ္ဂ မှတွဲဖက်အတွင်းရေးမှူး ခူးပတ်ထရစ်က ̏ ဒီဖိုရမ်ကို ကျွန်တော်တို့ ကျောင်းသားတွေ လည်းတတတ်တအားပါဝင် ဆွေးနွေးခဲ့တယ် အခုဖိုရမ်မှာ ဒီနိုင်ငံရေး ငြိမ်းချမ်းရေးတွေမှာလည်း ကျွန်တော်တို့ ကျောင်းသားတွေ ပါဝင်သင့်တယ်လို့ ထင်လို့ပါ ״ဟုပြောသည်။

ဇူလိုင်လ ၂၁ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ၎င်း ဖိုရမ်တွင် ကရင်နီ အမျိုးသားတိုးတတ်ရေးပါတီ (KNPP) ၊ကျောင်းသားတပ်မတော် (ABFDS) ၊ ကယန်းပြည်သစ်ပါတီ ၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(KLPLF) စသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အရပ်ဖက်လူမှု အဖွဲ့စည်းများ၊အမျိုးသမီး အဖွဲ့များ ၊ နိုင်ငံရေးပါတီများ လူထုများ စုစုပေါင်း (၁၇၆)ယောက် တတ်ရောက် ဆွေးနွေး ခဲ့ကြသည်။

ဖိုရမ်သို့ တတ်ရောက်လာသူတစ်ဦးက ̏ ဖိုရမ်က ဆွေးနွေးရတာ အရမ်းကောင်းတယ် တစ်ခုပဲ လူထုတွေ ပါဝင်တာ နည်းနေသေးတယ် နောက်ဆို တကယ့်လူထုတွေ ဒီထက်မက ပါဝင်ဖို့လိုအပ်တယ်״ ဟုအကြံပြုသွားသည်။

Most read this week