ကယားပြည် ဖရူဆိုုမြို့နယ် ဆိုလျားကူးကျေးရွာမှ ပိုက်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုုခံထားရသော တောင်သူ ၁၉၀ ဦးအား ယနေ့ ဇွန်လိုင်လ ၁၂ရက်နေ့တွင် လာရောက်စစ်ဆေးရန် အစီအစဉ်ကို ဖျက်သိမ်းလိုုက်ရကြောင်း သိရသည်။
အစိုးရတပ်မှ ဆိုုလျားကူးတောင်သူများအား ပိုုက်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုုထားသည့်အပေါ် အစိုုးရနှင့်အပစ်ခတ်ရပ်သဘောတူလက်မှတ်ရေး ထိုုးထားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အပါအဝင် ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ကရင်နီ အမျိုးသားငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကယန်းပြည်သစ်ပါတီ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ - ကယားပြည်နယ်၊ ကယန်းအမျိုးသား ပါတီ၊ ကယားပြည်၈၈မျိုးဆက်အင်အားစုု စသည့်အဖွဲ့အစည်းများနှင့်အတူ အမျိုးသမီးနှင့်ကျောင်းသား လူငယ်အဖွဲ့အစည်း စုုစုုပေါင်း အဖွဲ့အစည်းပေါင်း ၂၀ကျော်တိုု့က ကန့်ကွက် ကြေငြာချက်ထုုတ်ပြန်ထားသည့် အတွက် ဖြစ်နိုုင်ကြောင်း တရားစွဲဆိုုခံထားရသည့် တောင်သူတိုု့၏ခေါင်းဆောင် ခူးတူရယ်ကပြောသည်။
ဆိုုလျားကူးရွာကတောင်သူ ၁၉ ၀ ဦးကိုုရဲများမှ ဇွန်လိုုင်လ ၁၂ရက်နေ့တွင် လာရောက်စစ်ဆေးမေးမြန်း မှုပြုလုုပ်မည်ဖြစ်သည့်အကြောင်း ဖရူဆိုုရဲချုပ်မှ ရွာသားများအား ဖုုန်းဖြင့်ကြိုတင် ဆက်သွယ်၍အကြောင်းကြား ထားခဲ့ခြင်းဖြစ်သည်။
ဆိုုလျားကူးတောင်သူများ ပိုုင်ဆိုုင်သည့် လယ်ယာမြေ ဧက ၁၃၀၀ ကို ခမရ ၅၃၁ တပ်ကတပ်ပိုုင်မြေအဖြစ် သိမ်း ယူထားခဲ့ခြင်းဖြစ်ပြီး သိမ်းဆည်းခံမြေယာများ အပေါ် ပြန်လှည်စိုုက်ပျိုးစားသောက်နိုုင်ရန်တောင်သူမှား မှထွန်တုံုးတိုုက်ပွဲ တရပ်ကိုု ယခုုနှစ်မိုုးဦးအချိန်ကစပြီးစတင်ဆင်နွဲလာခဲ့သည့်အတွက် တပ်ဘက်မှယခုုလို ပိုုက်နက်ကျူးလွန်မှုဖြင့်တရားစွဲဆိုုထားခြင်းဖြစ်သည်။