ထိုင်းမြန်မာနယ်စပ် မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်နီအမှတ် ၁ ဒုက္ခသည်စခန်း အတွင်း ဇူလိုုင်လ ၁၉ ရက်နေ့ကစပြီး ထိုုင်းအာဏာပိုုင်များမှ လူဦးရေစာရင်း ၀င်ရောက်စစ်ဆေးမည်ဖြစ်သည့်အတွက်လုုပ်ငန်းကိစ္စ နှင့်အပြင်သိုု့ ရောက်ရှိနေကြသူများ ပြန်လာပေးကြရန် လိုုအပ်ကြောင်း စခန်းအုုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ မော်မိုုးဘူးက ပြောသည်။
ထိုင်းအာဏာပိုုင်များမှ ဇွန်လိုုင်လ ၁၀ရက်နေ့က စခန်းအတွင်းသိုု့လာရောက်၍ ဒုုက္ခသည်တာဝန်ရှိသူများ အား လာရောက်တွေ့ဆုံုခဲ့ပြီးနောက် စခန်းအုုပ်ချုပ်ရေးကော်မီတီ ဥက္ကဌ မော်မိုုးဘူးက ယခုုလိုပြောသည်။
“၁၀နဲ့ ဒီ ၁၉ရက်ကြားမှာတော့ ကျမတို့ စခန်းရှိ လက်ရှိ လူဦးရေစာရင်းအတိအကျ ယူဦးမှာပေါ့။ နောက်ပြီး ၁၉ ရက်နေ့မှာလာစစ်ဆေးမယ်ပေါ့ ၁၉ရက်နေ့ကနေ ဒီလကုန်အထိပေါ့။ ယူအဲန်ရှိတဲ့လူတွေက သူတို့ကို ယူအဲန် ထုတ်ပြမယ် မရှိတဲ့သူကျတော့ တခြားအမှတ်အသား ဥပမာ အုပ်ချုပ်ရေးဖောင်လား ဒါမှမဟုတ်ရင်ဆန်လက် မှတ် လား ပြပေးရမှာပေါ့” ဟု သူမက ပြောသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်အစိုုးရအကြား အပစ်ခတ်ရစဲရေး သဘောတူ လက်မှရေးထိုုး ထား သည့်အတောအတွင်း စခန်းတွင်းမှ မိသားစုုဝင်အချို့ ပြည်တွင်းသိုု့ ပြန်လှည် အခြေချနေထိုုင်နိုုင်ရန် ဖြစ်နိုုင်ခြေရှိမရှိ သွားရောက်လေ့လာသူများ ရှိနေသကဲ့သိုု့ ပြည်တွင်း ဖွံ့ဖြိုးရေးလုုပ်ငန်းတွင်ပါ၀င်လုုပ်ဆောင် နေ သူများလည်း စခန်းအပြင်ဘက်တွင် ခရီးလွန်နေကြသည်။
ထိုုင်း-မြန်မာနယ်စပ်အကူညီပေးရေးအဖွဲ့ TBC ၏ မေလ ၂၀၁၄ခုုနှစ် ထုုတ်ပြန်ထားချက်အရ ထိုုင်းနိုုင်ငံရှိ မယ်ဟောင်ဆောင်ခရိုုင်အတွင်းရှိ ကရင်နီဒုုက္ခသည်စခန်း ၁နှင့် စခန်း ၂ တွင် စုုစုုပေါင်းလူဦးရေ ၁၄၆၉၉
ဦးရှိပြီး ကုုလသမ္မဂ၏ ဒုုက္ခသည်အဖြစ် တရားဝင်မှတ်ပုံုတင် ရှိထားသူစာရင်းမှာ ၁၀၆၇၅ ဦးဖြစ်သည်။
KNPP နှင့်အစိုုးရတိုု့ အပစ်ရပ်သဘောတူလက်ရေးထိုုးထားသည့်အချက်ထဲတွင် ထိုင်းနိုုင်ငံရှိ ကရင်နီဒုက္ခသည်များ ပြန်လှည်နေရာချထားရေးအစီအစဉ်အတွက်
ပြည်တွင်း၌ စံပြကျေးရွာများ တည်ဆောက်သွားဖိုု့ သဘောတူထားခဲ့ကြပြီး ပြီးခဲ့သည့် ဇွန်လအတွင်း ကရင်နီပြည် သံလွင်အရှေ့ဘက်ခြမ်းတွင် အိမ်ခြေ ၅၀ဆန့် စံပြရွာတည်ဆောက်နိုုင်ရန် KNPP မှ နယ်မြေများ
စတင်ရှာဖွေနေကြောင်းသိရသည်။ ပြည်တွင်းမှာပြန်လှည်နေထိုုင်ရေး အစီအစဉ်နဲ့ပတ်သက်ပြီး
အမှတ်-၁ဒုုက္ခသည်စခန်း ရပ်ကွက် ၆မှ ကရင်နီဒုုက္ခသည်တဦးဖြစ်သည့် သိမ်းမင်းထွေးက ယခုလိုပြောသည်။
“အခု ဒုက္ခသည်စခန်းမှာနေတာ လုံခြံုတယ် တကယ်လို့ ကိုယ့်ပြည်ပြန်နေရမယ် ဆိုရင် ကိုယ့်အိမ်ကိုယ့်ခြံနဲ့ နေရမှာဆိုတော့ ခုထက်ပိုပြီး လုံခြံုမှုရချင်တယ်”
ထိုုင်းအာဏာပိုုင်များမှ စခန်းတွင်းလူဦးရေ စစ်ဆေးမှုအပြင် တရားမဝင် လက်နက်ပစ္စည်း၊ စစ်ဝတ်စစ်စား၊ ဆက်သွယ်ရေးစက်များ၊ မူးယစ်ဆေးဝါး၊ ကျွန်းသစ်များ၊ ဆိုလာပြားများနှင့် ဘယ်ထရီစသည့်ပစ္စည်းများ
ပါစစ်ဆေးနိုုင်ကြောင်း အဆိုပါ ဥက္ကဌကဆိုုသည်။
“အခုချိန်မှာ ထိုင်းနိုင်ငံရေးအခြေနေကြောင့် နောက်ပြီးတော့မှ စစ်အာဏာသိမ်းတဲ့အချိန်ကြောင့် ကျမတို့ဒုက္ခသည်က တပါးနိုင်ငံမှာ လာပြီးမှီခို နေထိုင်ကြတာဆိုတော့ ကျမတို့မှာလည်း ပြန်ပြောလို့
မရဘူးပေါ့နော် ဘယ်လိုဖြစ်ဖြစ် ကျမတို့ ဒုက္ခသည်တွေက သတိဝိရိယနဲ့နေဖို့လိုတယ်။ စခန်းထဲမှာ မရှိတဲ့သူလည်း အကုန်ပြန်လာပေးကြဖို့ ကျမတို့ လူထုတွေကို အသိပေးနိုးဆော်ထားတာပေါ့နော်”ဟုု ဥက္ကဌ မော်မိုုးဘူးက ပြောသည်။