ကယားလူငယ်များကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာ သင်တန်းပေး

ကယားလူငယ်များကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာ သင်တန်းပေး
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ လူငယ်များ ရွေးကောက်ပွဲဆိုင်ရာ အသိပညာများနှင့် ပတ်သက်၍ ပိုမိုသိရှိလာစေရန် ဒီးမော့ဆိုမြို့ ရူးဖယ်ခူရပ်ကွက်၊ မောဒူကလားမေးခန်းမဆောင်တွင် ကယားအမျိုးသား လူငယ်အဖွဲ့များက မေလ ၅ ရက်နေ ့မှ ရ ရက်နေ ့ထိ သင်တန်း ၃ရက်သာ ပို့ချပေးခဲ့ကြောင်း သိရသည်။

̏မဲထည့်တာဘာကြောင့်ထည့်ရလဲ။ နောက်ဘယ်လိုထည့်ရလဲ။ ဘယ်လိုရွေးချယ်ရလဲ။ နောက်ကျနော်တို့ ကိုအုပ်ချုပ်ရမဲ့လူတွေပေါ့နော်။ အဲဒီအပိုင်းကိုသိနိုင်ဖို့ ဒီသင်တန်းကိုဖွင့်တာဖြစ်တယ်״ ဟု ကယားအမျိုးသား လူငယ်အဖွဲ ့မှအတွင်းရေးမှူး ခူးပိုးရယ်က ပြောသည်။

သင်းတန်းကို ကယားအမျိုးသားလူငယ်အဖွဲ ့မှ ကယားလူငယ်ဖွံ ့ဖြိုးတိုးတက်ရေး အတွက် ရည်ရွယ်၍ ရွေးကောက်ပွဲ အသိပညာရပ်ဆိုင်ရာ ပို့ချ၍ ကျင်းပသွားခဲ့ခြင်းဖြစ်သည်ဟုခူးပိုးရယ်က ဆက်ပြောပါသည်။

̏"ဒီတခေါက်မဲထည့်ရင် ဘာတွေလိုအပ်လဲပေါ့။ မဲထည့်ရတဲ့အကြောင်းရင်းက ဘာလဲပေါ့။ အနည်းဆုံးသူတို ့အဲလောက်တော့ သိမှာပေါ့။ နောက်ပြီးတော့ စီမံအုပ်ချုပ်မှု ဆိုတာဘာလဲ ဆိုတဲ့အပိုင်းတွေမှာလည်း သူတို ့မသိရင်တောင်မှ သူတို ့ကြားဖူးနားဝ အနေအထားမျိုး ရှိနိုင်မယ်လို ့ယုံကြည်တယ်"

 သင်တန်းသားများကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာအပြင် တခြား ဥပဒေရေးရာဆိုင်ရာအသိပညာများ ကိုလည်း ပို့ချပေးခဲ့ပြီး လူငယ်များအနေဖြင့်လည်း မိမိကျေးရွာများသို့ ထပ်ဆင့် အသိပညာ ဝေမျှသွားရန် ဖြစ်ကြောင်းသင်တန်းတက်ရောက်သူများကပြောသည်။

သင်တန်းတက်ရောက်သော ဒေါဗျာကူး(ဒေါစဲ) မှ မော်စူးမယ်က ̏အမှု အခင်းနဲ ့ပတ်သက်တဲ့ကိစ္စတွေ ပိုသိလာတယ်။ ရွာတွေမှာလဲကိစ္စ တခုပေါ်ပေါက်လာရင် ဘယ်လိုစီမံရမလဲဆိုတာကို ကျမသိသလောက် ရွာတွေမှာ ပြန်မျှဝေပေးမယ်״ ဟုပြောသည်။

အဆိုပါသင်တန်းတွင် စုစုပေါင်း သင်းတန်းသား ၃၅ ဦးတက်ရောက်ကြပြီး  သင်တန်းများကို ကယားအမျိုး သားလူငယ်အဖွဲ့မှ လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မှီ ဆက်လက် ပေးသွားရန်ရှိသည်ဟုသိရ သည်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမတိုင်မှီတွင် ယခုကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာအသိပညာများ ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေများကို သင်တန်းလိုက်ပေးသော လူငယ်များ၊ NGOs များကို ဒေသအာဏာပိုင်များက ပိတ်ပင် တားဆီးခဲ့သည့်အပြင် ခေါ်ယူသတိပေးခြင်းမျိုး ရှိခဲ့သည်။