အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲသဘောတူညီချက်ကို ပြည်သူများထံ ချပြစေလို

အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးပွဲသဘောတူညီချက်ကို ပြည်သူများထံ ချပြစေလို
by -
ကန္တာရဝတီတိုင်း(မ်)

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ UPWCတို့ ဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိခဲ့သည့် အချက်များကို ပြည်သူလူထု အား ချပြသင့်ကြောင်း ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့စည်း) ပြန်ကြားရေးတာဝန်ခံ ဦးဂျင်မီကပြောသည်။

NCCT နှင့် UPWC တို့ ဧပြီလ ၅ ရက်မှ ၈ ရက်နေ့ထိ တွေ့ဆုံဆွေးနွေးခဲ့မှုတွင် အချက် ၁၂၂ ချက်ပါ၀င်သည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ပထမမူကြမ်းတစ်ခုု ရရှိခဲ့ခြင်းဖြစ်ရာ ယင်းအချက်များထဲမှ ရ၇ ချက်ကိုုသဘောတူညီမှု ရရှိထားပြီး ကျန်ရှိသည့် အချက်များကိုုလာမည့် ဆွေးနွေးပွဲတွင် ဆက်လက်ဆွေး နွေးကြမည်ဖြစ်သည်။

 ဦးဂျင်မီက “၁၂၂ချက်ကို ပြည်သူလူထု သိပ်သိသင့်တာပေ့ါ။ နှစ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောထားက ဘယ် လိုလဲဆိုတာ ကျွန်တော်မသိဘူး˝ ဟုဆိုသည်။

အဆိုပါ ပြည်သူများအားချပြရန်ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်သည် ဆွေးနွေးနေဆဲကာလဖြစ်သည့် အတွက် မလွယ်ကူသေးကြောင်း၊ အစိုးရနှင့် တိုင်ရင်းသား လက်နက်ကိုင်များ သဘောတူလက်မှတ် ရေးထိုုးပြီးနောက်တွင်မူ ပြည်သူများသိရှိလာမည် ဖြစ်ကြောင်း MPC ၏ Peace Dialogue Program မှ တွဲဘက်ဒါရိုက်တာ ဦးအောင်နိုင်ဦးက ပြောသည်။

၎င်းက ̏ဒါတွေကမူအရပဲ သဘောတူထားရသေးတာပါ။ တစ်ဖက်နဲဲ့တစ်ဖက် သဘောတူပါတယ်ဆိုပြီး လက််မှတ် ထိုးထားတဲ့ အဆင့်ကိုမရောက်သေးပါဘူး။ အဲ့တာကြောင့်ချပြလို့ မရသေးပါဘူး˝ဟုပြောသည်။

ယခုဆွေးနွေးပွဲတွင် ရရှိထားသည့် အချက်များအား မချပြသေးခြင်းသည် အစိုးရနဲ့ တိုင်းရင်းသားများကြား ချုပ်ဆိုသော လျို့ဝှက်သည့် စာချုပ်မျိုးမဟုတ်ဘဲ ဆွေးနွေးနေဆဲ ဖြစ်သည့်အတွက် အပြင်သို့ တရားဝင် ထုတ်ဖော်ရန် မည်သူ၌မျှ အခွင့်အရေးမရှိပဲ  နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုပြီးမှ ချပြမည်ဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

သို့သော် ကရင်နီပြည်လူငယ်များသမဂ္ဂ (UKSY) မှဗဟိုကော်မတီဝင် ကိုဒီးဒီကမူ တိုင်းရင်းသားလက်နက် ကိုင်များနှင့် အစိုးရတို့ ဆွေးနွေးရာတွင် ရရှိလာသည့်အချက်များကို ပြည်သူများကို ပွင့်လင်းစွာချပြမှသာ နှစ်ဖက်သဘောထားများကို သိရှိရမည်ဖြစ်ကြောင်းပြောသည်။

၎င်းက  ̏ဒါကတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ကိစ္စဆိုတော့ ပြည်သူတွေသိသင့်တာပေါ့၊ ငြိမ်းချမ်းရေးဆိုတာလဲ ပြည်သူတွေပါမှ ရမှာလေ၊ သူတို့ကမချပြဘူးဆိုလဲ ဘာလို့မချပြတာလဲဆိုတာကို ပြည်သူတွေကို ပေးသိရမှာပေါ့˝ဟုပြောသည်။

ဆွေးနွေးသဘောတူထားသည့် အချက်များကို ပြည်သူတွေအနေဖြင့် စိတ်ဝင်စားတစားရှိသောကြောင့် ချပြသင့်ကြောင်း ရန်ကုန်မြို့နေတက္ကစီမောင်းသူ ကိုရဲဝင်းကလည်းမြင်သည်။

̏သိသင့်တာပေါ့။ ပြည်သူဆီကအသံတွေလည်း ယူသင့်တာပေါ့။ အပစ်အခတ်ရပ်စဲရေးမှာ သူတို့ဘာသာသူတို့ လက်နက်ကိုင်ပြီး ဖြစ်ကြတာဆိုပေမယ့် ကြားထဲကမြေစာပင်က ပြည်သူတွေလေ။ ပြည်သူတွေအနေနဲ့ ၀င်ပြီးအကြံပေးလို့ရရင် ပိုတောင်ကောင်းတာပေါ့˝ ၎င်းကဆိုသည်။

မေလ ၁၉နှင့် ၂၀ ရက်တို့တွင် NCCTနှင့် UPWC တို့သည် ထပ်မံတွေ့ဆုံကာ တစ်နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေးမူကြမ်းရရှိရန် ကျန်ရှိနေသေးသည့် အချက်များကိုု ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။

Most read this week