အမေရိကန်ရောက် ကရင်နီများ နှစ်သစ်ကူးပွဲတော်ကျင်းပ

အမေရိကန်ရောက် ကရင်နီများ နှစ်သစ်ကူးပွဲတော်ကျင်းပ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားနှစ်သစ်ကူးပွဲကိုု အမေရိကန်နိုင်ငံ Tennessee ပြည်နယ်၊ Nashville မြို့၌ ရိုုးရာအစားအစာ၊ ရိုုးရာအကနှင့် ပျောက်ရွင်ဖွယ်ဂိန်းကစားခြင်းအစီအစဉ်တိုု့ဖြင့် ကျင်းပပြုလုုပ်ခဲ့ကြောင်း ပွဲကျင်းပရေးတာဝန်ခံက ပြောသည်။

၂၇၅၃ ခုုနှစ် ကရင်နီအမျိုးသားနှစ်သစ်ကူးနေ့ကိုု Nashville မြို့တွင် တတိယနိုုင်ငံ အခြေချနေထိုုင်ရေး အစီအစဉ်ဖြင့် သွားရောက်နေထိုုင်သည့် ကရင်နီတိုု့မှ ဧပြီလ ၅ရက်နေ့က အခမ်းအနားတရပ်ကျင်းပခဲ့ခြင်းဖြစ် သည်။

အခန်းအနားအစီအစဉ်ကိုု “ရိုးရာအစားအစာ၊ ရိုးရာအက၊ သီချင်း၊ fun Games (ပျော်ရွှင်ဖွယ်ဂိန်း)တို့ ကျင်းပပြုလုပ်ပြီး နီးစပ်ပြည်နယ်ဖြစ်တဲ့ Kentuky ပြည်နယ်က ကယားလူမျိုးအချို့၊ ကရင်နဲ့ အခြား ဧည့်သည် တော်တွေလည်း ထိုအခမ်းအနားကို (၃၀၀)နီးပါးတက်ရောက်လာကြတယ်”ဟုု ပွဲကျင်းပရေးတာဝန်ခံ ခူးကယားစူးကပြောသည်။

ပြီးခဲ့သည့်ငါးနှစ်အတောအတွင်း တတိယနိုုင်ငံအခြေချနေထိုုင်ရေးအစီအစဉ်ဖြင့် ကရင်နီအမျိုးသား အိမ်ခြေ ၂၇လုံုးနှင့် လူဦးရေ ၁၆၀ ကျော်သွားရောက်နေထိုုင်သည့် Tennessee ပြည်နယ်၊ Nashville မြို့တွင်ကရင်နီ အမျိုးသားနှစ်သစ်ကူးပွဲတော်ကိုု ပထမဦးဆုံုးအကြိမ် ကျင်းပခြင်းဖြစ်သည်။

“အမေရိကန်နိုင်ငံ လာရောက်နေထိုင်တဲ့ လော အမျိုးသမီးတယောက်က ကရင်နီလူထုများကို အမြဲကူညီနေပြီး ဒီကရင်နီအမျိုးသား နှစ်သစ်ကူးမှာ ကရင်နီလူထုများကို မိမိစကား၊ ရိုးရာဓလေ့မမေ့ပျောက်ဖို့ တိုက်တွန်းအားပေးစကားပြောပါတယ်”ဟုု အခမ်းအနားတက်ရောက်ခဲ့သည့် ခူးဘဲရယ်ကပြောသည်။

အမေရိကန်သိုု့ ရောက်နေသူများမှာ အလုုပ်အကိုုင်နှင့် မအားလပ်သည့်အတွက် ရက်အတိအကျဖြစ်သည့် မတ်လ ၃၁ ရက်နေ့အစား ဧပရယ် ၅ ရက်နေ့မှာ လူစုုပြီး ကျင်းပခြင်းဖြစ်သည်ဟုု ပွဲကျင်းပရေးတာဝန်ခံလည်း ဖြစ် ကရင်နီအမျိုးသား Nashville အဖွဲ့အစည်း KNNO ခေါင်းဆောင်လည်းဖြစ်သည့် ခူးကယားစူးကဆိုုသည်။

ကရင်နီနှစ်သစ်ကူးနေ့ကိုု သဘာဝဖြစ်ပေါ်တိုုးတက်မှုအပေါ်အခြေခံ၍ တောတောင်တွင် သစ်ရွက်ဟောင်းကြွေပြီး ရွက်သစ်ထွက်ချိန်၊ သစ်ရွက် သစ်သီးများစတင်သီးပွင့်သည့် ဧပရယ်လသိုု့ စတင်ကူးပြောင်းချိန်ကိုု သတ်မှတ်ကြ သည်။ ယခုုခရစ်သက္ကရစ် ၂၀၁၄ခုုနှစ်သည် ကရင်နီသက္ကရစ် ၂၇၅၃နှင့်ညီမျှသည်။