လမ်းဖြတ်ကူးနေသော နွားမကို ကားဖြင့်တိုက်မိ၍ လူတဦးနှင့် နွားမ သေဆုံး

လမ်းဖြတ်ကူးနေသော နွားမကို ကားဖြင့်တိုက်မိ၍ လူတဦးနှင့် နွားမ သေဆုံး
by -
ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်နှင့် ရူးဖယ်ခူရပ်ကွက် ကြားရှိ ဒီးမော့ဆို ဖရူဆိုကားလမ်းမပေါ်တွင် လမ်းဖြတ် ကူးနေသော နွားမတကောင်အား တိုက်မိ၍ ကားတစီး တိမ်းမှောက်ပြီး လူတဦး နှင့် နွားမတကောင်သေဆုံး သွားကြောင်း ဒီးမော့ဆိုမြို့နယ် ရဲစခန်းမှ သိရသည်။

ဧပြီလ ရ ရက်နေ့ ည ၁၀ နာရီခန့်တွင် ယာဉ်မောင်းသူ မောင်ရန်ဖြစ်(ခ) စောအယ်ကလူစေး (၂၀)နှစ် မောင်းနှင်လာသော (၂၁/၁၂၅၄) နံပါတ်တပ် SURF အမျိုးအစား အပြာရောင်ယာဉ်တစ်စီးသည်ဒီးမော့ဆို ဘက်မှ ဖရူဆိုဖက်သို့ အသွား မဆင်မခြင် မောင်းနှင်မှုကြောင့် မိုင်တိုင် အမှတ် ၁၈၂/၄ နှင့် ၁၈၂/၅ အကြားတွင် လမ်းဖြတ်ကူးနေသောနွားမ ကိုတိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်မောင်းသူ မောင်ရန်ဖြစ် (ခ) စော အယ်ကလူစေး မှာ ပြင်ပ တွင် သေလောက်သည့် ပြင်းထန်ဒဏ်ရာမရှိပဲ ယာဉ်တိမ်းမှောက်မှု ကြောင့် အတွင်းဒဏ်ရာ (စီစစ်ဆဲ) ဖြင့် နေရာတွင်ပွဲခြင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်ပေါ်၍ လိုက်ပါလာသူ မောင်လဲနီမိုးနှင့် ဖိုးခွား(ခ)ဇေယျာဝင်းတို့မှာ လည်း ထိခိုက်ဒဏ်ရာများကြောင့် ဒီးမောဆိုဆေးရုံနှင့် လွိုင်ကော်ဆေရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြာင်း သိရသည်။

သေဆုံးသူ ယာဉ်မောင်း မောင်ရန်ဖြစ် (ခ) စောအလူစေး ၊ အသက် ၂၀နှစ်၊ (ဘ)ဦးစောခရစ်ဆယ် (ယာဉ်မောင်း) ကရင်/ခရစ်ယာန်၊ အောက်ရွာစျေးတန်းရပ်ကွက်၊ မော်ချိီးမြို့တွင် နေထိုင်သူဖြစ်သည်။

ဒီးမော့ဆိုမြို့နယ် ရဲတပ်ဖွဲ့စခန်း ဒု-ရဲအုပ် တင်မောင်ဝင်း တာဝန်မူူ တာဝန်ထမ်းဆောင်နေစဉ် ယာဉ်အား တိမ်းမှောက်အောင် အရှိန်ဖြင့် အဆင်မခြင်မောင်နှင့်သူ မောင်ရန်ဖြစ်(ခ) စောအယ်ကလူစေး (၂၀)နှစ်အား ဥပဒေအရ အရေးယူပေးရန် ၄င်းမှ တိုင်စာရေးပို့တိုင်ကြားထားကြောင်း သိရသည်။

Most read this week