ကရင်နီလူငယ် အချင်းချင်းအကြား နားလည်မှုလွဲမှားသည့် အခြေအနေနှင့် ရင်ဆိုုင်နေရသည့်အတွက် အရေးပေါ်ညီလာခံ ခေါ်ယူကျင်းပခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုု လူငယ်အဖွဲ့က ယနေ့မနက်ကပြောကြား လိုုက်သည်။
"ကျနော်တို့ ကြားထဲမှာ နားလည်မူတွေ လွဲမှားနေတယ်”ဟုု ကရင်နီလူငယ်များသမဂ္ဂ (UKSY) ပြောခွင့်ရ ခွန်းဘီးဒူကပြောသည်။
UKSY တပ်ပေါင်းစုအဖွဲ့္ဗ့ကိုု ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (KNYO)၊ ကယန်းမျိုးဆက်သစ်လူငယ်(KNGY)၊ က.လ.လ.တ လူငယ် ( KNPLF Youth )၊ တသီးပုဂ္ဂလတက်ကြွ လှုပ်ရှားသူများအဖွဲ့နှင့် ကယားပြည်နယ် လုံးဆိုင်ရာ ၀ိဇ္ဖာနှင့် သိပ္ပံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( AKASSU )တိုု့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။
“အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မူတွေလဲ အားနည်းတဲ့ အတွက် တချို့ အဖွဲ့ဝင်တွေလည်း နုတ်ထွက်မယ် လို့ ပြောလာနေတဲ့အတွက် ကျနော်တို့ မတွေ့လို့ မဖြစ်တော့လို့ အရေးပေါ် ညီလာခံကို ခေါ်လိုက်ရခြင်း ဖြစ်တယ်”ဟုု ခွန်းဘီးဒူကဆက် ပြောသည်။
အရေးပေါ်ညီလာခံကို ကယားပြည်နယ် လွိုင်ကော်မြို့ နောင်ယား (က) ရပ်ကွက်တွင် ဧပြီလ ၂ ရက်နေ့မှ ၃ရက်နေ့ထိ ကျင်းပပြုလုုပ်ခဲ့ပြီး လူငယ်များအနေဖြင့် ရှေ့ဆက် အမျိုးသားရေးအသွင်ဆောင်သည့် ကိစ္စရပ်မှာ ပါ၀င်ဆောင်ရွက်နိုုင်ရန် အဓိကထား ဆွေးနွေးဖြစ်သည်ဟုု AKASSU ပြောခွင့်ရ ကြူးဖဲကေးကပြောသည်။
“ထိုနည်းတူပဲ သမိုင်းကြောင်းအရ တည်ရှိခဲ့တဲ့ ကရင်နီပြည်နယ် နမိတ်ကို ကျနော်တို့ လူငယ်တွေပြန်လည် ဖော်ထုတ်နို်င်ပြီးတော့ လူငယ်တွေကြားမှာလဲ သမိုင်းကြောင်းအရ တည်ရှိခဲ့တဲ့ ကရင်နီပြည်နယ်နိမိတ်ကို သိရှိဖို့အတွက်လည်းပါပါတယ်။ နောက်ပြီး နိုင်ငံရေး အခြေအနေ ဆိုးတစ်ခုကြောင့် လူငယ်ကြားမှာ မူးယစ်ဆေးဝါပျံ့နှံ့မူ တိုင်းရင်းသားတွေ မွေးရာပါ နိုင်ငံသားအခွင့်အရေးကိစ္စ နဲ့ စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု ကိစ္စ ဆိုပြီးတော့ ကျနော်တို့ ဆွေးနွေးဖြစ်ခဲ့ကြတယ်”ဟုုကြူးဖဲကေးကဆက်ပြောသည်။
အရေးပေါ် ညီလာခံတွင် အခြေခံ ဖွဲ့စည်းပုံကို အသစ်ပြန်လည််ရေးဆွဲခြင်း၊ ဗဟိုကော်မတီ အသစ် ၁၃ ဦးရွေးချယ်တင်မြောက်ခြင်းနှင့် ကယန်းအမျိုးသမီးအစညး်အရုံး (KyWO)အား အဖွဲ့ဝင်သစ်အဖြစ်လက်ခံ ခြင်းတိုု့ပြုလုုပ်ခဲ့သည်။
“လူခွင့် အရေးတွေ လယ်ယာမြေ ကိစီတွေ သဘာဝ ပတ်ဝတ်ကျင်နဲ့ ပတ်သက်လို့ ကျမတို့ အမျိုးသမီးအ နေနဲ့ပါဝင်ကူညီနိုင်မယ် ဆိုရင် ပိုပြီးတော့ ရွေ့မြန်နိုင်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့လည်း ဒီအဖွဲ့ဝင်ကို ပါဝင်လာရ ခြင်းဖြစ်တယ်”ဟုု KyWO ပြောခွင့်ရ မူချယ်ရီကပြောဆိုခဲ့သည်။