ကယား(ကရင်နီ)ပြည်နယ် ဒီမောဆိုမြို ့နယ် ကန်ခုနှစ်ဆင့်ကျေးရွာဟု အသိများသော တာနီးလာလဲရွာတွင် မတော်တဆမီးလောင်မူဖြစ်ပွား၍ အိမ်နှင့်ကပ်လျက် မီးဖိုဆောင် တအိမ်လုံးဆုံးရှုံးသွားကြောင်း မီးလောင်သည့် အိမ်ပိုင်ရှင် ဒေါ်ဆူးမြာကပြောပါသည်။
“ ဒီတညက ဘယ်လိုမှားလဲမသိတောဘူးမီးဖိုမှာလည်းကြွက်တွေလည်း အပေါက်တွေဖောက်ထားတာရှိတယ်။ ပြီတော့ ထမင်း ၊ဟင်း၊ရေနွေးတွေ ခဏခဏသယ်လို ့တအားပူပြီးအောက်ထပ်မှာခံထားတဲ ့ငှက်ပျောခွံတွေပါ လောင်သွားလားမသိဘူး”ဟု ဒေါ်ဆူးမြာက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၂၆ရက် မနက် ၂ နာရီတွင် အိမ်ပိုင်ရှင်မှ တရေးနိုးပြီးထကြည့်ချိန်တွင် မီးဖိုဆောင်တွင် မီးများကျွမ်းကုန်နေပြီဖြစ်ကြောင်း ၊ အော်ဟစ်အကူအညီတောင်းရာမှ ရွာသူ/သားများမီးငြိမ်းသွားနိုင်ကြောင်း သိရသည်။
မီးလောင်မူဖြစ်ပွားရာမှာလူထိခိုက်ဒဏ်ရာ ရမူမရှိသော်လည်း မီးဖိုအိမ်ရှိပစ္စည်းများ အကုန်ဆုံးရှုံးလိုက်ရသည်ဟု သိရသည်။
မီးလောင်ရာမှာ တနာရီခန့်ကြာမြင့်ပြီး မီးသတ်ကားများရောက်ရှိချိန်တွင် မီးများကို ရွာသူူ၊ရွာသားများက အချိန်မှီ ငြိမ်းလိုက်နိုင်သည်ဟုသိရသည်။
ယခုလိုမဖြစ်ပွားခင်တွင် ကျေးရွာများတွင် ရပ်ရွာမီးဘေးကာကွယ်ရေးဆိုပြီး အမှိုက်များ ခြံုများရှင်းလင်းခဲ့ကြ သည်ဟုသိရသည်။
ယခင်အပတ်တွင်လည်း ဒေါကော်ခူရွာတွင်အိမ်တလုံးမီးလောင်မူဖြစ်ပွားခဲ့ကြောင်းသိရသည်။