ကရင်နီပြည်နယ်တွင်မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်ထုတ်လုပ်မှုတိုးလာ

ကရင်နီပြည်နယ်တွင်မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်ထုတ်လုပ်မှုတိုးလာ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းတွင် မူးယစ်ဆေးဝါး သုံးစွဲမှုသည် မြို့ပေါ်တွင်သာမက တောရွာများအပါအဝင် အရွယ်မရောက်သေးသည့် ကလေးငယ်များပါ သုံးစွဲမှုများရှိနေပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များပြာလာသည်ဟု ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) မှ ဗဟိုကော်မတီ ၀င်နှင့် ပြောရေးဆိုခွင့်ရှိသူ ဦးဟက်စတန် က ပြောသည်။

“ အခုပြသာနာရှိတာက ယာမပေါ့။ ယာမတော့တော်တော်ရှိတယ်။ ကယားပြည်နယ် မှာ မတရားစီးပွားရှာတဲ့ မူးယစ်ဂိုဏ်းနဲ့ ပြည်နယ်မှာတာဝန်ရှိတဲ့ ဥပဒေဘက်တော်သားတွေ အပေးအယူလုပ်ပြီး ဖြန့်ဖြူးကိုယ်ကျိုး စီးပွားရှာကြတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်က အဓိက အထက်တန်းကျောင်းသားအဆင့် လောက်ပဲသုံးပါတယ်။ အခုကတော့ သုံးတန်း၊ လေးတန်း ကလေးအချို့တောင်နည်းနည်းပါလာတယ်။ ဒါအခြေ အနေတော်တော် ဆိုးတယ်။”

ကယားပြည်နယ် အထူးပြု သတင်းရေးသားနည်းအတွက် ပြီးခဲ့နှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် က.လ.လ.တ အဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သတင်းသမားများ တွေ့ဆုံမေးမြန်း ချိန်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေနှင့် ပတ်သက်၍ မြို့ပေါ်များတွင် လူငယ် ၅၀ ရာခိုင်နှုန်းခန့်နှင့် တောရွာများတွင် ၃၀ ရာခိုင်နှုန်းခန့် သုံးစွဲမှုရှိနေနိုင်သည်ဟု ၎င်း၏ထင်မြင်ချက်ကို ဆက်ပြောသွားသည်။

၎င်းကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်နယ်အစိုးရများနှင့် အစည်းအဝေးများတွေ့ဆုံ ဆွေးနွေးသည့်အချိန် တိုင်းတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဆွေးနွေးခဲ့ကြသော်လည်း တစ်နိုင်ငံလုံး အုပ်ချုပ်ရေးနှင့် ဥပဒေစိုးမိုးရေးပါဝါ စုစည်းနိုင်မှသာလျှင် မူးယစ်ဆေးဝါးတိုက်ဖျက်နိုင်မည်ဟု ဦးဟက်စတန်က ပြောသည်။

မကြာသေးမှီက ကယားပြည်နယ်ရဲ တပ်ဖွဲ့မှူးရဲမှူးမြင့်တိုး ကြီးကြပ်မှုဖြင့် တောင်ကြီးမှုးယစ် အထူးနှိမ်နှင်း ရေးတပ်ဖွဲ့ ရဲးမှူးစေားလေးဝါ ၊လွိုင်ကော်ခရိုင်အထူးမှုခင်းနှိမ်နှင်းရေးမှရဲအုပ်သုတ ဦးစီးအဖွဲ့နှင့် ဒီမော့ဆိုမြို့မရဲစခန်းမှူး ဒုရဲမှူးမြအောင်နှင့်အဖွဲ့တို့သည် ဇန်နဝါရီလ ၂၈ ရက်နေ့ ရှစ်နာရီခွဲ အချိန်တွင် မြလဲကျေးရွာအုပ်စု လိုခိုသာရွာတွင် စေားအေးနေမှုးအား မှုးယစ်ဆေးဝါးများနှင့် ကျည်ဆံများပါပူးတွဲ ဖမ်းဆီးရမိသည့် ဖြစ်ရပ်တခု ဖြစ်ပွားခဲ့သေးသည်။

ဖမ်းဆီးရမိစဉ်၌ ဘိန်းစိမ်းဟုယူဆရသော အလေးချိန်(၄၅.၇)ကီလိုဂရမ် ၊ ဘိန်းဆီခဲဟု ယူဆရသော အမဲရောင်အစေးခဲ အလေးချိန် (၆.၅၅)ကီလိုဂရမ် ၊ ဘိန်းရည်(၁.၄)လီတာ ၊ ဘိန်းညိုမှုန့် အလေးချိန် (၂၁၀)ဂရမ် ၊ ဘိန်းညိုခဲအလေးချိန် (၄၅၀)ဂရမ် စုစုပေါင်းကာလတန်ဖိုး ကျပ် (၄၉၄၆၁၀၀၀) နှင့် ပွိုင့်(၂၂)ကျည်(၉၅၀)တောင့် ၊ နိုင်ငံကူးလက်မှတ် ပတ်ပို့ဒ်အမှတ် အမ်-၂၉၈၂၁၈ နံပတ်ပါနိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်အား ဒုရဲအုပ်မြသန်းမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

မူးယစ်ဆေးဝါးဖမ်းရမိသည့် အမှုအပါအဝင် လက်နက်များရှာဖွေတွေ့ရှိရသည့်အမှုကိုပါ အမှုဖွင့်ထားကြောင်း လည်း သိရသည်။

ယင်းကဲ့သို့ပြည်နယ်အတွင်း ရောင်းဝယ်ဖောက်ကားနေမှုများပြားလာခြင်းသည် တခြားသော သီးနှံ၊ စပါးများအစား ဘိန်းစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းလုပ်ကိုင်လာသူများပြားလာခြင်းတို့ ကြောင့်လည်း ဖြစ်သည်ဟု ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးကြီးစောလွင်က ပြောသည်။

သူက“အဲဒီလိုပေးရတဲ့ အခါကြတော့ ရွာသားကလဲခံယူတာ ပေးပြီးပြီ တို့ လိုင်စင်ရပြီဆိုတဲ့ သဘော အရင်တုံးက တောတွေ လျှိုတွေကြားမှာ တောင်ထိပ်တွေမှာ အခုကတော့ လမ်းဘေးတွေမှာ အဲဒါက လစဉ် ဘိန်းထွက်တဲ့ ရာသီ ဘိန်းတိုက်ဖြတ်ရေး ဘိန်းစစ်ဆင် ရေးတွေလုပ်တဲ့ အချိန်မှာဆိုရင် တစ်ရွာကို သိန်းဘယ်နှစ်ဆယ်ဆို တာတွေ ပါသေးတယ်။”ဟု ပြောသည်။

၎င်းဒေသဘက်တွင် သက်ဆိုင်ရာအာဏာပိုင်များကိုလည်း လစဉ်ကြေး ငါးထောင်ကျပ် တနှစ်စာ ခြောက်သောင်း ကျပ် ပေးဆောင်ပြီး စိုက်ပျိုးလာကြသည်လည်းရှိသည်ဟု ပြောသည်။

ဘိန်းစိုက်ပျိုးရေးလုပ်ငန်းနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရန်အတွက် အဓိက ရေရရှိရေး၊ လမ်းပန်းဆက်သွယ် ရေးကောင်းမွန်ရေးနှင့် သီးနှံစိုက်ပျိုးရေးနှင့် စီးပွားရေးစျေးကွက်ရှာဖွေပေးရေးတို့ ပြုလုပ်ပေးရန် လိုအပ်သည် ဟု ဗိုလ်မှူးကြီးစောလွင်က ဆက်ပြောသည်။

Most read this week