ကယားပြည်တွင် နယ်လှည့်ကျောပိုုးအိတ် လိုုအပ်ဆဲ

ကယားပြည်တွင် နယ်လှည့်ကျောပိုုးအိတ် လိုုအပ်ဆဲ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်အတွင်းရှိ ကျေးရွှာများတွင် အစိုးရမှ ဆောက်လုပ်ပေးသော ဆေးခန်းများ ရှိနေသော်လည်း ဆေးဆရာမ မရှိသောကြောင့် နာမကျန်းဖြစ်သောလူနာတိုု့မှာ KNPPမှဖွဲ့စည်းထားသော နယ်လှည့်ကျောပိုုးအိတ်ဆီသိုု့ သွားရောက်ကုုသမှုခံနေကြသည်ဟုုသိရသည်။

အစိုးရမှ လာရောက်ဆောက်လုပ်ပေးသော ဆေးခန်းတွင် ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် လူနာ ကုတင်များ မထားရှိသေးသောကြောင့် ဆေးဆရာမလာမနေသေးသဖြင့် နယ်လှည့်ကျောပိုးအိတ်ကိုသာ အားကိုးနေရခြင်းဖြစ်သည်ဟုု ဒေါဖုကျေးရွာ ဥက္ကဌ ဦးကျဲရယ်မှကန္တာရဝတီတိုင်း(မ်)သိုု့ ပြောကြားသည်။

“ကျနော့်အမြင်ကတော့ အစိုးရက ဆောက်ပေးတဲ့ ဆေးခန်းက တော်တော်နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် ဆရာမက လာနေလို့မရသေးဘူး။ ဆေးခန်းက အကုန်လုံးမပြီးသေးဘူး။ နောက်ဆေးခန်းထဲမှာ ပြည့်ပြည်စုံစုံ ပြည့်ပြည့်ဝဝဘာမှမရှိသေးဘူး။ ဖွင့်ပွဲတွေဘာတွေမလုပ်ရသေးတော့ ခုချိန်ထိ ဒီဆေးခန်းကို မသုံးရသေးဘူး။ လိုအပ်ရင် ကရင်နီ(နယ်လှည့်ကျောပိုးအိတ်)ဖက်ကိုပဲ သွားရသေးတယ်”ဟု ဦးကျဲရယ်ကပြောသည်။

ရွှာသားတိုု့အနေဖြင့် သက်ဆိုုင်ရာအစိုုးရထံ ကျန်းမာရေးနှင့်ပတ်သက်ပြီး အကူအညီတင်ပြတောင်းဆိုု ချိန်တွင် ဆေးခန်းအဆောက်အဦးနှင့်အတူ လိုုအပ်သည့်ဆေးဝါးနှင့်တကွ ဆေးဝန်ထမ်းတိုု့ပါ တပါတည်းတောင်း ဆိုုသင့်ကြောင်း ကရင်နီ နယ်လှည့် ကျောပိုးအိတ်မှ ရုံးစီမံခန့်ခွဲရေး တာဝန်ခံ မီရယ်ကပြောသည်။

“နယ်လှည့်ကျန်းမာရေးလုပ်ငန်းက လူထုကျန်းမာရေးအခြေခံ လုပ်ငန်းဖြစ်တဲ့အတွက် မြို့နဲ့အလှမ်းဝေးတဲ့ ရွာတွေ၊ သူတို့ရွာမှာ ဆေးခန်းရှိပေမယ့်လည်း ဆေးဆရာ၊မ မရှိတာတွေ ဆေးမလောက်တာ တွေဖြစ်တဲ့ရွာ တွေမှာလုပ်တာပါ။ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဖြစ်တဲ့အတွက် အထူးသဖြင့် အစိုးရဝန်ထမ်း မသွားနိုင်တဲ့ နေရာတွေမှာ အခြေခံပြီး လုပ်တာပါ။ နယ်စပ်လိုနေရာမျိုးတွေ၊ ကားတွေမသွားလာနိုင်တဲ့ ကျေးရွာတွေ၊ အထူးသဖြင့် ခြေလျင်နဲ့ သွားလာရတဲ့ နေရာမျိုးတွေ အစိုးရဝန်ထမ်းမသွားနိုင်တဲ့ နေရာမျိုးတွေမှာ ဦးစားပေး လုပ်တာဖြစ်ပါတယ်”

ကျန်းမာရေးနှင့်ပတ်သက်ပြီး လူထုုအကြား အနီးကပ်ကုုသပေးမှုနှင့်အတူ ပညာပေးအစီအစဉ်တွေဆောင် ရွက်ပေးနိုုင်ရန် ဆေးခန်းတွင် ဆေးဝန်ထမ်းများအချိန်ပြည့်လိုုအပ်ကြောင်း ရွာသားများကဆိုုသည်။

“ကျနော့်အနေနဲ့ ဒေါပေးတူမှာ ဆေးခန်း(အစိုးရဆေးခန်း)တလုံးလောက် ထပ်ပြီးထားချင်တယ်။ ဒါပေမယ့် ခုလောလောဆယ် ကရင်နီ(နယ်လှည့်ကျောပိုးအိတ်)ဖက်က တလုံးလာထားပေးတယ်။ ကိုယ်ထူကိုယ်ထပဲ။ သူတို့ဆေးမှုးတွေလညး် အချိန်ပြည့် ရှိတယ်။ ဖျားနာရင် သူတို့(နယ်လှည့်ကျောပိုးအိတ်)ဆီပဲ သွားတယ်။ တခါတလေ သူတို့က ဒီမှာ လာပြီးကုပေးတယ်”ဟု ဦးကျဲရယ်ကပြောသည်။

နယ်လှည့်ကျောပိုးအိတ်အနေဖြင့် အဓိက လုပ်ဆောင်နေသော ဆေးကုသမှုနှင့် ကျန်းမာရေးနှှင့် ပါတ်သက်သော ပညာပေးခြင်းကို ၄င်းတို့ထက် ကယားပြည်နယ်တွင် လာရောက်နေထိုင်သော အဖွဲ့အစည်းဖြစ်သည့် ကလလတကျန်းမာရေးဌာနနှင့် ကယန်းပြည်သစ်ပါတီ ကျန်းမာရေးဌာနတို့နှင့် ပှုးပေါင်းပြီး လုပ်ဆောင် သွားမှာဖြစ်ကြောင်းနှင့် ထိုသို့အတူတကွလုပ်ဆောင်နိုင်ရန်အတွက် လောလောဆယ်တွင် မကြာသေးခင်မှ ကယားပြည်နယ်အတွင်းတွင်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းများမှ ကျန်းမာရေးဌာန ကော်မတီတခုကို စတင်ဖွဲ့စည်းခဲ့သည်ဟုုသိရသည်။

“ကိုယ့်လူမျိုးအတွက် အလုပ်လုပ်တဲ့အချိန်မှာ အခက်အခဲနဲ့ ကြံုရတာလည်းရှိပါတယ်။ အပစ်ခတ်ရပ်စဲရေး မယူခင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မြို့နဲ့ ဝေးတဲ့ ကျေးရွာတွေမှာ မသွားလာရဲကြတာတွေလည်းပါမယ်။ နောက်ဆေးဖိုးဝါးခ ပိုက်ဆံမလုံလောက်တာလည်း ပါမယ်။ အဲဒီအတွက်ကြောင့် တတ်နို်င်တဲ့ဖက်က ကူညီပေးတာပါ။”ဟုတာဝန်ခံမီရယ်ကပြောသည်။

ထို့အတူ ဒေါသမကြီး ဒေါညေးခူဖက်ကရွာတွေမှာလည်း နယ်လှည့်ကျောပိုးအိတ်အဖွဲ့ကိုပဲ အားကိုးနေတာဖြစ်ပြီး အရေးပေါ်အခြေနေရောက်ပါက ဒီးမောဆိုဆေးရုံကို မှန်လုံကား၊ဆိုင်ကယ်၊စက်တို့နှင့် လည်းကောင်း သို့မဟုတ်လျှင် ဘောလခဲသိုု့လူနှင့်ထမ်းပြီး ပိုု့နေရသည်ဟုုဆိုုသည်။

“ကျနော်တို့ အခု ကျေးရွာ အုပ်စုပေါင်း ၂၀ ( ကျေးရွာဖြစ် တစ်ရာကျော်)တွင်မှာ သွားရောက်ဆေးကုသတယ်။ ပြီးတော့ အရင် လေးငါးနှစ်က အပစ်ခတ်မရပ်စဲသေးခင်မှာ မြို့နဲ့ ဝေးတဲ့ ကျေးရွာအုပ်စုပေါင်း ရ ခုမှာ ဆေးခန်း တွေဆောက်ထားတာ ရှိပါတယ်” ဟုတာဝန်ခံမီရယ်ကဆိုသည်။

တချို့သော ကျေးရွာတွင် နယ်လှည့်ကျောပိုးအိတ်အဖွဲ့မှ အရပ်လက်သည်များကို မွေးထုတ်ထားပြီး ၄င်းလက် သည်ကို ရပ်ရွာအတွင်းတွင် ကိုယ်ဝန်ရှိအမျိုးသမီးမှ မွေးဖွားချိန်တွင် ဆေးဆရာ၊မမှ အချိန်မှီရောက်မလာ နိုင်ပါက အနီးကပ်စောင့်ကြည့်နိုင်ရန် အရပ်လက်သည်ကို အခြေခံပညာပေးထားကြောင်း၊ မီးဖွားချိန်တွင် အသုံးလိုမည့် ဆေးဝါးတွေကိုလည်း ပေးထားကြောင်းသိရသည်။

“ကျနော်တို့မှာ လုပ်စရာတွေအများကြီးရှိနေသေးတယ်။ ခုလုပ်နေတဲ့ ငှက်ဖျားတိုက်ဖျက်ရေးကို နိုင်ငံတော် အစိုးရဖက်ကလည်း လုပ်နေတယ်။ ဒါပေမယ့် သူတို့က မြို့ရဲ့ အနီးပါတ်ဝန်းကျင်တွေမှာပဲ လုပ်တာများပါတယ်။ မြို့နဲ့ အလှမ်းဝေးတဲ့ ကျေးရွာတွွေ တောတောင်လိုနေရာတွေမှာဆိုရင် ကျနော်တို့ လုပ်နေပါတယ်” ဟုတာဝန်ခံ မီရယ်ကပြောသွားသည်။