ကရင်နီအမျိုးသမီးအားအဓ္ဓမပြုကျင့်ရန်ကြံစည်သော စစ်သင်တန်းသားလွတ်မြောက်နေ

ကရင်နီအမျိုးသမီးအားအဓ္ဓမပြုကျင့်ရန်ကြံစည်သော စစ်သင်တန်းသားလွတ်မြောက်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လော်ကေးခူရွာဒေသခံအမျိုးသမီးတစ်ဦးအား အမှတ် ၁၄ စစ်လေ့ကျင့်ရေး သင်တန်းသားတစ်ဦး အတင်းအဓ္ဓမပြုကျင့်ရန်ကြံစည်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေသည်။

ဘောလခဲမြို့အခြေစိုုက် ခမရ ၄၂၉ သိုု့ တပ်သားဝင်းနိုင်(ခေါ်)တင်ထိုက် ကိုယ်ပိုင်အမှတ် - အမတ-၄၉၅၇၁၇ အပြန် ရွာပြင်တွင် ဟင်းစာရှာနေသော လော်ကေးခူရွာသစ်မှ မော်လှခေးမိုုး(၂၅နှစ်)ကိုု ဇွန်နဝါရီလ ၂၆ရက်နေ့ ညနေ၄နာရီက အဓ္ဓမကြံစည်သည်ဟုု ဆိုုသည်။

မော်လှခေးမိုုး "ကျမက ကလေးနှစ်ယောက်နဲ့အတူ ရွာပြင်မှာ နွားချေးပိုး တူးနေတယ် နောက်ကိုလှည့်မကြည့် မိလို့ မတွေ့ဘူး ကျော်မှာပိုးထားတဲ့သမီးလေးက ငိုလို့နောက်လှည့်ကြည့်တော့ ဘောင်ဘီချွတ်ထားပြီး ကျမဆီကိုတည့်တည့်လာနေတဲ့ လူတယောက်ကိုတွေ့လို့ ကလေးကို ခေါ်ပြီးသွားလိုက်တယ်၊ သူလည်း နောက်ကနေ ဆက်လိုက်လာပြီး ကျမကို အမျိုးမျိုးလုပ်ပြကာ သွေးဆောင်ဖြားယောင်တယ် ကျမလည်း ကြောက်ကြောက်နဲ့ ဘာလုပ်ဘာကိုင်ရမှန်းမသိလို့ အော်လိုက်တယ် အဲ့ဒီမှာ ထော်လဂျီ (လယ်ထွန်စက်)သမားနှစ်ယောက်ကိုတွေ့လို့ သူ့(၀င်းနိုုင်)ကိုလိုက်ကြတယ် နောက်ပြီးရွာကလူငယ်တွေလည်း ထပ်လာကြတော့ ၀ိုင်းဖမ်းလိုက်တာပါပဲ" ဟု မော်လှခေးမိုးကအခင်းဖြစ်ပွားခြင်းကိုုရှင်းပြသည်။

ရွာသားများဖမ်းဆည်းခဲ့သည့်အဆိုုပါ တပ်သားကိုု သက်ဆိုင်ရာသို့သွားရောက်အကြောင်းကြားပြီးနောက် ည ရ နာရီကျော်တွင် အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်း တာဝန်ခံ ဗိုလ်ကြီးအောင်ဇော်ထွန်းမှ လာရောက်ခေါ် ဆောင် သွားကာ ရိုးရာဓလေ့ထုံတမ်းအစဉ်အလာများနှင့် အမျိုးသမီးအတွက် နစ်နာကြေးကျပ်ငွေ သုံးသိန်း ပေးဆောင်မည်ဖြစ်သဖြင့် သတင်းမီဒီယာများထံမပေါက်ကြားစေရန် သတိပေးခဲ့သည်ဟုု ဆိုုသည်။

"ကျနော်တို့ မနေ့ကပြဿနာကို မီဒီယာ သတင်းတွေနဲ့ မတွေ့ပေးပဲနဲ့ ကျနော်တို့ လျော်ကြေးပေးပါမယ် လျော်ကြေး ဘယ်လောက်တောင်းမလဲပေါ့ ထုံးစံ(ဓလေ့ထုံးတမ်းစဉ်လားအရ)အတိုင်းလုပ်ဖို့က သုံးသိန်းတောင်းတယ် ပေးမယ်လို့တော့ ပြောတယ် ပေးတော့မပေးသေးဘူး" ဟု ရပ်မိရပ်ဖ ခူး ဖရေရယ်ကပြောသည်။

ထို့နောက် စစ်လေ့ကျင့်ရေးကျောင်းမှ အရာရှိနှင့် အပေါင်းပါ လေးဦးတိုု့ လော်ကေးခူသို့သွားရောက်၍ ကတိပေးပြောထားသည့်လျော်ကြေးကို မပေးနိုင်သေး၍ ရွာသားများသိမ်းဆည်းထားသည့် တရားခံစီး ဆိုင်ကယ်အား မပျောက်အောင်သိမ်းထားပေးရန်ပြောသည်။

ဗိုလ်ကြီးအောင်ဇော်ထွန်းခေါ်ဆောင်သွားသည့် တပ်သားဝင်းနိုုင်မှာမူ အမှတ် ၁၄သင်တန်းကွင်းမှ ထွက်ပြေး လွတ်မြောက်နေသည့်အတွက်  ဆိုုင်ကယ်ပြန်လာခုုိးနိုုင်သည်ဟုုဆိုုသည်။ ပြန်လည်ခေါင်ဆောင် ခဲ့သောတရာခံ မှာလည်းလွတ်သွားကြောင်းနှင့် ဆိုင်ကယ် ပြန်လာခိုးနိုင်သည်ဟု သတိပေးခဲ့ပါသည်။

အမှတ် (၂) အထူး စစ်ဆင်ရေးမှူး ဒုု- ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်မှ ဖရူဆိုုမြို့နယ်ရှိ အမှတ် ၁၄တန်းမြင့် စစ်သင်တန်း ကျောင်းအခြေအနေအား လာရောက်စစ်ဆေးပြီး တပါတ်ကျော်အကြာမှာ ယင်းသို့အခင်းဖြစ် ပွားခဲ့သည်။