မြန်မာအစိုးရစစ်တပ်သိမ်းယူခဲ့သော လွိုင်ကော်မြို့နယ်၊ လွယ်တမူကျေးရွာပိုုင် သင်္ချိုင်းနှင့်ခြံမြေများ ပြန်လည်ရရှိရန် သက်ဆိုုင်ရာအာဏာပိုုင်များထံသိုု့ ဒေသခံရွာသားများတောင်းဆိုုထားသော်လည်း တစုံုတရာ အကြောင်းပြန်ကြားချက်မရှိသေးကြောင်း ရွာသားများ ကန္တာရဝတီတိုုင်း(မ်)သိုု့ ပြောသည်။
“တပ်မတော်သိမ်းတော့ ဒီသင်္ချိုင်းကုန်း ဧရိယာပါသွားတာ သင်္ချိုင်းကုန်းမြေပြန်ရပြီ၊ နောက်အဲ့ဒီတည့်တည့် ဘိုကျော်သိန်းခြံ အရှေ ့ပေ ၅၀၀ တည့်တည့်ရပြီဆိုရင် ကျနော်တို့ကျေနပ်ပါတယ်” ဟု မြေသိမ်းဆီးခံရသူ ဦးလွီးဇီက ပြောသည်။
ဦးလွီးဇီနှင့်အတူ မြေသိမ်းဆီးခံရသော လွယ်တမူကျေးရွာသား ရ၂ ဦးတိုု့မှ မြေဧက ၂၀၀ အပါအဝင် သင်္ချိုင်းမြေကိုပါ ပြန်လည်ရရှိရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်မြေစာရင်းဦးစီးမှူးရုံး၊ မြို့နယ်မြေ စာရင်း ဦးစီးမှူးရုံး၊ လယ်ယာမြေစုံစမ်းစစ်ဆေးရေးကော်မရှင် အပါအဝင် သက်ဆိုုင်ရာ နေရာဆယ်နေရာအား အောက်တိုုဘာ ၁၅ရက်၊ ၂၀၁၃ခုုနှစ်ကတည်းက စာတင်၍တောင်းဆိုုထားခဲ့ခြင်းဖြစ်သည်။
လွယ်တမူကျေးရွာ၏ အရှေ့ဘက် ပကျဲရွာအဟောင်းထိ၊ အနောက်ဘက်တွင် ထောပလော်ခူအထိ၊ တောင်ဘက်တွင် လေယာဉ်ကွင်းအထိ၊ မြောက်ဘက်တွင် ပဒါးညေးရွာအထိရှိသော ဧက၂၀၀ရှိသည့် ခြံမြေများနှင့် သင်္ချိုင်းမြေကိုု ခလရ ၂၅၀နှင့် ခလရ ၂၆၁ တပ်ရင်းအတွက် ၁၉၉၁ ခုုနှစ်က သိမ်းယူလိုက် သည်ဟုု ဆိုုသည်။
သိမ်းဆည်းထားခဲ့သောခြံမြေအချို့ကိုု၂၀၀၆ခုုနှစ်က စကခ-၇မှ ပေ ၁၅၀ပတ်လည်အကွက်များ ရိုုက်ပြီး ရဲဘော်များအားပြန်လည်ချပေးခဲ့သည်ဟုု အမည်မဖေါ်လိုုသည့် လွယ်တမူရွာသားတဦးကပြောသည်။
“ကျနော်တို့လုပ်ကိုင်စားသောက်ဖို့မြေတွေနဲ့ သင်္ချိုင်းမြေပါအသိမ်းခံရတော့ ကျနော်တို့လုပ်ကိုင်စားသောက်ဖို့ မြေနေရာ မရှိတော့သလို ရွာသားတစ်ဦးဦး သေသွားရင် မြုပ်စရာနေရာမရှိတော့တဲ့အတွက် ဒုက္ခတအား ရောက်တယ်” ဟုအဆိုုပါရွာသားက ဆက်ပြောသည်။
စိုုက်ပျိုးစရာမြေကွက်မရှိသော ရွာသားအချို့မှာ သိမ်းဆည်းခံထားရသော မြေယာများတွင် တကွက်ကိုု တနှစ်ကျပ်ငွေ ၅၀၀၀ နှုန်းဖြင့်ပြန်လည်ငှားရမ်းစိုုက်ပျိုးနေရသည်ဟု ဆိုုသည်။
သိမ်းဆည်းမြေများပြန်လှည်ရရှိရန် သက်ဆိုုင်ရာအာဏာပိုုင်များထံ စာတင်၍ တောင်းဆိုုထားခြင်းအပေါ် ထူးခြားသည့် အကြောင်းပြန်ကြားချက်များ သိရှိနိုုင်ရန် ကန္တာရဝတီတိုုင်း(မ်)က စုံုစမ်းလျက်ရှိနေပါသည်။