ကယား(ကရင်နီ)ပြည် လွိုင်ကော်မြို့နယ်အတွင်းက အတင်းအဓမ္မရွှေ့ပြောင်းခြင်းခံခဲ့ရသည့် ကျေးရွာများ လက်ရှိ ငြိမ်းချမ်းရေးကြိုးပမ်းစဉ်ကာလအတောအတွင်း ဌာနေဟောင်းသိုု့ ပြန်လှည်အခြေချနေထိုုင်လိုု၍ သက်ဆိုုင်ရာ အာဏာပိုုင်များထံမှ တရားဝင်ခွင့်ပြုချက်ရရှိရန် စောင့်ဆိုုင်းလျက်ရှိသည်ဟုု ဒေသခံရွာသားများကဆိုုသည်။
ဌာနေဟောင်းသိုု့ပြန်လှည်အခြေချလုုပ်ကိုုင်စားသောက်နိုုင်ရန် ဒေသခံရွာသားများမှ ခရိုုင်အထွေထွေ အုုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုုပ်ချုပ်ရေးဦးစီးဌာန၊ ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP ပြည်နယ်ဆက်ဆံရေးရုံုးနှင့် သက်ဆိုုင်ရာဌာနအသီးသီးသို့ ပြီးခဲ့သည့် ဇူလိုင်လတွင် ခွင့်ပြုချက်တောင်းခံလွာ ပေးပိုု့ထားပြီးဖြစ်သည်။
အတင်းအဓမ္မပြောင်းရွှေ့ နေထိုုင်ခိုုင်းသည့်နေရာတွင် လုုပ်ကိုုင်စားသောက်နိုုင်ရန် ကိုုယ်ပိုုင်လယ်ယာခြံ မြေကွက်များ မရှိသည့်အတွက် ခြံမြေများရှိသည့် ရွာဟောင်းသိုု့ ပြန်လည်အသက် မွေးလိုုကြောင်း ထီးသူးကူးရွာသား ဦးသိုးရယ်က ပြောသည်။
ဦးသိုးရယ်က “ရွာဟောင်းမှာနေတော့ ကိုယ့်ပိုင် ယာတွေရှိတယ်။ အပင်တွေစိုက်ဖို့ တောင်ယာတွေပေ့ါ။ မြေယာပေ့ါ ရှိတယ်လေ။ ကိုယ်လုပ်နိုင်သလောက် (၅) ဧက (၁၀)ဧက ကိုယ်လုပ်နိုင်လို့ရှိရင်လည်း ရတာပေ့ါနော်။အဲဒါကြောင့် ကျနော်တို့ စားဝတ်နေရေးအတွက် ဖူလုံတယ်” ပြောသည်။
စစ်အစိုုးရနှင့် KNPP အကြား နိုုင်ငံရေး၊ စစ်ရေး ပဋ္ဋိပက္ခကြောင့် လောပိတကျေးရွာအုုပ်စုုရှိ ပျားကနဲ၊ ဒေါဆိုုရှေ့နှင့် ထီးသူးကူးကျေးရွာတိုု့သည် စစ်တပ်၏နှုတ်မိန့်ဖြင့် ပြီးခဲ့သည့် ၁၉၉၀ ခုုနှစ်က အတင်း အဓ္ဓပြောင်း ရွှေ့ခဲ့ခြင်း ဖြစ်သည်ဟုု ထီးသူးကူးရွာ ဥက္ကဌ ဦးမီရယ်ကပြောသည်။
ဦးမီရယ်က “၁၉၉၀ ခုနှစ်မှာ (၇၂) တပ်ရင်းက နှုတ်မိန့်နဲ့ လာပြောပြီးတော့ ပြောင်းခိုင်းပါတယ်။ (၇) ရက်နဲ့ အပြီးပေ့ါ။ (၇) ရက်အပြီး နောက်လှည့်မကြည့်ရ ဆိုပြီးတော့ ပြောင်းဖို့ အိမ်ဖြုတ်၊ အိမ်ဖြုတ်ပြီးတော့ ဒီပတ်ဝန်းကျင် ဆွေမျိုးတွေ၊ ဘေး ရွာတွေခေါ်ပြီးတော့ လာလုပ်ခိုင်းကူခိုင်းခါကျတော့ ဒီ (၇၂) တပ်က လူတွေကျတော့ မလာရ၊ မလုပ်ရ၊မဝင်ရ အပြင်လူမဝင်ရ ဆိုပြီးတော့ တားထားတယ်။ တစ်ချိုု့တွေက ရိုက်တယ်ပုတ်တယ်အဲလိုမျိုး၊ တချိုု့လည်း ဖမ်းထားတယ်၊ ချုုပ်ထားတယ်”ပြောသည်။
ထီးသူးကူးရွာနှင့် ပျားကနဲကျေးရွာကို ယခုု၄င်းတို့ နေထိုင်နေလျက်ရှိသော နွားလဝိုးကျေးရွာအုုပ်စုတွင် ပြောင်းရွေ့နေ ထိုင်ခိုင်းပြီး ဒေါဆိုရှေ့ ကျေးရွာကိုတော့ (၆) မိုင်စံပြတွင် ပြောင်းရွေ့နေထိုင်ခိုင်းခြင်း ဖြစ်သည်။
လောပိတအမှတ်(၁)ရေအားလျပ်စက်ရုံုကိုု KNPP မှ တပ်များဝင်ရောက် ဖြိုခွဲဖျက်စီးမှုမပြုလုုပ်နိုုင်ရန် အဆိုုပါကျေးရွာများအား စက်ရုံုအနီးအနားတဝိုုက်မှ ရွှေ့ပြောင်းခုုိင်းခြင်းဖြစ်သည်ဟုု ပျားကနဲ ကျေးရွာ ဥက္ကဋ္ဌ ဦးဖဲကီက ပြောသည်။
ဦးဖဲကီက “ကျနော်တို့ရွာက စက်ရုံနဲ့ သိပ်မလားမဝေးပေ့ါ။ စက်ရုံုမပျက်စီးရအောင်ဆိုပြီး ပြောင်းခိုင်းတာ။ သူတို့(KNPP တပ်)က ခဏခဏ လာပစ်တယ်။ နှစ်ခါလား လာပစ်တယ်။ ဒါကြောင့်မလို့ နောက်ထပ်လာလို့ရှိရင် အစိုးရက ပြန်ခုခံမှာကော၊ ကျနော်တို့မထိခိုက်အောင် ဘေးခဏဖယ်ပြီး နောက်မှ အေးဆေးလာလို့ရှိရင် ကျနော်တို့ ရွာပြန်ခိုင်းဖို့ ပြောင်းခိုင်းတယ်” ပြောသည်။
အတင်းအဓ္ဓမရွှေ့ပြောင်းမှုဖြင့် လက်ရှိနေထိုုင်နေရသည့်နေရာတွင် လုုပ်ကိုုင်စားသောက်ရန် မြေယာခြံမရှိသည့်အတွက် အလုုပ်လုုပ်နိုုင်သူ လူလပ်ပိုုင်းများသည် ရပ်ရွာကိုုထွက်ခွာ၍ တခြားဒေသဘက်တွင် အာမခံချက်မရှိသည့် ကျပမ်းအလုုပ်တွေကိုုသာ ရှာဖွေလုုပ်ကိုုင်နေကြရသည်။
ရွာဟောင်းသိုု့ပြန်လှည်နေထိုုင်ခွင့်ရပါက ဘိုုးဘွားခေတ်လက်ထက်က ပိုုင်ဆိုုင်လာခဲ့သည့်မြေယာများ မိမိလုုပ်နိုုင်သလောက် ခံစားခွင့်ရကြမှာဖြစ်သည်ဟုု ဆိုုကြသည်။