ကယားပြည်နယ် လွိုင်ကော်မြို့ အခြေစိုက် ကယား(ကရင်နီ)ပြည်သူများသည် နိုုင်ငံရေးနှင့်ပတ်သက်ပြီး အကြောက်တရားများနှင့် ရင်ဆိုုင်နေကြရဆဲရှိသည်ဟုု ကယားလူမျိုးစုုဒီမိုကရေစီပါတီမှ ပါတီစည်းရုံးရေးဆင်းစဉ်အတောအတွင်း ပြောဆိုုသည်။
“ကြောက်နေတုန်းပဲ ပွင့်ပွင့်လင်းလင်းမပြောရဲဘူး ကျနော်တိုု့ပါတီထဲ နိုင်ငံရေးထဲ ၀င်လာဖို့တောင်မှ .. ပါတီထဲမပြောနဲ့ နိုင်ငံရေး ထဲဝင်လာဖို့တောင်မှသူတို့က မဝံ့မရဲဖြစ်နေတယ်”ဟုု ကယားလူမျိုးစု ဒီမိုကရေစီပါတီ KUDP မှ ဥက္ကဌ ဆရာဒယ်နီယယ်က ပြောသည်။
ကယားပြည်နယ်အတွင်း ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP နှင့် အစိုုးရတိုု့အကြားပြီးခဲ့သည့် ၂၀၁၂ ခုုနှစ်ကစပြီး အပစ်ခတ်ရပ်ဆဲရေး သဘောတူလက်မှတ်ရေးထိုုးပြီးနောက် ၂၀၁၃ခုုနှစ် စက်တင်ဘာမှာ KUDP ပါတီအားထူထောင်လိုုက်ခြင်းဖြစ်သည်။ ပါတီရုံုးအားလွိုင်ကော်မြို့တွင် ဖွင့်လင့်ထားရှိသည်။
ယခင်စစ်အစိုးရလက်ထက်က နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်သူ/သားများအား ဖိနိုပ်ချုပ်ချယ်မှုများ ရှိခဲ့သည့်အတွက် ယနေ့အရပ်ဘက်အစိုုးရလက်ထက်ထိတိုုင် ပြည်သူများ နိုုင်ငံရေးနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ပါ၀င် ပြောဆိုုခြင်း မရှိကြောင်း ထောက်ပြသည်။
“ကျနော်တို့ နိုင်ငံရေးနိုးကြားမှုမရှိတဲ့ ကယားပြည်နယ်ကို စည်းရုံးရတဲ့အခါမှာ အခက်ခဲတော့ရှိတာပေါ့” ဟုု KUDP ပါတီ နာယက ဦးအောင်တင်ကပြောသည်။
ယခုုပါတီစည်းရုံုးရေးဆင်းချိန်အတောအတွင်း ပြည်သူများနိုုင်ငံရေးကိုုစိတ်ဝင်တစား ရှိလာကြပြီး ရွာလုံုးကျွတ်ပါ၀င်လာမှု ရှိနေသည်ကိုုတွေ့ရသည်ဟုု ဆိုုသည်။
ပါတီ မှတ်ပုံတင် စတင်ရရှိသည့် စက်တင်ဘာလမှှစ၍ လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ဘောလခဲ၊ ရှားတော စသည့်မြို့များတွင် ပါတီစည်းရုံုးရေးလုုပ်ငန်းစဉ်များ လုုပ်ဆောင်လျက်ရှိပြီး ယခုုအခါ ပါတီမှတ်တမ်းအရ အဖွဲ့ဝင်များကိုလူဦးရေ ၁၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း ဦးအောင်တင်ကပြောပါသည်။