ကျောင်းသားများအား သူငယ်ချင်းကဲ့သိုု့ သင်ကြားပိုု့ချပေးခြင်း တိုုးတက်မှုတွေ့ရှိ

ကျောင်းသားများအား သူငယ်ချင်းကဲ့သိုု့ သင်ကြားပိုု့ချပေးခြင်း တိုုးတက်မှုတွေ့ရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်တွင် ငြိမ်းချမ်းရေးကြိုးပမ်းးကြစဉ်ကာလအတောအတွင်း အသစ်ဖွင့်လိုုက်သည့် ဆယ်သဲကျောင်းမှ ကျောင်းသားများနှင့် ဆရာ၊မတိုု့အကြား အပြန်အလှန် ဆွေးနွေးမှုအား သိသိသာသာ တိုုးတက်လာနေသည်ဟုု ကျောင်းအုုပ်ကပြောသည်။

ဆရာ၊ဆရာမတိုု့က ကျောင်းသားများကိုု သူငယ်ချင်းကဲ့သိုု့ ဆက်ဆံ၍ သင်ယူလေ့လာမှုများ ပြုလုုပ်ပေး နိုုင်ခြင်း ကြောင့် ဖြစ်သည်ဟုု ဆယ်သဲ(ကြယ်စင်သစ်) သင်ယူလေ့လာရေးဆုံရပ် (STLC) ကျောင်းအုုပ် ဦးမိုုးကျော်က ယခုုလိုုရှင်းပြသည်။

“စစတုန်းကဆိုရင် သူတို့က စကားမပြောရဲကြဘူး ကျနော်တို့ရှေ့မှာပဲ ဖြစ်ဖြစ် အခန်းထဲမှာပဲ ဖြစ်ဖြစ် မပြောရဲကြဘူး။ ဒါပေမယ့် ခုတော့ သူတို့က ပြောရဲဆိုရဲလာကြပါပြီ။ ဘာလို့လဲဆိုရင် ကျနော်တို့ စာသင်ပေး တာ ဆရာတယောက်လိုမျိုးပဲ မဟုတ်ဘဲနဲ့ သူငယ်ချင်းတယောက်လိုလည်း သင်ပေးတယ်ဆိုတော့လေ”

ဇွန်လ ၂၀၁၃ခုုနှစ်က အစိုုးရနှင့် ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP တိုု့အကြား ဒုုတိယအကြိမ် ပြည်ထောင်စုုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံုဆွေးနွေးမှုအပြီး စတင်တည်ထောင် ဖွင့်လစ်လိုုက်ခြင်းဖြစ်သည်။

KNPP လက်အောက် ပညာရေးဌာနမှ ဦးဆောင် လုပ်ကိုင်လျှက်ရှိပြီး ပြည်နယ်အတွင်း တရားဝင်မှတ်ပုံတင် ထားခြင်း မရှိသေးသော်လည်း ပြည်နယ်အစိုးရနှင့် KNPP တို့အကြား သဘောတူညီချက်အရ ယခုလို ဖွင့်လှစ်နိုုင်ရန် သဘောတူထားကြောင်း သိရသည်။

ထိုကျောင်းတွင် ကျောင်းသားများ ဗဟုတုတများရရှိရန်အတွက် တလလျှင် တကြိမ် သို့မဟုတ် နှစ်ကြိမ်ဖြင့် ပြင်ပ ဧည့်သည်တွေကို ဟောပြောပေးရန်အတွက် အမြဲခေါ်ပေးလေ့ရှိသည်ဟု ဦးမိုးကျော်က ဆိုသည်။

ယခုလိုဖွင့်လှစ်လိုက်ရခြင်းသည် ကျောင်းဆက်မတက်နိုင်သည့် လူငယ်များနှင့် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုလွယ်ကူလာစေရန် ရည်ရွယ်ပြီးဖွင့်လှစ်ရခြင်းဖြစ်သည်ဟု ဆယ်သဲကျောင်းအား ဦးဆောင်တည်ထောင်သူ ဆရာမမိမာကပြောသည်။

ဆရာမမိမာက “အထူးသဖြင့် ဒီ ကျေးလက်တောရွာဒေသက လူငယ်လေးတွေပေါ့နော ရှေ့ဆက်ပညာ သင်ကြားနိုင်ဖို့အတွက်နောက်ပြီးတော့ အလုပ် အကိုင်တွေပိုမိုရရှိလာရေးအတွက် အဓိက ရည်ရွယ်ပြီးတော့ ဖွင့်ထားတာဖြစ်ပါတယ်”ဟု ပြောသည်။

ဆယ်သဲကျောင်းသူ မဦးမြာစိုးက “ကျမတို့ ဒီကျောင်းကို တက်တာ တိုးတက်မှုအများကြီးရှိတာပေါ့။ Grammar (သဒ္ဒါ)တွေကော Speaking (အင်္ဂလိပ်စကားပြော)တွေပါ တိုးတက်လာတယ်။ မပြောမဆိုရဲတဲ့ သူတောင်မှ တော်တော်နဲ့ ပြောရဲဆိုရဲလာပြီပေါ့နော်”ဟု ပြောသည်။

ပညာသင်ကြားမှုနှစ်တဝှက်မရောက်သေးသော်လည်း ကျောင်းသားများအနေဖြင့် ကွန်ပျူတာအတတ် တိုးတက်လာခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ရှိလာခြင်းနှင့် သတ္တိရှိလာခြင်းသာမက ပြင်ပဧည့်သည်များ လာရောက်ဟောပြောပေးသည့်အတွက် ဗဟုသုုတများလည်း ပိုမိုရရှိလာသည်ဟု မဦးမြာစိုးက ဆက်ပြော သည်။

ဆယ်သဲကျောင်းတွင် အခြေခံ ကရင်နီဘာသာ သင်ကြားသော ဆရာ ခူးယွီရယ်က “ကျောင်းသားတွေက စာတော်ကြတယ်။ ပြီးတော့ ယဉ်ကျေးတယ် ပြောစကားတွေလည်း နားထောင်တယ်လေး။ ဒါပေမယ့် သူတို့ကို စစသင်တုန်းကဆိုရင် ကျနော်တို့ကို ကြောက်ကြတယ် စကားမပြောရဲကြဘူး။ ခုတော့ စကားပြန် ပြောလာကြပါပြီ”ဟု ပြောသည်။

ဆယ်သဲကျောင်းကိုု ဇွန်လှိုင်လက စတင်ထူထောင်လိုုက်ခြင်းဖြစ်ပြီး ထိုင်း၊မြန်မာနယ်စပ် ဒုက္ခသည်စခန်း အတွင်းရှိ KnCC (Karenni Community College) ကျောင်းခွဲလည်းဖြစ်သည်။

တနှစ်တိတိပညာသင်နှစ်ဖြစ်ပြီး အထူးသဖြင့် ဆယ်တန်းမအောင်နိုုင်သူများ၊ ဆယ်တန်းအောင်ပြီး ကျောင်းဆက်လက် မတက်နိုုင်သောကျောင်းသား/သူ စုုစုုပေါင်း (၄၃) ဦးပညာသင်ယူလျက်ရှိသည်။

ဆရာ/မ (၆) ဦးမှ အင်္ဂလိပ်၊ ကရင်နီဘာသာ၊ လူမှုရေးသိပ္ဗံ၊ စီမံခန့်ခွဲမှုဘာသာရပ် နှင့် ကွန်ပြူတာဘာ သာရပ်ကိုု သင်ကြားပိုု့ချပေးလျက်ရှိသည်။

ကျောင်းအုပ်က “ဒီကျောင်းဟာ ခုမှစဖွင့်တယ်ဆိုတော့ အကြီးကြီးမဖွင့်နိုင်သေးဘူးပေါ့။ ခုဒီကျောင်းက ပထမခြေလှမ်းပဲ ရှိသေးတာပေါ့နော်။ ကျနော်တို့က ဒီကျောင်းကို အတတ်နို်င်ဆုံး အကောင်းဆုံးဖြစ်အောင် ဆက်လုပ်သွားမှာပါ”ဟု ဆက်ပြောသည်။