စစ်တပ်သိမ်းဆည်းမြေယာ ဒေသခံများ အနည်းငယ်ပြန်လည်ရရှိ

စစ်တပ်သိမ်းဆည်းမြေယာ ဒေသခံများ အနည်းငယ်ပြန်လည်ရရှိ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အမှတ် ၁၄ တပ်မတော်တန်းမြင့်စစ်ရေးလေ့ကျင့်ရေး သင်တန်း ကျောင်းအတွက် စစ်တပ်သိမ်းဆည်းခဲ့သည့် သေဒခံလယ်ယာမြေအချို့ ပြန်လည်ပေးအပ်ပြီ ဖြစ်ကြောင်း မြေယာသိမ်းဆည်းခံရသူများက ပြောသည်။

ယင်းစစ်သင်တန်းကျောင်းအတွက် ဒေသခံတောင်သူများ၏ မြေဧက၂၇၀၀ ကျော်ကိုု သိမ်းဆည်းခဲ့ သည့် အနက် ၁၉၉ .၈၆ ဧကကိုု ဒေသခံပိုုင်ရှင်များထံသိုု့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း တောင်ယာမြေသိမ်း ဆည်းခံရသည့် ဒေါလောခူရွာမှ ဦးတူရယ်က ပြောသည်။

“ပြန်ပေးတဲ့ အတိုင်းတာပမာဏကိုလည်း ပြည်သူလူထုအနေနဲ့တော့သိပ်ပြီးတော့ ကွက်ကွက်ကွင်းကွင်း မသိဘူး။ နောက်ပြီးတော့ ပွင့်လင်းမြင်သာမှုရှိရှိ  ပြည်သူတွေကို မချပြတာကြောင့်လည်း ပြန်ပေးတဲ့ဟာ တွေနဲ့မကျေနပ်နိုင်ဘူးပေါ့” ဟုုဦးတူရယ်က ပြောသည်။

မြို့နယ်အတွင်းကမားဖရိုုရှေ့၊ ဒေါလောခူနှင့် လောဂျာရွာသုံုးရွာမှ ဒေသခံပိုုင်ဆိုုင်သည့် တောင်ယာမြေဧက ၂၇၀၀ ကိုု ပြန်လှည်ရရှိရန် ဒေသခံများဘက်မှ တောင်းဆိုုလုုပ်ရှားမှုများ ပြုလုုပ်နေသကဲ့သိုု့ ကရင်နီအမျိုး သားတိုုးတက်ရေးပါတီ KNPP ဘက်မှ စစ်သင်တန်းကျောင်းအစား တခြားလူထုုအကျိုးပြု စီမံကန်းများအဖြစ် ပြန်လည်အသုံုးပြုရန် အစိုုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစဉ်တလျောက် တင်ပြတောင်းဆိုုနေသည့်အတွက် ယင်းတပ်သိမ်းမြေအချို့ ပြန်လည် ပေးအပ်လာခြင်း ဖြစ်သည်။

“စစ်သင်တန်းကျောင်းအဆောက်အဦးတွေ ဆောက်လုုပ်ပြီးစီးနေပြီ ဖြစ်တဲ့အတွက် အဲဒါ ပြန်ပေးလို့မရ တဲ့နေရာဖြစ်လို့တဲ့” ဟုု အမျိုးသားလွတ်တော်ကိုုယ်စားလှယ် ဦးဆားရယ်က ပြောသည်။

စစ်သင်တန်းကျောင်းအတွက် စစ်တပ်မှသိမ်းဆည်းထားသည့် မြေယာများ အစားထိုုးပြန်ပေးနိုုင်ရန် ဖရူဆိုမြို့ နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဘောလခဲ မြို့နယ် ၃ မြို့နယ်ထိစပ်လျက်ရှိသည့် လျားဒူခရားဆိုသည့် မြေလွှတ် မြေရိုင်း နေရာဒေသဘက်တွင် ဧက ၁၅၀ ကျော်ခန့် ရာထားကြောင်း သိရသည်။

သိုု့သော်အစားထိုုးလွဲပြောင်းပေးမည့် ၄င်းမြေရိုုင်းနေရာကိုု ရွာသားများ ကြိုက်ချင််မှကြိုက်မည်ဟုု ဦးဆားရယ် က ဆက်ပြောသည်။

ယင်းတပ်သိမ်းလယ်ယာမြေကိစ္စအပါအဝင် အမှတ် ၄၁၈ နှင့် ၅၃၁ တပ်သိမ်းလယ်ယာမြေကိစ္စများအားလုံးကို ဒေသခံတောင်သူများက သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားပြီးဖြစ်သော်လည်း လယ်ယာမြေစုံစမ်း စစ်ဆေးရေးအဖွဲ့များက ကယားပြည်နယ်သို့ ကွင်းဆင်းစစ်ဆေးခြင်း မပြုလုပ်ရသေးကြောင်း လွှတ်တော် အမတ် ဦးဆားရယ်က ဆက်သည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် မြန်မာအစိုးရ ဆက်လက်ဆွေးနွေးရန် အဓိက ကျန်ရှိနေသေး သည့် အချက် ၆ ချက်တွင် အမှတ် ၁၄ စစ်လေ့ကျင့်ရေးကျောင်းကိစ္စသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်ဟု သိရသည်။

KNPP အတွင်းရေးမှူး(၂) ဦးရွှေမျိုးသန့်က “ဒီပြည်သူတွေကလည်း သူတို့အဆင်ပြေနိုင်မယ် ထင်တဲ့ မြို့ပြဝန်းကျင်နေရာမျိုးကို လိုချင်တယ်။ ဒါပေမယ့် တကယ်စဉ်းစားကြည့်ကြည့်ပြန်တော့လည်း ဒီလိုနေရာ မျိုးတွေမှာ ဘယ်သူမဆိုဘာပဲဖြစ်ဖြစ်ပေါ့လေ မူရင်းပိုင်ရှင်ဆိုတာရှိပြီးသား” ဟုပြောသည်

စစ်သင်တန်းကွင်းစီမံကိန်းအတွက် ယခင်စစ်အစိုုးရလက်ထက်ကတည်းက ဒေသခံလယ်ယာမြေများ သိမ်းဆည်း၍ ၂၀၁၁ ခုုနှစ် သြဂုုတ်လက အဆောက်အဦးများ စတင်ဆောက်လုုပ်ကာ ယခုအခါ အဆောက် အဦးများ ပြီးစီး၍ စစ်သင်တန်းများ စတင်နေပြီဖြစ်သည်။

Most read this week