နိုင်ငံခြား ခရီးသွားဧည့်သည်တွေ မှတ်သားရလွယ်အောင် ယာဉ်နံပါတ်ပြား အင်္ဂလိပ်အက္ခရာပြောင်း

နိုင်ငံခြား ခရီးသွားဧည့်သည်တွေ မှတ်သားရလွယ်အောင် ယာဉ်နံပါတ်ပြား အင်္ဂလိပ်အက္ခရာပြောင်း
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ်တွင်း နိုင်ငံခြားခရီးသွားဧည့်သည်တွေ မြန်မာအက္ခရာနဲ့ လိုင်စင်ရှိသော ယာဉ်နံပါတ်ပြားတွေကို မှတ်ရလွယ်ကူစေရန် အင်္ဂလိပ်အက္ခရာဖြင့် စတင်ပြောင်းလဲ ပြုလုပ်ပေးနေပြီ ဖြစ်တယ်လို့ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွန်ကြားရေမှူး ဦးစီးဌာန(ကညန)မှ ဦးစီးမှူး ဖြစ်သော ဒေါ်နန်းစိုးစိုးဟတ် ပြောပါတယ်။

ဒေါ်နန်းစိုးစိုးဟတ်က "ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အစ်မတို့ နောက်ဆိုလို့ရှိရင် ဒီအာဆီယံ နိုင်ငံတွေလည်း အစ်မတို့နိုင်ငံတွင်းလာလို့ရှိရင် သူတို့ နိုင်ငံခြားသားတွေလေး၊ နိုင်ငံခြားသားဆိုတော့ အစ်မတို့ အင်္ဂလိပ်စာလုံးကို လုပ်တဲ့အတွက်ကြောင့် သူတို့က ပိုပြီးတော့ မှတ်ရလွယ်ရဒါပေါ့ ဒီနံပတ် တွေနဲ့အဓိက ရည်ရွယ်ချက်က အဲ့ဒါဘဲ" လို့ ပြောပါတယ်။

တနိုင်ငံလုံး ကားနံပါတ်ပြားတွေကို အင်္ဂလိပ်သင်္ကေတအဖြစ် ပြောင်းလဲဖို့အတွက်စတင်ချိန်မှာ ကယားပြည်နယ်မှာလည်း ဇူလိုင်လ ၈ရက်နေ့တွင် ကညနရုံး၌ စတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း ယာဉ်များကို အင်္ဂလိပ်သင်္ကေတ KYH ဖြင့် ပြောင်းလဲထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကယားပြည်နယ်တွင် ကားများကိုသာ ဦးစားပေးပြုလုပ်နေတာဖြစ်ပြီး ပြည်နယ်အတွင်း ကားလိုင်စင်ရှိသည့် ယာဉ်များမှာ ၁၀၂၃ စီးရှိတာဖြစ်ပြီး ယခုလောလောဆယ်တွင် ၆ စီးသာလျှင် ပြုလုပ်သေးကြောင်း သိရပါတယ်။

သက်တမ်းတိုးသည့်ယာဉ်များ၊ နာမည်ပြောင်းသည့်ယာဉ်များ၊ နယ်ဝင်လာသည့်ယာဉ်များကိုလည်း ယခုတကြိမ်တည်း အင်္ဂလိပ်အက္ခရာ သင်္ကေတအနေနဲ့ စပြီးတော့ မှတ်ပုံတင် လုပ်ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Most read this week