ရန်ကုန် သင်္ကြန်၌ ဗုံးပေါက်ကွဲပြီးနောက် လွိုင်ကော်တွင် လုံခြံရေး တင်းကြပ်ကာ ပိုမိုစစ်ဆေး

ရန်ကုန် သင်္ကြန်၌ ဗုံးပေါက်ကွဲပြီးနောက် လွိုင်ကော်တွင် လုံခြံရေး တင်းကြပ်ကာ ပိုမိုစစ်ဆေး
by -
ပါးရယ်
သင်္ကြန်အကြတ်နေ့အတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲပြီးသည့်နောက် ကရင်နီပြည် လွိုင်ကော်မြို့တွင် အာဏာပိုင်များက လုံခြံုရေး တင်းကြပ်ချထားပြီး ယခင်ကထက် စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများ ပြောပြချက်အရ...

သင်္ကြန်အကြတ်နေ့အတွင်း ရန်ကုန်မြို့၌ ဗုံးပေါက်ကွဲပြီးသည့်နောက် ကရင်နီပြည် လွိုင်ကော်မြို့တွင် အာဏာပိုင်များက လုံခြံုရေး တင်းကြပ်ချထားပြီး ယခင်ကထက် စစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

ရန်ကုန်ဗုံးပေါက်ပြီးနောက် လွိုင်ကော်မြို့တွင် နေ့ရောညပါ လုံခြံုရေး တင်းကြပ်စွာ ချထားပြီး လူသွားလူလာတိုင်းလိုလိုကို စောင့်ကြည့် စစ်ဆေးကြောင်း အစစ်ခံရသော လွိုင်ကော်မြို့(သိရိဒေါ)ခံတဦးက ပြောသည်။

သူက “အရမ်းပဲလေ။ နေရာတိုင်းကို လုပ်နေတာ သိလား။ ကားတွေဆိုလဲ စစ်လိုက်တာ မမေးနဲ့တော့။ အိတ်တွေပါပဲ။ ပြီးတော့ မှတ်ပုံ တင်။ အိတ်တွေကိုတော့ သေချာ စစ်တယ်” ဟု ပြောပါသည်။

လွိုင်ကော်မြို့အပြင် ဒီမော့ဆိုမြို့တွင်လည်း အာဏာပိုင်များက လူသွားလူလာရာတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု စစ်ဆေးခံရသော ဒီမော့ဆိုမြို့ခံတဦးကလည်း ပြောသည်။

“အခု ငါဒီကို လာတာ ဆိုင်ကယ်အဖုံး၊ အိတ်တွေ အကုန်ဖွင် ့ပြရတယ်။ မနေ့တနေ့က ငွေတောင်တာဘောင်ပေါ်မှာလဲ ဆို်င်ကယ်စီးလာတဲ့ သူမှန်သမျှ တားပြီး စစ်ဆေးတာ” ဟု သူက ပြောသည်။

ယခုလို အာဏာပိုင်များ၏ အစစ်အဆေးများကြောင့် အချို့ပြည်သူများအတွက် ကြောက်ရွံ့မှု ရှိစေကြောင်းနှင့် တနေရာရာသို့ ခရီးသွား လာရာတွင် အချိန်ကုန်ပြီး အနှောက်အယှက် ဖြစ်နေကြောင်း ဆိုသည်။

ရန်ကုန်ဗုံးပေါက်ကွဲမှုအပြီး “ကယားပြည်လည်း ပါလာမယ် ဆိုပြီး အခုတောက်လျှောက် စစ်နေတာလေ။ ပြည်သူတွေက ကောင်းကောင်း သွားလာလို့ကို မရ ဖြစ်နေတယ်။ လမ်းမှာ တွေ့လို့ မသင်္ကာတဲ့သူ အကုန်စစ်တယ်တဲ့” ဟု ပြည်တွင်း၌ လှုပ်ရှားနေသော ကရင်နီအမျိုး သားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို) အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ စမ်းရှိုင်းက ပြောသည်။

အာဏာပိုင်များသည် မြို့တွင်း၌ အစစ်အဆေးများ ပြုလုပ်ရာတွင် လမ်းမများ၌ဖြစ်စေ၊ ဂိတ်များ၌ဖြစ်စေ သွားလာသော သူများအား ခေါ်ယူရပ်ခိုင်းစေကာ စစ်ဆေး နေကြောင်း၊ မသကာင်္သူများအား ပိုမိုစစ်ဆေးလျက်ရှိကြောင်း စမ်းရှိုင်းက ဆက်ပြောသည်။

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့တို့တွင် စစ်အစိုးရအာဏာပိုင်များက လုံခြံရေး တင်းကြပ်ပြီး စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ယခုချိန်ထိ ပြည်သူများအား အဖမ်းအဆီး မရှိသေးကြောင်း မြို့ခံများက ဆိုသည်။

ယခုလ ၁၅ ရက်နေ့ သင်္ကြန်အကြတ်နေ့အတွင်း ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးက x20 ရေကစားမဏ္ဍပ် အနီးတွင် ဗုံး ၃ လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် အမျိုးသား ၅ ဦးနှင့် အမျီုးသမီး ၃ ဦး လူစုစုပေါင်း ၈ ဦး သေဆုံးပြီး မြောက်များစွာ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။