ကရင်နီမှ သဘာဝ သံယံဇာတ စျေးနှစ်ဆ ထိုးတက်

ကရင်နီမှ သဘာဝ သံယံဇာတ စျေးနှစ်ဆ ထိုးတက်
ကရင်နီပြည် လွိုင်ကော်ဒေသအနီးတဝိုက်တွင် ထွက်ရှိသည့် သဘာဝ သံယံဇာတ တစ်ခုဖြစ်သည့် ခနောက်စိမ်းသည် ယခုနှစ်တွင် တစ်တန်လျင် ၁၀ သိန်းဝန်းကျင် ရှိသောကြောင့် ယခင်နှစ်များထက်စာလျင် စျေးနှစ်ဆ....

ကရင်နီပြည် လွိုင်ကော်ဒေသအနီးတဝိုက်တွင် ထွက်ရှိသည့် သဘာဝ သံယံဇာတ တစ်ခုဖြစ်သည့် ခနောက်စိမ်းသည် ယခုနှစ်တွင် တစ်တန်လျင် ၁၀ သိန်းဝန်းကျင် ရှိသောကြောင့် ယခင်နှစ်များထက်စာလျင် စျေးနှစ်ဆ တက်နေကြောင်း သိရသည်။

ယခင် ၂၀၀၇ နှင့် ၂၀၀၈ ၀န်းကျင်တွင် ၁ တန်လျင် မြန်မာငွေ ၃ သိန်းမှ ၅ သိန်းကျပ်ခန့်သာရှိပြီး ယခုစျေးပြန်လည်လှုပ်ရှားလာချိန်တွင် ၁ တန်လျင် ၈ သိန်းမှ ၁၀ သိန်း ၀န်းကျင်ခန့်အထိ စျေးထိုးတက်နေသည်ဟု ခနောက်စိမ်း ကုန်သည် ပွဲစားတစ်ဦးက ပြောသည်။

“အလျူမီနီယံသတ္တုလေ၊ လေးမျိုးပြန်ခွဲထုတ်ရတယ်။ ရွေနည်းနည်းပါတယ်။ အလျူမီနီယံ သတ္တုကို ကားအင်ဂျင်တို့၊ ဆိုင်ကယ်ဘလောဂ့်တို့ ဘာတို့ ထုတ်တဲ့ဟာမျိုးမှာ အသုံးပြုတယ်” ဟုကုန်သည်ပွဲစားကပြောသည်။

ဆက်လက်ပြီး ၎င်းက “သူ့ဟာက ကမ္ဘာ့စီးပွားရေး တက်သလိုလိုက်တက်တယ်။ အခုက ၂၀၁၀ က ဒီရွေးကောက်ပွဲပြီးမယ် ဆိုလို့ရှိရင် ကမ္ဘာ့စျေးကွက်တွေက နည်းနည်းပြန်လှုပ်ရှားမယ်၊ တခြားနိုင်ငံလည်း စီးပွားရေးနည်းနည်း ပြန်ဦးမော့လာပြီ ဆိုတော့ လိုက်လာမှာပဲ” ဟုပြောကြားသွားပါသည်။

ခနောက်စိမ်းများအား ကရင်နီပြည်နယ်ရှိ ဟိုယာ၊ ဘီယာ၊ ထူးချောင်း၊ ဒိုရော၊ ရိုကား၊ ဟာခရူ နှင့် ခွေ့တလုတ် စသည့်ကျေးရွာများတွင် တူးဖော်ရယူခြင်းဖြစ်သည်။

Most read this week