ပြည်ခိုင်ဖြိုးဖလား ဗိုလ်လုပွဲတွင် နှစ်စဉ်ထက်စည်ကား

ပြည်ခိုင်ဖြိုးဖလား ဗိုလ်လုပွဲတွင် နှစ်စဉ်ထက်စည်ကား
by -
ကယားထဲ
ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့၌ အောက်တိုဘာလ ၂၀နေ့က ကျင်းပသော ပြည်ခိုင်ဖြိုး ဘော်လုံးဖလား ဗိုလ်လုပွဲတွင် ပရိတ်သတ်များ နှစ်စဉ်ကျင်းပသည့် ပွဲထက်စည်ကား ...

ကရင်နီပြည်နယ်၊ ဒီမောဆိုမြို့၌ အောက်တိုဘာလ ၂၀နေ့က ကျင်းပသော ပြည်ခိုင်ဖြိုး ဘော်လုံးဖလား ဗိုလ်လုပွဲတွင် ပရိတ်သတ်များ နှစ်စဉ်ကျင်းပသည့် ပွဲထက်စည်ကား သည်။

“ပြည်ခိုင်ဖြိုးဒိုင်းက လေးနှစ်ရှိပြီလုပ်တာ ဒီနှစ်လူအများဆုံးပဲ” ဟု ဘော်လုံးပွဲသို့ လာရောက်အားပေးသော ပရိတ်သတ် တစ်ဦးက ပြောသည်။

ကျေးရွာအုပ်စုလိုက်ကို ပြည်ခိုင်ဖြိုးမှ ထော်လဂျီစက်နှင့် ကားများ စီစဉ်ပေးပြီး လာရောက်ကြည့်ရှု့ အားပေးသော ပရိတ်သတ်များမှာ လူဦးရေ တစ်သောင်းဝန်းကျင်ခန့် ရှိသည်။

“ဆောင်ဒူလာအုပ်စုဘက်ကိုတော့ ဆယ်စီးကျော် လာကြိုပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

၎င်းဗိုလ်လုပွဲတွင် ဆောင်ဒူလာအုပ်စုအသင်းက ငွေတောင်အုပ်စုအသင်းကို ငါးဂိုးတစ်ဂိုးဖြင့် ဗိုလ်စွဲသွားပြီး မြို့နယ် ကြံခိုင်ရေးအတွင်းရေးမှူး၊ မြိုနယ်အေးချမ်းသာယာရေး ကောင်စီ ဥက္ကဌနှင့် ငြိမ်းချမ်းရေး ယူထား သော ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး၏တပ်ဦး ဒုဥက္ကဌက လာရောက် အားပေးပါသည်။