အစမ်းစာမေးပွဲ ရှုံးသူ အတန်းတင် ပေးမအောင်ဆို၍ ကြိုတင်ကျောင်းထွက်နေရ

အစမ်းစာမေးပွဲ ရှုံးသူ အတန်းတင် ပေးမအောင်ဆို၍ ကြိုတင်ကျောင်းထွက်နေရ
by -
ကယားထဲ
ကရင်နီပြည်နယ် ဒီမောဆိုမြို့ရှိ အထက်တန်းကျောင်းအုပ်သည် ပြီးခဲ့သော ရှေ့လစဉ်စစ် စာမေးပွဲ ကျရှုံးခဲ့သူများကို အတန်းတင်စာမေးပွဲ ပေးမအောင်ပါဟု ဆိုသောကြောင့် ကျောင်းသူ/သားများ ကြောက်လန့် ...

ကရင်နီပြည်နယ် ဒီမောဆိုမြို့ရှိ အထက်တန်းကျောင်းအုပ်သည် ပြီးခဲ့သော ရှေ့လစဉ်စစ် စာမေးပွဲကျရှုံးခဲ့သူများကို အတန်းတင်စာမေးပွဲ ပေးမအောင်ပါဟု ဆိုသောကြောင့် ကျောင်းသူ/သားများ ကြောက်လန့်ကာ ကျောင်းထွက်ကြသည်။

“လပတ်စာမေးပွဲတွေမှာ ကျဖူးတဲ့ ကျောင်းသာတွေက ကျမှာနဲ့အတူတူ ဆိုပြီး ထွက်လိုက်ကြတာပါ” ဟု ကျောင်းထွက်လိုက်သော ၉ တန်းကျောင်းသားနှင့် နီးစပ်သော သူတစ်ဦးက ပြောသည်။

ကျောင်းတက်စ လစဉ်စစ် စာမေးပွဲ ၄ လအတွင်းတွင် စာမေးပွဲကျခဲ့ဖူးသော နဝမတန်း ကျောင်းသူ/သားများသည် နောက်ပိုင်းကျန်ရှိသော လစဉ်စစ် စာမေးပွဲမည်မျှပင် အောင်သော်လည်း စာမေးပွဲပေးမအောင်ပါဟု အထက်တန်း ကျောင်းအုပ်မှ ရ လပု်ိင်းတွင် ကျောင်းသားမိဘများကို ခေါ်ပြီး ကျောင်းသားများရှေ့မှောက်တွင် ပြောကြားခဲ့သည်။

ထိုသို့ ပြောကြားပြီးနောက် ၉ တန်းကျောင်းသူ/သားများသည် တဖြည်းဖြည်းနှင့် ကျောင်းထွက်ကုန်ကြသည်။

“ကျနော်တို့ အခန်းထဲမှာ နှစ်စကဆို ရ၂ ယောက် ရှိပါတယ်။ ခုနောက်ပိုင်းတော့ ၆၁ ယောက်ပဲ ရှိတော့တယ်” ဟု ၉ တန်း ကျောင်းသား တစ်ဦးက ပြောသည်။

အ.ထ.က ဒီမောဆိုမြို့တွင် နဝမ အတန်းသည် စုစုပေါင်း ရ ခန်းရှိရာ တစ်ခန်းလျှင် အနည်းဆုံး ကျောင်းသား ရ ဦးခန့် ကျောင်းထွက်ကြသည်။