ဂိတ်ဖြတ်ခ စျေးများ၍ ခရီးသွားများ အခက်တွေ့နေ

ဂိတ်ဖြတ်ခ စျေးများ၍ ခရီးသွားများ အခက်တွေ့နေ
by -
နှောင်းလှိုင်
ထိုင်း-ကရင်နီ နယ်စပ်ရှိ ဟွေ့ပူလောင်းဂိတ်ကို တရားဝင် ဖွင့်လှစ်လိုက်ပြီးသည့်နောက် ကရင်နီပြည်တွင်းမှ ထိုင်းနိုင်ငံနယ်စပ်ဘက်သို့လာသော ခရီးသည်များ ဂိတ်ဖြတ်ခ အဆမတန် ပေးဆောင်ရသည့်အတွက် သွားလာရေး ...

ထိုင်း-ကရင်နီ နယ်စပ်ရှိ ဟွေ့ပူလောင်းဂိတ်ကို တရားဝင် ဖွင့်လှစ်လိုက်ပြီးသည့်နောက် ကရင်နီပြည်တွင်းမှ ထိုင်းနိုင်ငံနယ်စပ်ဘက်သို့လာသော ခရီးသည်များ ဂိတ်ဖြတ်ခ အဆမတန် ပေးဆောင်ရသည့်အတွက် သွားလာရေး အခက်အခဲရှိနေသည်။

နန့်ပန်ချောင်းတလျှောက်ရှိ ဟွေအွန်ဂိတ်နှင့် ဆို့ပွိုင့်ဂိတ်နှစ်ဂိတ်မှ ခရီးသည်တဦးကို တဂိတ်လျင် ကျပ် ၄၀၀၀ ထောင်စီပေးဆောင်ရပြီး ထောက်ခံစာရွက်စာတမ်းများ မရှိသော ခရီးသည်များမှာ ကျပ် ၅၀၀၀ ထောင်အထိ ပေးဆောင်ရသည်။

လွိုင်ကော်မြို့မှ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင် နယ်စပ်မြို့အထိ ခရီးသည်တဦး၏ အသွားအပြန်ကုန်ကျစရိတ်မှာ စုစုပေါင်းကျပ် ၁၅၀ ၀၀၀ ထိရှိသည်။

“ပိုက်ဆံ မပေးရင် အဲမှာပဲနေခဲ့ ပြန်ဆင်းပေါ့” ဟု ဟွေအွန်ဂိတ်မှ စစ်တပ်ဂိတ်မှူးတဦးက စက်လှေသမားအား လှမ်းပြောသည်။

ဟွေအွန်ဂိတ်နှင့် ဆို့ပွိုင့်ဂိတ်နှစ်ဂိတ်တွင် ခမရ ၄၂၈ နှင့် ၅၃၁ တို့က စောင့်၍ ဂိတ်ဖြတ်ကျေးများ ကောက်သည်။

လွိုင်ကော်မြို့မှ မယ်ဟောင်ဆောင်မြို့ အထိကားဖြင့် တရက်ခွဲရှိသည့် ခရီးကို ခရီးသွားလာခ ၁ သိန်းကျော် ကုန်ကျသည့်အတွက် အသေးစားစီးပွားရေးသမား အပြင် ရိုးရိုး ခရီးသည်များက ပိုမိုဒုက္ခရောက်ကြသည်။

“အဲလိုမှန်းသိရင် မလာပါဘူး” ဟု စက်လှေပေါ်က ခရီးသည်တဦးကပြောပါသည်။ လွိုင်ကော်မှ မယ်ဟောင်ဆောင်သို့ အလည်လာသော ခရီးသည်တဦးက ဆက်လက်ပြီး “နောက်ဆို ဘယ်တော့မှ မလာတော့ဘူး” ဟုဆိုသည်။

ဟွေ့ပူလောင်းဂိတ်ကို ၂၀၀၅ ခုနှစ်မှစ၍ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အဖွဲ့နှင့် မယ်ဟောင်ဆောင် ထိုင်းဒေသ အာဏာပိုင်တချို့က မှောင်ခိုလမ်းအနေဖြင့် ဖွင့်လှစ်ထားရာမှ ပြီးခဲ့သည့် စက်တင်ဘာလတွင် တရားဝင်ဖွင့်လှစ်လိုက်သည်။