ပြည်သူများ စီးခွင့်မရသည့် လွိုင်ကော်လေလိုင်း

ပြည်သူများ စီးခွင့်မရသည့် လွိုင်ကော်လေလိုင်း
by -
မော်တလဲ
ကရင်နီပြည် လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော လေယာဉ်ကို သာမန်ခရီးသည် ပြည်သူများ လာဘ်ထိုးပေးမှသာ စီးခွင့် ရကြသည်ဟု သိရသည်။ လွိုင်ကော်တွင် တစ်စီးတည်းသာ ရှိသည့် အစိုးရပိုင် ဖေါ်ကာ F-27 ...

ကရင်နီပြည် လွိုင်ကော်မြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော လေယာဉ်ကို သာမန်ခရီးသည် ပြည်သူများ လာဘ်ထိုးပေးမှသာ စီးခွင့်ရကြသည်ဟု သိရသည်။

လွိုင်ကော်တွင် တစ်စီးတည်းသာ ရှိသည့် အစိုးရပိုင် ဖေါ်ကာ F-27 လေယာဉ်သည် တပတ်မှ တနင်္လာနေ့ တကြိမ်သာ ရန်ကုန်မြို့သို့ ပျံသန်းပြေးဆွဲနေ၍ အစိုးရအရာရှိများနှင့် အပစ်ရပ်အဖွဲ့များမှ အရာရှိကြီးများသာ လက်မှတ်များကို လွယ်ကူစွာ ၀ယ်ယူခွင့်ရကြပြီး ခရီးသွားပြည်သူများမှာ လက်မှတ်များကို လာဘ်ထိုး၍ ၀ယ်ယူနေကြရသည်ဟု လွိုင်ကော်မှ ရန်ကုန်သို့ အမြဲ ခရီးသွားလာနေသော ခရီးသည် တဦးက ပြောသည်။

၎င်းက “လေယဉ်လက်မှတ် ရဖို့  အရောင်းကိုယ်စားလှယ်တွေကို တစ်သောင်းခွဲ ပိုပေးရတယ်။ ဟိုလိုက်ရ ဒီလိုက်ရနဲ့ အရမ်းကို ပင်ပန်းပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့သို့ သွားရောက် ဆေးကုသရန် ရှိသော လူနာများကို ဆရာဝန်၏ ထောက်ခံစာလက်မှတ် ပြရသည့်အပြင် အထက်အရာရှိများကို သွားရောက် အသနားခံပြီး အကူအညီ တောင်းရသည်ဟု ရန်ကုန်ဆေးရုံသို့ ဆေးကုသရန် သွားဖူးခဲ့သော လူနာမိသားစုဝင် တဦးကပြောသည်။

“အရာရှိတွေကဘဲ နေရာအပြည့် ယူထားတာ၊ ပိုက်ဆံ ရှိတဲ့ သူကတော့ လူကြီးတွေကိုလည်း ပိုင်ရတယ်၊ ပြီးတော့ ပုံမှန်စျေးထက် ၂ ဆ ပေးရတာပေါ့” ဟု အပစ်ရပ်အဖွဲ့မှ အရာရှိများနှင့် နီးစပ်သူ လူငယ်တဦးက ပြောသည်။

လွိုင်ကော်မြို့ရှိ မြန်မာစစ်အစိုးရပိုင် ဖေါ်ကာ F-27 လေယာဉ်ပျံသည် နိုင်ငံတကာလေလိုင်းများတွင် အသုံးမပြုသော လေယာဉ်ဟောင်း ဖြစ်သည်ဟု နိုင်ငံတကာကို လေယာဉ်ဖြင့် သွားလာလေ့ရှိသော ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။