ကရင်နီခရိုင် ၂ မှ ရွာသားများ စစ်မြေပြင်တွင် လမ်းပြအဖြစ် ပုံမှန် အသုံးပြုခံနေရ

ကရင်နီခရိုင် ၂ မှ ရွာသားများ စစ်မြေပြင်တွင် လမ်းပြအဖြစ် ပုံမှန် အသုံးပြုခံနေရ
by -
နှောင်းလှိုင်
ကရင်နီပြည် အမှတ် ၂ ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်တို့သည် စစ်အစိုးရတပ်မှ ရှေ့တန်းစစ်မြေပြင်တွင် လမ်းပြအဖြစ် အသုံးပြုနေသည့်အတွက် ရွာသားများ  နေအိမ်မှ မကြာခဏ ထွက်ပြေးပုန်းရှောင်နေ ...

ကရင်နီပြည် အမှတ် ၂ ခရိုင် အတွင်းရှိ ကျေးရွာပေါင်း ၄၀ ကျော်တို့သည် စစ်အစိုးရတပ်မှ ရှေ့တန်းစစ်မြေပြင်တွင် လမ်းပြအဖြစ် အသုံးပြုနေသည့်အတွက် ရွာသားများ  နေအိမ်မှ မကြာခဏ ထွက်ပြေးပုန်းရှောင်နေရသည်။

စစ်တပ်မှ ရွာထဲသို့ ဝင်လာပါက ရွာထဲတွင် ကျောင်းတက်နေသော ကလေးငယ်များနှင့် အဖိုးအို ၊ အဖွားအိုများသာ ကျန်ရှိပြီး လူရွယ်ကောင်း များအားလုံးမှာ စစ်တပ်များရွာထဲမှမပြန်မချင်း တောထဲတွင် ပုန်းအောင်းနေကြရသည်ဟု တောတွင်း၌ထွက်ပြေးပုန်းအောင်းနေသော အမျိုးသမီးတဦးကပြောသည်။

“လာရင်ပုံမှန်ပြေးရတယ် မပြေးရင် ပေါ်တာခေါ်တယ် သူတို့ ၂ ပတ်တခါ တလ တခါ လာတယ်  အခုလည်း သတင်းကြားရတယ် စစ်တပ်က စပါးကို လာဖျက်မယ်” ဟု အမှတ် ၂ ခရိုင်အတွင်းရှိ ဂီလိုရွာမှ အမျိုးသမီးတဦးက ပြောပါသည်။

“သူတို့က များသော အားဖြင့်က ရွာထဲကိုရောက်တယ်ဆိုရင် ရွာသားကို လမ်းပြအဖြစ်ခေါ်တယ် နောက်လမ်းပြ ပြောလို့ရတယ် တချို့က လမ်းပြဖြင့် ခေါ်ပြီးမှ သူတို့အတွက် ကမ္ဘာ တခုလိုသူတို့ သုံးတာပေါ့ အကယ်၍ ရွာသားနဲ့ ပေါင်းပြီးသွားတယ်ဆိုရင် ကျနော်တို့ ကရင်နီတွေ က သူ့ကို အရမ်းမလုပ်ရဲဘူး ဆိုတာ သူတို့ သိတယ်လေ ခေါ်တဲ့ လူတိုင်းဆိုရင် သူတို့ လမ်းပြအနေနဲ့ ခေါ်တယ် ဒါမဲ့ သူတို့ ပို့တဲ့ လမ်းက တိုက်ပွဲမဖြစ်ရဘူး တိုက်ပွဲ တစုံတရာဖြစ်ရင် အဲလူကိုအရေးယူတယ်” ဟု အမှတ် ၂ ခရိုင်တွင် ကယ်ဆယ်ရေးတာဝန်ထမ်းဆောင်နေသော ဦးဖားမူးကပြောပါသည်။

အမှတ် ၂ ခရိုင်အတွင်းရှိ ဂူဂေါ်ဘေါ် ၊ ကော်တူတိုး ၊ ထိုဒိုလေးခို ၊ လေလော်ထီး ၊ လော်ခါးလို ၅ ရွာ တို့သည် မော်ချီးအနီး ပတ်ဝန်းကျင် တွင် ရှိပြီး ပုန်းရှောင်ရန်နေရာ မရှိသည့်အတွက် သူတို့သည် လမ်းပြအနေဖြင့် အခေါ်မခံရသော်လည်း စခန်းသန့်ရှင်းရေး၊ ကားလမ်းသန့်ရှင်းရေး၊ စခန်းအတွက်လိုအပ်သည့် သစ်ဝါးများ ခုတ်ပေးခြင်းများပြုလုပ်ပေးနေရသည်ဟုဆိုသည်။

၂၀၀၄- ၂၀၀၅ ခုနှစ် တပ်မ ၅၅ လှုပ်ရှားသည့်အချိန်တွင်  ရွာသားများ တပတ်တကြိမ်ပုံမှန် ထွက်ပြေးပုန်းရှောင်နေကြရသည်။ အမှတ်၂ ခရိုင် သည် ကရင်နီပြည် ဖာဆောင်းမြို့နယ်ဖက််တွင် တည်ရှိသည်။