ကရင်နီပြည် ရှားတောမြို့နယ် ဒေါမူလဲ့ကျေးရွာအနီးတွင် စစ်အစိုးရတပ် အချင်းချင်း မှားယွင်း ပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့ မှုကြောင့် ဒေသခံပြည်သူများသည် ယနေ့အထိ တောထဲသို့ ထွက်ပြေးပုန်းအောင်းနေကြပြီး ရွာထဲသို့မပြန်လာနေထိုင်သေးကြောင်း ဒေသ ခံရွာသားတဦးက ပြောပြသည်။
ယခုသြဂုတ်လ ၁၄ ရက်နေ့မှာ ဒုဗိုလ်မှူးကြီး ဇော်အောင် ဦးဆောင်သော ခမရ ၅၇၆ စစ်ကြောင်းနှင့် ဒုရင်းမှူး ဗိုလ်မှူး ဇေယျာထွန်း ဦးဆောင်သည့် ခမရ ၁၃၂ စစ်ကြောင်း တို့သည် ဆက်သွယ်ရေး အချိတ်အဆက်ကောင်းစွာ မရသည့်အတွက် အချင်းချင်း ၁၅ မိနစ်ကြာ ပစ်ခတ်ခဲ့ရာ ပစ်ခတ်မှုကြောင့် တပ်သားတဦးကျဆုံးပြီး တဦးဒဏ်ရာ ရရှိသွားသည်။
အချင်းချင်းမှားယွင်း ပစ်ခတ်မှုကြောင့် အမျက်ဒေါသထွက်ကာ ရှားတောမြို့နယ်၊ ဒေါမူလဲ့ကျေးရွာရှိ အိမ်မွေးတိရိစ္ဆာန်များ သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ရွာသား များ ကြောက်လန့်ပြီး ထွက်ပြေး နေကြရသည်ဟု ဆိုသည်။
စစ်အစိုးရတပ် စကခ ရ လက်အောက်ခံ ခမရ ၅၇၆ တပ်သည် သြဂုတ်လ ၈ရက်နေ့တွင် ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်တို်က်ခိုက်ခဲ့ရာ တိုက်ပွဲတွင်း အကျအဆုံး များခဲ့သည်ဟု ကရင်နီပြည်ထဲရေးဌာန ဒု-တာဝန်ခံ ဘားမားနိုင်ကပြောသည်။
ခမရ ၅၇၆ သည် ရှားတောမြို့နယ်အတွင်း နယ်မြေရှင်းလင်း စစ်ဆင်ရေး တာဝန်ကျသော တပ်ရင်းများဖြစ်ပြီး ၎င်းတပ်ရင်းနှင့်အတူ အထမ်းသမား ၃၀ ဦး ပါရှိသည်ဟု ဆိုသည်။