ကရင်နီပြည် ဒီမောဆိုမြို့နယ် ငွေတောင်ဆည် တာဘောင်ပေါ်ရှိ ကားလမ်းမတွင် ၁၀ ဘီးကား သစ်လုံးတင် တန်ချိန်ကားကြီးများ ဖြတ်သန်းသွားလာမှုများပြား၍ ယိုယွင်းပျက်စီးလာပြီဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။
နှစ်ပေါင်း ၄၆ နှစ်ကတည်းက တည်ဆောက်ထားသော ၎င်းတာဘောင်သည် တနေ့ထက်တနေ့ ပျက်စီးလာသည့် အတွက်ကြောင့် ကားကြီးများ ဖြတ်သန်းသွားလာခွင့် မရတော့ဟု ဒီမောဆိုမှ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
၎င်းက “တာဘောင်မြေတွေကျွံကျကုန်လို့ ချိုင့်ခွက်ကြီးတွေဖြစ်ကုန်ပြီ ၊ ကျောက်တုံးကျောက်ခဲတွေ အနက်ကိုကျကုန်တယ်” ဟုပြောသည်။
ယခု ကားကြီးများ၊ သစ်လုံးတင်ကားကြီးများကို တာဘောင်၏ အောက်ခြေလမ်းဖြစ်သော နွားလှည်းလမ်းဖြင့် သွားနေရပြီး ၎င်းလမ်းကို ကောင်းမွန်သော ကားလမ်းအဖြစ် တည်ဆောက်ရန် စီစဉ်လျှက်ရှိကာ ယခုချိန်တွင် လုပ်ငန်းများ မစသေးကြောင်း လမ်းတံတားဆောက်လုပ်ရေးဌာနမှ ၀န်ထမ်းများနှင့် ခင်မင်ရင်းနှီးသူ တစ်ဦးကပြောသည်။
“အခုတာဘောင်လမ်းကို ဆိုင်ကယ်၊ ကားငယ်ဘဲ သွားခွင့်ပြုတယ်၊ ကားကြီးတွေကိုတော့ နွားလှည်းလမ်းကိုဘဲ သွားခိုင်းတော့ တယ်” ဟု ဆက်ပြောသည်။
၁၉၆၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး နှစ်ပေါင်းများစွာရှိ ငွေတောင်ဆည်မှာ ခိုင်ခံမှုအားနည်းလာပြီဖြစ်ကြောင်း၊ ငွေတောင်ဆည် တာတမံပါထိခိုက် လာပြီဖြစ်ကြောင်း ၎င်းဆည်ကိုစတင် တည်ဆောက်ချိန်က လုပ်အားပေးခဲ့ဖူးသော အသက်၆၅နှစ်ခန့်ရှိ ငွေတောင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
Published
Tuesday, July 14, 2009 - 15:22
ငွေတောင်ဆည် တာဘောင်ယိုယွင်း ပျက်စီးလာပြီ
ကရင်နီပြည် ဒီမောဆိုမြို့နယ် ငွေတောင်ဆည် တာဘောင်ပေါ်ရှိ ကားလမ်းမတွင် ၁၀ ဘီးကား သစ်လုံးတင် တန်ချိန်ကားကြီးများ ဖြတ်သန်းသွားလာမှုများပြား၍ ယိုယွင်းပျက်စီးလာပြီဖြစ်သည်ဟု ဒေသခံတဦးကပြော ...